ဒီလိုအခြေအနေမျိုး
တွေ့နေရမယ်ဆိုရင်တော့ ပျော်ရွှင်ချမ်းမြေ့စရာ ကောင်းတဲ့ဘဝမျိုးကို ရနိုင်ကြမှာမဟုတ်ပါဘူး။ကိုယ်နဲ့အမြဲထိတွေ့ဆက်စပ်နေတဲ့ပတ်ဝန်းကျင်ဟာသာတောင့်သာယာမရှိပဲ အဲ့ဒီပတ်ဝန်းကျင်ကကိုယ်အပေါ်မှာ
နှောက်ယှက်တာမျိုးတွေ ဖြစ်လာ ပြန်ရင်လည်းကိုယ်ဘဝအတွက် လုံခြုံစိတ်ချမှုမရှိနိုင်သလို ချမ်းမြေ့သာယာတဲ့ဘဝမျိုးကိုလည်း ရနိုင်တော့မှာမဟုတ်ပါဘူး။
ဘဝရဲ့တည်ငြိမ်တဲ့အခြေအနေမျိုးကိုရချင်ရင်တော့ နိုးကြားမှုသတိရှိမှူတွေထားဖို့ အင်မတန်မှလိုအပ်ပါတယ်။တည်ငြိမ်မှု ဖြစ်နေတဲ့အနေအထားကိုစိန်ခေါ်တဲ့ဖြစ်ရပ်ဟာ
စော်ကားမှု၊ရိုင်းပြမှုလို့ဆိုချင်ပါတယ်။ကျွန်တော်တို့အနေနဲ့အကောင်းဆုံးဆိုတာကို
လုပ်ကိုင်ဆောင်ရွက်နေတဲ့အချိန်အခါမှာတစ်စုံတစ်ယောက်ကလာပြီးတွန်းမယ်တိုက်မယ်ဆိုရင်
ယိမ်းယိုင်မှုတော့ ကြုံရမှာပါပဲ။
ကျွန်တော်တို့အနေနဲ့အကောင်းဆုံးဆိုတာကိုအခြေအနေပေါ်မူတည်ပြီး
မလုပ်ဆောင်နိုင်ကြဘူးဆိုရင်တော့ဆိုးရွားမှု တွေနဲ့ ကြုံတွေ့ ရမှာပါပဲ။တည်ငြိမ်မှုတွေပိုလာမယ်ဆိုရင်
ကျွန်တော်တို့တစ်တွေရဲ့လမ်းကြောင်းမှာတွေ့ကြုံရတဲ့ စိန်ခေါ်မှု တွေကိုအင်နဲ့အားနဲ့ ရင်ဆိုင်နိုင်စွမ်းရှိလာမှာပါ။
ရင်ထဲကနေမိုးသီးမိုးပေါက်လို လွင့်စင်သွားတဲ့သဘောမျိုးနဲ့ တူတယ်လို့လည်း ဆိုနိုင်ပါတယ်။
လူတွေရဲ့ဘဝတစ်ခုစီဟာ
အတက်အကျရှိနေတယ်လို့လည်း ဆိုနိုင် ပါတယ်။ တစ်စုံတစ်ယောက်က ချီးကျူးမှု ပြုလိုက်ရင်
လွတ်လပ် ပေါ့ပါးတဲ့ ခံစားမှုမျိုးကို ရရှိလာမှာဖြစ်ပါတယ်။
ဒီလိုတွေ့ကြုံလာတဲ့အခါမျိုးမှာအခြေအနေတစ်ခုကို ပြန်လည်စတင်ဖို့အဆင်သင့်ဖြစ် နေရပါမယ်။
အစွဲအလန်းတွေကင်းကင်းနဲ
့လုပ်ကိုင်ဆောင်ရွက်တတ်ဖို့ လိုလည်းပါတယ်။
ကိုယ့်ကိုကိုယ်ဟုတ်လှပြီ၊မှန်လှပြီလို့ထင်မြင်ယူဆပြီးဘဝင်ခိုက်နေတဲ့အနေအထားမျိုးကိုမလုပ်မိဖို့  သတိထားရပါမယ်။
"ကျွန်တော်တို့ကို တစ်စုံတစ်ယောက်က စော်ကားတိုက်ခိုက် လာခဲ့မယ်ဆိုရင်
ကိုယ့်ရဲ့အသိဥာဏ်နဲ့ ဆင်ခြင်တုံးတရားအရ ဖြေရှင်းပေးရမှာပါ။
"ဒီလိုဖြေရှင်းလိုက်တဲ့အတွက်
အဖြေတစ်ခု ပေါ်ထွက်လာမှာဖြစ်ပါတယ်။ တိုးတက်မှု့ အတွက် အဟန့် အတား အနှောက်အယှက်တွေက
ရှိလာကြမှာပါပဲ။ ဒါကိုကျွန်တော်တို့ ရင်ဆိုင်နိုင်ရပါမယ်။ အဲ့ဒီအဟန့်အတားတွေဟာ
ဖြေရှင်းချက် တစ်ခုရဖို့အတွက် စိန်ခေါ်နေလိမ့်ရှိပါတယ်။
ဒါကြောင့်ဟန့်တားမှုနဲ့
ဖြေရှင်းမှုဟာ တစ်ခါတစ်ရံ အဖော်လိုဖြစ်နေတာကို တွေ့ ရမှာပါ။ အခြေအနေတွေဟာ
ကိုယ့်ရဲ့အနီးအနားမှာ ရစ်ပတ်ပြီး နေတတ် ပါတယ်။ ကိုယ့်ရဲ့တည်ငြိမ်မှု ၊အေးချမ်းမှု
၊ပျော်ရွှင်မှုတွေကို တစ်ကြိမ်တစ်ခါလောက်လုပ်ဆောင်နိုင်မယ်ဆိုရင် ကိုယ်မလုပ်နိုင်တာ မရှိဘူးလို
့ဆိုနိုင်တော့မှာပါ။
Ref:the sun,-Accept without conditions by BridgetMenezes
No comments:
Post a Comment