ထောင်သောင်းမကသော ငှက်မျိုးပေါင်းမြောက်များစွာထဲတွင် ဤငှက်တစ်မျိုးကား
အလွန်ထူးဆန်းအံ့ဩဖွယ်ရာကောင်းလေသည်။ အကြောင်းအမျိုးမျိုးကြောင့်အဖိုသေလျှင်
အမပါလိုက်သေတတ်သကဲ့သို့  အမ သေလျှင်လည်းအဖိုကပါလိုက်သေတတ်လေသည်။
အဖိုကလည်းကောင်း၊ အမ ကလည်းကောင်းသစ္စာပျက်ယွင်းသည်ဟုသံသယဝင်ရုံနှင့်
တစ်သိုက်တစ်မြုံ အကုန်သေတတ်သည်။ ထို့ ကြောင့်ငှက်လောကတွင် ထိုငှက်မျိုးကို
သစ္စာငှက်၊ အချစ်ငှက်ဟု ခေါ်ဆိုတတ်ကြသည်။ အချစ်နှင့်ပက်သက်လာလျှင်အသက်အသေခံ၍
သစ္စာစောင့်တတ်ကြသည်၊ တခြားငှက်မျိုးလိုမျိုးတူရာ မြင်ကရာတွေ့ ကရာ အထီးအမ တို့ နှင့်
ပျော်ပါးလေ့မရှိ ၊ တစ်ကောင်နှင့်တစ်ကောင်စုံမက်မြတ်နိုး၍မိတ်လိုက်ကြပြီဆိုလျှင်လည်း
ရာသက်ပန်သက်ဆုံးတိုင်အောင်ပင် ။ အထူးအခြားဆုံးမှာအသိုက်အမြုံဖွဲ့ ခြင်းနှင့်
သားသမီး၊ဇနီးမယားအပေါ် ငှက်ဖိုထီးက ပြုစုယုယကြင်နာခြင်း၊ဂရုတစိုက်ရှိခြင်းပင်။
နွေဦးလေသည် တသွင်သွင်တိုက်ခတ်နေသည်။ ငှက်ဖိုငှက်မ နှစ်ကောင်သည် လေဟုန်စီးကာ
ကောင်းကင်ပေါ်ပျံဝဲနေကြသည်။ တောင်ထိပ်ပေါ်မှသည်တောင်ကြိုတောင်ကြား သစ်ရိုင်းပင်ကြီးများရှိရာသို့  နိမ့်ဆင်းလာကြသည်။တစ်ကောင်နှင့်တစ်ကောင်ထိုးဆိတ်ကာ
ကျီစယ်ကလူလာကြသည်။
တောင်ခြေတွင် မင်းလွင်များပြာလွင့်နေကြသည်။ မြူခိုးနှင့်မင်းလွင်ကြားတွင်သူတို့ 
ပျံသန်းမြူုးထူးနေကြသည်။ ခြောက်ကောင်၊ ခုနှစ်ကောင်မှသည် ဆယ်ကောင်၊ဆယ်နှစ်ကောင်ထိ
အုပ်ဖွဲ့ ပျံသန်းနေကြရာမှ သူတို့ နှစ်ကောင်သည် ဘယ်လိုအကြောင်းကြောင့်
အုပ်မှခွဲထွက်ပျံသန်းလာကြသည်ကိုသတိမရကြတော့။
အတောင်ညောင်းလျှင်သစ်ပင်ကြီးများပေါ်တွင်နားသည်။ဆာလောင်မွတ်သိပ်မှု့ ဖြစ်လာလျှင်
တောထဲတွင်သစ်သီးဝလံများကိုအတူရှာစားကြသည်။ သူတို့ နှစ်ကောင်သည် ထိုအချိန်မှစ၍
သွားအတူ၊လာအတူ၊စားအတူ၊ အိပ်လည်းအတူတူပင်။
ငှက်လောကတွင်သူတို့ အမျိုးလောက်သစ္စာရှိသော၊အချစ်ကြီးသောငှက်မျိုးကမရှိပေ၊ ထိုကြောင့်
ငှက်ခတ်မုဆိုးများနှင့်ဝေးလံသောတောကြီးမျက်မည်းထဲ၌သာနေတတ်ကြသည်။ ငှက်ခတ်မုဆိုးများက
ဤအချိန်တွင် အဖိုကိုလည်းကောင်း အမ ကိုလည်းကောင်း တစ်ကောင်ကောင် ကိုပစ်ခတ်သတ်ဖြတ်
သွားလျှင် ကျန်တစ်ကောင်မှာ မိုးစွန်တိမ်ညွှန့် ဖျားထိပျံတက်သွားကာ အတောင်ကိုရုတ်ချ၍
မြေပြင်ပေါ်ထိုးချ အသေခံတတ်လေသည်။
No comments:
Post a Comment