မြင်းပိုင်ရှင်လည်း မြင်းပေါ်က ကမန်းကတန်း ဆင်းသွားပြီး
ရေပေးတာပေါ့။
ဒီမှာတင် လူဆိုးက မြင်းပေါ်ခုန်တက်ပြီး
မောင်းထွက်သွားသတဲ့။
ဒီတော့ မြင်းပိုင်ရှင်က -
“ နေဦး၊ နေဦး ” လို့
မြင်းနောက်က လိုက်အော်တယ်။
လူဆိုးဟာ မြင်းကို ခေတ္တရပ်ပြီး -
“
ခင်ဗျား ဒီမြင်းကို ပြန်မရနိုင်တော့ဘူး ” လို့ အောင်ပြောလိုက်တယ်။
ဒီတော့
မြင်းပိုင်ရှင်က -
“ ကျုပ်သိပါတယ်ဗျာ။ ဒါပေမယ့် ခင်ဗျားကို
မေတ္တာရပ်ခံချင်လို့ပါ ”
မြင်းသူခိုးဟာ ခပ်လှမ်းလှမ်းမှာနေပြီး “ ဆို ”
လို့သာ အော်ပြောလိုက်တယ်။
မြင်းပိုင်ရှင်က -
“ ခင်ဗျား ကျုပ်ဆီက
မြင်းဘယ်လို ရလာလဲဆိုတာ လူတွေကိုပြန်မပြောပါနဲ့ဗျာ ” တဲ့။
ဒီတော့
မြင်းသူခိုးက “ ဘာဖြစ်လို့လဲ” လို့ပြန်မေးလိုက်တယ်..
မြင်းပိုင်ရှင်က -
“
နောက်နောင် အစာရေစာ တကယ်ငတ်ပြတ်ဒုက္ခရောက်နေသူတွေကို လူတွေက မကယ်ပဲ နေမှာစိုးလို့ပါ
” လို့ ပြန်ပြောလိုက်သတဲ့ကွယ်..ပုံပြင်လေးကတော့ ဒါပါပဲ။
ဒီပုံပြင်လေးရဲ့
အသိပညာပေးချင်တာက -
ပုံပြင်ထဲက မြင်းပိုင်ရှင်ဟာ သူရဲ့အမြတ်နိုးဆုံးမြင်းကို
အခိုးခံခဲ့ရမှု ဆုံးရှုံးမှု လှည့်ဖျားခံရမှုတွေအတွက် စိတ်ပျက်
ဝမ်းနည်းရမယ့်အစားသူအဖြစ်အပျက်ကို လူတွေသိရင် တကယ်ငတ်ပြတ်ဒုက္ခရောက်သူတွေ
ကို
နောင်တစ်ချိန်မှာ လူတွေက မကယ်မှာကို စိုးရိမ်သွားတဲ့ အများအပေါ်ထားတတ်တဲ့
ကောင်းမြတ်တဲ့ စိတ်ထားလေးကို အသိပညာပေးချင်တာပါပဲ။
တကယ်တော့ ...
လူတွေဟာ
ကိုယ့်ကိုကိုယ် အချစ်ဆုံးဖြစ်သလို ကိုယ်ဘက်ကိုပဲကြည့်တက်ကြပါတယ်။ တစ်ခြားတစ်ဖက် (
other sight ) ကနေ ခံစား
ကြည့်တတ်တဲ့သူ စာနာနားလည်ပေးနိုင်တဲ့သူ
အလွန်းနည်းပါးလှပါတယ်။
တစ်ခြားတစ်ဖက် ကနေ ...ကြည့်နိုင်/
မြင်နိုင်/တွေးနိုင်တဲ့သူများဖြစ်ကြပါစေ။
မြ၀ဏိုးစံ(စာပေဥယျာဉ်)
No comments:
Post a Comment