" တခြားသူတွေက ငါ့ကိုဘယ်လိုများ ထင်ကြမလဲ " ဆိုတဲ့ အတွေးကြောင့် သင်လုပ်ချင်တာတစ်ခုခုကို မလုပ်ဘဲ နေဖူးပါသလား။ ဒါဆိုရင်တော့ ကျနော် ပြောရဲတယ်။ သင်ဟာ ကြင်နာတတ်တဲ့သူ၊ တွေးခေါ်မြော်မြင်တတ်သူ တစ်ယောက်ပဲ။ သင်ဟာ သင့်ပတ်ဝန်းကျင်ကလူတွေကို ပျော်ရွှင်စေချင်တယ်၊ ပြီးတော့ (လူ့သဘာဝအရ) သင်နဲ့ပတ်သက်လို့လည်း အကောင်းပဲ တွေးစေချင်တယ်။ ဒါနဲ့ပတ်သက်လို့ အားလုံးပုံမှန်ပါပဲ။
ဒါဟာ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုပါ။ ကောင်းတဲ့အရာပါ။ ဒါပေမဲ့ ဒီထက်ပိုပြီး စဉ်းစားကြည့်မယ်ဆိုရင် … သင်ဟာ အမြဲတမ်းလိုလို သင့်သူငယ်ချင်းတွေ၊ မိသားစု၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ (လမ်းထဲက သူစိမ်းတွေတောင်) သင့်ကို ဘယ်လိုထင်မြင်ယူဆကြမလဲဆိုတာ တွေးနေမယ်ဆိုရင်တော့ သင့်ရဲ့ ခွန်အားတွေကို စိုးရိမ်ပူပန်တဲ့နေရာမှာ အများကြီး သုံးမိနေပါပြီ။ ဒါဆိုရင် သင်အမှန်တကယ်လုပ်ချင်တဲ့ အရာတွေကို လုပ်မိတော့မှာ မဟုတ်ပါဘူး။ သူများတွေ ဘယ်လိုထင်မလဲဆိုတာကို စိုးရိမ်တတ်တဲ့အကျင့်ဟာ ဖျောက်ရခက်ပါတယ်။ ဒါပေမဲ့ အောက်ပါနည်းလမ်းတွေက သင့်ကို ကူညီပါ့လိမ့်မယ်။
No comments:
Post a Comment