စုဆောင်းရှာဖွေထားသမျှပြန်လည်ဝေမျှပါသည်...ဗဟုသုတတိုးပွားနိုင်ကြပါစေဗျာ

"ဆေးမင်းရည်လွယ်လွယ်ပြယ်ချေပြီလား"

9:04 PM |
















“မင်းနဲ့ခဏကို တစ်ဘ၀လို့ ထင်ခဲ့တဲ့ငါ မလှည့်စားနဲ့... ဒီရင်ဘတ်ကြီးတစ်ခုလုံးက စက်ရုပ်မဟုတ်တာ ထိန်းချုပ်လိုက်လို့ ရပ်တန့် မရနိုင်ဘူး....”
ဘ၀တစ်ခုလုံး ပုံအောချစ်ခဲ့သော မိန်းကလေး၏ အခြားအမျိုးသားနှင့် ဖောက်ပြန်မှုကို ခံစားရေးဖွဲ့ထားသော အဆိုတော်ယုန်လေး၏ အင်တာနက် စာမျက်နှာပေါ်မှ“မိုက်မဲခြင်း”အမည်ရှိ တေး သီချင်း၏ စာသားအချို့ဖြစ်သည်။

ထိုသီချင်းစာသားအတိုင်းပင် ကိုဝေဇင်တစ်ယောက် အလူးအလဲခံစားခဲ့ရသည်။

မိသားစုဘ၀ ရှေ့ရေးအတွက် ပြည်ပတွင် ငါးနှစ်ကျော်အလုပ် သွားလုပ်ပြီးရန်ကုန်သို့ ပြန် ရောက်ချိန်မှာ
တော့ သူအလွန်ချစ်မြတ်နိုးရသော ချစ်ဇနီးမှာ ရှာဖွေစုဆောင်း ထားသော ပစ္စည်း ဥစ္စာများကို ရောင်းချ
ပြီးခြောက်နှစ်သားအရွယ်သားငယ်ကိုခေါ်၍ အခြားယောက်ျားတစ်ယောက်နှင့်အတူ သူ့ဘ၀ထဲမှပျောက်
ကွယ်သွားခဲ့သည်။


Read More

" သူငယ်ချင်း(၈)မျိုး "

8:35 PM |















(၁) ဆရာနဲ့တူတဲ့ သူငယ်ချင်း

သူတို့က သင့်ကောင်းကွက်တွေ သင်ကိုယ်တိုင် သိမြင်နိုင်ဖို့ သင့်ကိုအမြဲကူညီအားပေးတယ်။ ဒီလို သူငယ်
ချင်းမျိုးကို ဆရာအမျိုးအစားလို့ခေါ်တယ်။ သူတို့ကသင့်ရဲ့ဆရာဖြစ်ချင်မှဖြစ်မယ်။ ဒါပေမဲ့ သူတို့မှာအခြား
ဗဟုသုတ၊ အတွေ့အကြုံတွေနဲ့ ပြည့်စုံတယ်။ သင့်ရဲ့အလုပ်အကိုင်၊ မိသားစု၊ လူလူချင်း ပေါင်းသင်းဆက်
ဆံရေးတွေမှာ သူတို့က သင့်ကို အကြံဉာဏ်တွေပေးနိုင်တယ်။ လူ့ဘဝမှာ ဒီလိုသူငယ်ချင်းမျိုးက သင့်စိတ်
ကို ထောက်ကူပေးတဲ့သူဖြစ်တယ်။ သူတို့ဟာ သင့်အနားမှာ အမြဲရှိနေပြီး သင်အတုယူထိုက်သူလည်းဖြစ်
တယ်။

Read More

" သတိထားရန်ရောဂါ"

9:09 AM |






phoneယနေ့က လူတော်တော်များများ မိုဘိုင်းဖုန်း ကိုင်ပြီဆိုတော့ မိုဘိုင်းဖုန်းနဲ့ ပက်သက်တဲ့ ရောဂါ
အကြောင်းလေး ပြောရတာပေါ့။ ပထမ စပြောချင်တာက စိတ်ရောဂါလေးပါ။ ဖုန်းမရှိရင်မနေနိုင်တဲ့ စိတ်ရောဂါလေးပေါ့။

သူငယ်ချင်း တစ်ယောက်ရှိတယ်။ ထိုင်နေရင်း အသံတစ်ခုခု ကြားရင် သူ့ဖုန်းချည်း ထင်နေတယ်။ မဟုတ်ရင်တောင် ဘယ်သူ့ဖုန်းလည်း လို့ တောင် သူက ထထမေးတတ်တယ်။ သူနဲ့ ခင်မင်မှု သိပ်မရှိတဲ့ လူတွေနဲ့တွေ့ဆုံတဲ့အခါ သို့မဟုတ် လူကြီးတွေနဲ့ တွေ့ခဲ့ အခါ အရှက်ပြေ ကိုင်စရာ တစ်ခု အနေနဲ့ ဖုန်းကို ထုတ်ထုတ် ကလိပါတယ် ဘာရယ်လို့လည်း မဟုတ်ပါဘူး ဖုန်း Screen က App စာမျက်နှာကို ဟိုပြောင်း

ဒီပြောင်းလုပ်၊ Phone Log ကိုကြည့်၊ Message ကိုဝင်ကြည့်။ ကြာတော့လည်း ပြောစရာ ဖြစ်လာ တာ
ပေါ့။

တစ်နေ့ အိမ်မှာ အလုပ်လုပ်ရင်း လာအိပ်ဖြစ်တော့လဲ မအိပ်ခင် ဖုန်း မျက်နှာပြင် တစ်ကြည့်ကြည့်၊ ဖုန်း

ကိုလည်း လက်နဲ့ လှမ်းကောက်လို့ အနီးဆုံး ခေါင်းအုံးဘေးမှာ ထားအိပ်ရှာပါတယ်။ ကိုယ်တောင် သူ
ဖုန်းကလိတာ တွေ့တိုင်း ကိုယ့်ဖုန်းကိုယ် ကလိချင်စိတ်ပေါ်ပြီး ကလိမိပါသေးရဲ့ ။ ဒါကလည်း ချောင်းဆိုး
ရင် တစ်ယောက် လိုက်ဆိုး သလိုပဲ တစ်ယောက်က ဖုန်းကလိတာတွေ့ရင် လိုက်ကလိနေချင်တာမျိုးက အများအားဖြင့် ဖြစ်တတ်ပါတယ်။

Read More

" ဒေါသကိုဘယ်လိုပယ်မလဲ "

8:39 AM |




















ဒီမေးခွန်းရဲ့ အဖြေကို စာရေးသူ ကိုယ်တိုင်လည်း သိပ်သိချင်နေတာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ တစ်ခါ
တစ်လေ ဒေါသ ဖြစ်မိတဲ့အခါ ရင်ထဲက "ဒုတ်. ဒုတ်" ဒုတ် ဒုတ်"နဲ့ အိပ်မပျှော်တော့ပါ ဘူး။ ဒေါသဖြစ်
တာထက် အိပ်မပျော်တာက ပိုတောင် စိတ်ဆင်းရဲရပါတယ်။ အဲဒီ အိပ်မပျော် တာ တစ်ချက်နဲ့တင် ဒေါ
သမဖြစ်ချင် တာပါ။ မဖြစ်ချင်ပေမယ့် ဖြစ်နရတုန်းပါ။ အနာဂါမ် မဖြစ် သရွေ့တော့ ဖြစ်နေရဦးမှာပါ။

ဒါကြောင့် ဒေါသကို ဘယ်လို ပယ်ရမလဲ ဆိုတာကို သိပ်သိချင်တာပါ။


Read More

" Flash Song "

10:48 PM |



"မင်းအနားမှာ"


 
 
 

"နေညိုရင်"




လွမ်းတဲ့ ရက်တွေအကြောင်း



"မင်းရဲ့ အနားမှာ"


Read More

" အိုသွားတဲ့ တစ်နေ့ "

12:49 AM |
















"ကလေးရဲ့ ပထမဆုံး သွားတစ်ချောင်းက တစ်နှစ်နဲ့ ဘယ်နှစ်လမှာ
ပေါက်တယ်ဆိုတာကို မှတ်မိနေပြီး မိဘရဲ့ နောက်ဆုံးသွားတစ်ချောင်း
ဘယ်အချိန်မှာ ကျိုးသွားသလဲ ဆိုတာကိုတော့ မေ့နေတတ်တယ်"


ဆေးရုံတစ်ရုံရဲ့ အ၀င်ဝမှာ ရေးကပ်ထားတဲ့ ပိုစတာလေးကို မြင်မှာ
ကျွန်မအသိစိတ်တွေ နှိုးထလာတယ်။ အခုခတ်က ငယ်ရွယ်တဲ့ အိမ်ထောင်သည်တွေ
ကိုယ်တိုင်ဝမ်းနာပြီး မွေးထွက်လာတဲ့ ကလေးတွေကိုပဲ ဂရုစိုက်တတ်ကြတယ်။
ကိုယ့်ကိုလည်း အမေ၀မ်းနာပြီး မွေးထွက်လာခဲ့တယ် ဆိုတာကို မေ့နေတတ်ကြတယ်။

စနေနေ့ မနက် အိပ်ရာပေါ်မှာ ဇိမ်နဲ့နှပ်နေတုန်း ဖုန်းသံကြောင့် ကျွန်မ
အိပ်မက်က လန့်နှိုးလာခဲ့တယ်။ အမေဆီက ဖုန်းပါ။ ကလေးတွေခေါ်ပြီး အမေ့အိမ်မှာ
နေ့လယ်စာ သွားစားဖို့ ဆက်လိုက်တာဖြစ်တယ်။


"ကလေးတွေကို မက်ဒေါ်နယ်သွားစားဖို့ ပြောထားပြီးပြီ အမေရဲ့"


"အဲဒီပိုက်ဆံကို ချွေသာလိုက်ပါ သမီးရယ်... ကားမောင်းလာရင် ၁၀မိနစ်ထဲပါ"


အမေက မရမက တောင်းဆိုနေတယ်။ ကလေးတွေက အမေချက်တာကို စားချင်မှာ မဟုတ်ဘူး။
ဟမ်ဘာဂါပဲ စားချင်ကြမှာပဲလို့ ကျွန်မ တွေးလိုက်မိတယ်။


Read More

"အလံများ၏သမိုင်း"

12:07 AM |



လူ့ယဉ်ကျေးမှုများ စတင်ပေါ်ပေါက်လာစဉ်မှစ၍ ကမ္ဘာအရပ်ရပ်မှာ အလံသဘောဆောင်သော အမှတ်အသား အဖြစ်၊ လွှင့်ထူသူတို့၏ ရည်ရွယ်ချက်နှင့် သင့်လျော်သည့် ကျေးငှက်တိရိစ္ဆာန်တို့၏ ရုပ်တု စသောအရာဝတ္တု များကို အသုံးပြုခဲ့ကြသည်။ နောင်တွင် အလံကို ပုံပန်းသဏ္ဌာန် အရွယ်အစားအမျိုးမျိုး၊ အခေါ်အဝေါ် အသုံးအနှုန်း အဆင့်ဆင့် ပြောင်းလျက် သုံးစွဲလာခဲ့ကြသည်။ တံခွန်၊ ကုက္ကား၊ မုလေးပွား၊ ကြက်လျှာ စသည်တို့သည် အလံများ၏ ရှေ့ပြေးဟု ဆိုရပေမည်။ တံခွန်၊ ကုက္ကား၊ မုလေးပွား၊ ကြက်လျှာများသည် ဂေါတမမြတ်စွာဘုရား လက်ထက်ကပင် စတင်အသုံးပြုခခဲ့ကြသည်။ တံခွန်၊ ကြက်လျှာတို့ကို အခြေပြု မြစ်ဖျားခံ၍ တစ်စတစ်စဖြင့် မျက်မှောက်ခေတ်အလံများကို ကျယ်ပြန့်စွာ သုံးစွဲလာခဲ့ ကြသည်။

Read More

" အားလုံးကိုဖတ်စေချင်သောစာစုလေး "

9:48 AM |






















(၁) တကယ်လို့ ကိုယ့်ကိုအဖော်ပြုပေးသူမရှိတဲ့
အခါ တစ်ယောက်တည်း
သီချင်းနားထောင်ပါ၊ စာဖတ်ပါ၊ စာရေးပါ။ ဒါဟာ ကောင်းတဲ့အကျင့်ဖြစ်တယ်။


(၂) တကယ်လို့ တစ်ယောက်တည်း အထီးကျန်ဝမ်းနည်းတဲ့အခါ ထောင့်တစ်နေရာမှာ
ဒါမှမဟုတ် စောင်ခေါင်းမြီးခြုံပြီး ငိုလိုက်ပါ။ တခြားလူရဲ့နှစ်သိမ့်မှုတွေ
မလိုပါဘူး။ ငိုပြီးတာနဲ့ စိတ်တွေလန်းဆန်းလာလိမ့်မယ်။

(၃) စိတ်ထိခိုက်တဲ့အခါ ယုံကြည်ရတဲ့သူငယ်ချင်းကို ရင်ဖွင့်ပါ။
တစ်ယောက်တည်း စိတ်ညစ်စရာတွေကို ရင်ထဲသိုဝှက်ထားရင် ကိုယ့်ကိုယ်ပိုပြီး
စိတ်ထိခိုက်စေတယ်။

(၄) မပျော်ရွှင်တဲ့အချိန်မှာ ကောင်းကင်ပြာကို မော်ကြည့်ပါ။ ကြယ်တွေကို
ရေတွက်ပါ။ အပြောကျယ်တဲ့ကောင်းကင်မှာ ကိုယ်နဲ့သက်ဆိုင်တဲ့
အချစ်တစ်ခုတော့ရှိလိမ့်မယ်။ "ငါ မဆိုးဘူး" ဆိုပြီး ကိုယ့်ကိုယ်
ယုံကြည်မှုတစ်ခုတော့ပေးပါ။

(၅) မိသားစုအပါအဝင် ကိုယ်နှစ်သက်တဲ့သူရဲ့ မွေးနေ့ကိုမှတ်ထားပါ။
ကိုယ့်မွေးနေ့ကိုလည်း မှတ်ထားပါ။ မွေးနေ့မှာ လက်ဆောင်ပေးသူမရှိရင်
ဝမ်းမနည်းပါနဲ့။ လှပတဲ့လက်ဆောင်တွေဝယ်ပြီး အဖေ၊ အမေကို ပေးနိုင်ပါတယ်။

(၆) အားလပ်ချိန်မှာ ငြိမ့်ညောင်းတဲ့ သီချင်းလေးတွေ နားထောင်ပါ၊
စာကောင်းလေးတွေရှာဖတ်ပါ။ ခဏတာ အိပ်စက်ပါ။

(၇) အခုချိန်ကစပြီး ထက်မြက်သူဖြစ်ပါစေ။ ငါ့ကိုလွမ်းလား? ချစ်လားလို့
တစ်ဘက်သားကို သွားမမေ့ပါနဲ့။ တကယ်လို့ သူလွမ်းရင်၊ သူချစ်ရင်
သူဘာသာသူပြောလိမ့်မယ်။ ကိုယ်သွားမေးနေရင် သူဘဝင်မြင့်သွားလိမ့်မယ်။


Read More

" ဘဝနဲ့ ယောက်သွား "

9:04 AM |















ငယ်ငယ်တုန်းက အမေဝယ်ခဲ့တဲ့"ယောက်သွား"တွေ ကောင်းမကောင်း စစ်ဆေးရွေးချယ်ရတဲ့အလုပ်ကို ကျွန်မအရမ်းနှစ်သက်ခဲ့တယ်။ အပြင်ပန်းလှပြီး အထဲပုပ်တဲ့ယောက်သွား တစ်ကောင်တလေပါခဲ့ရင် လတ်ဆတ်တဲ့ယောက်သွားနဲ့ ချက်ထားတဲ့ဟင်းရည်တွေ တစ်အိုးလုံး သွန်လိုက်ရတတ်တယ်။ ဒါကြောင့် ယောက်သွားရွေးချိန် ကျွန်မဂရုတစိုက်နဲ့ အာရုံစိုက်ပြီး စိတ်ပါလက်ပါရွေးခဲ့တယ်။

...
ယောက်သွားရွေးပုံက လက်တစ်ဘက်တစ်ချက်စီမှာ ယောက်သွားတစ်ကောင်စီကို ယူပြီး အချင်းချင်း ခေါက်ကြည့်တာဖြစ်တယ်။ ခေါက်တဲ့အသံကျစ်နေရင် ယောက်သွားလတ်ဆတ်ပြီး အသံပွနေရင်၊ ကြောင်နေရင် ယောက်သွားခွံဘယ်လောက်ပဲ တင်းတင်းစေ့ထားပါစေ အထဲကပုပ်နေတတ်ပါတယ်။


Read More

" ဝက်သားတုတ်ထိုး လုပ်နည်း "

8:02 AM |



ဝက်သားတုတ်ထိုး လုပ်နည်း
▬▬▬▬▬▬▬▬▬▬▬
ဝက်သားတုတ်ထိုး လုပ်ရန်အတွက် အူမကြီး၊အူချို၊ အူပိတ်၊အသည်း၊ကျောက်ကပ်၊နှလုံး၊နားရွက်၊ဝက်ပါး၊မျက်လုံး၊ လျှာ အားလုံးတို့ကို မကျည်းသီးမှည့် အနည်းငယ်ဖြင့် ရေအထပ်ထပ်ဆေးထားပါ။

ဝက်သားတုတ်ထိုးထဲမှာ ဝက်အူပိတ်က စားရတာအရသာရှိပြီး လုပ်နည်းက အနည်းငယ်လက်ဝင်ပါတယ်။အထပ်ထပ် အရစ် လေးတွေဖြစ် အောင် အူပိတ်ကို အတွင်းဖက်သို့လှန်ကာ ရှာလကာရည်ဖြင့် ရေသေချာဆေးပါ။ရေဆေးရာ၌ ရှာလကာရည်များ များသွားလျှင် ဝက်အူများပေါက်ပြဲတက်ပါသည်။အနည်းငယ်သာ သုံးပါ။
အတွင်းသားကို အပြင်ဖက်သို့ နှစ်ထပ်ဖြစ်သည်အထိ ပြန်လှန်ပြီး အတွင်းထဲကို ထိုးထည့်ပေးရပါတယ်။ ဥပမာ ၁၀ လက်မလောက်ရှိတဲ့ အူပိတ်ဟာ အတွင်းဘက်ကနေ အပြင်ဘက်ကိုပြန်လှန်သည့် အတွက်နှစ်ထပ်ဖြစ်ကာ ၅ လက်မလောက်ပဲ အရှည်ရှိပါတော့တယ်။

ချက်မည့် အိုးထဲသို့ဆီပါတယ် ဆိုရုံသာထည့် ပါ။ သကြားကို ဝက်ကလီစားများပေါ် မူတည်ပြီး အချိန်အဆမှန်း၍ အသင့်အတင့်ကို ကြော်ပါ။ ကျောက်ကပ်မှလွဲ၍ ကျန်ကလီဇာများ အားလုံးကိုထည့် ပြီးကြော်ပေးပါ။ နှံ့အောင်မွှေပြီးလျှင် ဓားပြားရိုက်ထားသော ဂျင်း၊ကြက်သွန်ဖြူ နှင့် ရေ၊ဆား၊ပဲငံပြာရည်အပျစ်၊နာနတ်ပွင့် အသင့်အတင့် ထည့်ပြီး နူးအောင်တည်ထားပါ။ ပြုတ်လျှင် ရှာလကာရည်ထည့် စရာမလိုပါ။ နူးပြဲကုန်ပါ လိမ့် မည်။

အုန်းစိမ်းရေ အနည်းငယ် ထည့်လျှင် ဝက်အူပိတ်၊အူချို နှင့်ကလီဇာများ ပျော့အိအိမဖြစ်ပဲ တောင့်တောင့် တင်းတင်းလေးဖြစ်ကာ ဝက်အညှီနံ့ကိုလုံးဝပျောက်ပါတယ်။ အရသာလည်း ကွာပါတယ်။အုန်းစိမ်းရေ မထည့် လျှင် ဝက်အူပိတ်၊အူချိုများ ပျော့အိအိဖြစ်ပြီး စားမကောင်းဖြစ်တက်ပါတယ်။

ဓားပြားရိုက်ထားသော ဂျင်း၊ကြက်သွန်ဖြူ နှင့် ရေ၊ဆား၊ပဲငံပြာရည်အပျစ်၊နာနတ်ပွင့်တို့ဖြင့် ကျောက်ကပ်ကို သက်သက်ခွဲပြီး ကျက်အောင် ပြုတ်ပါ။ ပြုတ်ပြီးသား ကြက်ဥများကို ပွက်ပွက်ဆူနေသော ဝက်သားတုတ်ထိုးအိုးထဲသို့ အခွံခွါ၍ မိနစ်အနည်းငယ်ခန့်ထည့်ပြုတ်ပြီး ပြန်ဆယ်ထားပါ။ ဝက်ကလီဇာများအားလုံး နူးလျှင် ကြိုက်နှစ်သက်သလို လှီး၍ တုတ်ထိုးအချဉ်ချဉ် ရည်လေးဖြင့်တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်ရှင်။

အချဉ်ရည်

မကျည်းသီးမှည့် ကိုရေနွေးဖြင့် ၁ နာရီလောက်ကြိုစိမ်ထားပါ။ မကျည်းရည်ထဲသို့ ငံပြာရည်၊ငရုတ်ဆီအချဉ် ထည့်
ပါ။ ထန်းညက်ခဲ အသင့်အတင့်ကို ရေနွေးဖြင့်ကျိုပြီး ထည့်ပါ။ညက်အောင် ထောင်းထားသော ဂျင်း၊ကြက်သွန်ဖြူ၊ငရုတ်သီးစိမ်း၊ငရုတ်သီးအရောင်တင်မှုန့်၊နံနံပင် တို့ကိုမကျည်းရည်ထဲသို့ နှံ့အောင် ရောမွှေပေးပါ။ အပေါ့အငံမြည်းကြည့်ပြီး လိုအပ်မှ ဆားထည့်ပါ။

ဒေါ်ပု လက်ရာ

ဝက်သားတုတ်ထိုး လုပ်ရန်အတွက် အူမကြီး၊ အူချို၊ အူပိတ်၊ အသည်း ၊ကျောက်ကပ် ၊နှလုံး၊နားရွက်၊ ဝက်ပါး၊ မျက်လုံး၊ လျှာ အားလုံးတို့ကို မကျည်းသီးမှည့် အနည်းငယ်ဖြင့် ရေအထပ်ထပ်ဆေးထားပါ။

ဝက်သားတုတ်ထိုးထဲမှာ ဝက်အူပိတ်က စားရတာအရသာရှိပြီး လုပ်နည်းက အနည်းငယ်လက်ဝင်ပါတယ်။အထပ်ထပ် အရစ် လေးတွေဖြစ် အောင် အူပိတ်ကို အတွင်းဖက်သို့လှန်ကာ ရှာလကာရည်ဖြင့် ရေသေချာဆေးပါ။ရေဆေးရာ၌ ရှာလကာရည်များ များသွားလျှင် ဝက်အူများပေါက်ပြဲတက်ပါသည်။အနည်းငယ်သာ သုံးပါ။
အတွင်းသားကို အပြင်ဖက်သို့ နှစ်ထပ်ဖြစ်သည်အထိ ပြန်လှန်ပြီး အတွင်းထဲကို ထိုးထည့်ပေးရပါတယ်။ ဥပမာ ၁၀ လက်မလောက်ရှိတဲ့ အူပိတ်ဟာ အတွင်းဘက်ကနေ အပြင်ဘက်ကိုပြန်လှန်သည့် အတွက်နှစ်ထပ်ဖြစ်ကာ ၅ လက်မလောက်ပဲ အရှည်ရှိပါတော့တယ်။

ချက်မည့် အိုးထဲသို့ဆီပါတယ် ဆိုရုံသာထည့် ပါ။ သကြားကို ဝက်ကလီစားများပေါ် မူတည်ပြီး အချိန်အဆမှန်း၍ အသင့်အတင့်ကို ကြော်ပါ။ ကျောက်ကပ်မှလွဲ၍ ကျန်ကလီဇာများ အားလုံးကိုထည့် ပြီးကြော်ပေးပါ။ နှံ့အောင်မွှေပြီးလျှင် ဓားပြားရိုက်ထားသော ဂျင်း၊ကြက်သွန်ဖြူ နှင့် ရေ၊ဆား၊ပဲငံပြာရည်အပျစ်၊နာနတ်ပွ
င့် အသင့်အတင့် ထည့်ပြီး နူးအောင်တည်ထားပါ။ ပြုတ်လျှင် ရှာလကာရည်ထည့် စရာမလိုပါ။ နူးပြဲကုန်ပါ လိမ့် မည်။

အုန်းစိမ်းရေ အနည်းငယ် ထည့်လျှင် ဝက်အူပိတ်၊အူချို နှင့်ကလီဇာများ ပျော့အိအိမဖြစ်ပဲ တောင့်တောင့် တင်းတင်းလေးဖြစ်ကာ ဝက်အညှီနံ့ကိုလုံးဝပျောက်ပါတယ်။
အရသာလည်း ကွာပါတယ်။အုန်းစိမ်းရေ မထည့် လျှင် ဝက်အူပိတ်၊အူချိုများ ပျော့အိအိဖြစ်ပြီး စားမကောင်းဖြစ်တက်ပါတယ်။

ဓားပြားရိုက်ထားသော ဂျင်း၊ကြက်သွန်ဖြူ နှင့် ရေ၊ဆား၊ပဲငံပြာရည်အပျစ်၊နာနတ်ပွ
င့်တို့ဖြင့် ကျောက်ကပ်ကို သက်သက်ခွဲပြီး ကျက်အောင် ပြုတ်ပါ။ ပြုတ်ပြီးသား ကြက်ဥများကို ပွက်ပွက်ဆူနေသော ဝက်သားတုတ်ထိုးအိုးထဲသို့ အခွံခွါ၍ မိနစ်အနည်းငယ်ခန့်ထည့်ပြုတ်ပြီး ပြန်ဆယ်ထားပါ။ ဝက်ကလီဇာများအားလုံး နူးလျှင် ကြိုက်နှစ်သက်သလို လှီး၍ တုတ်ထိုးအချဉ်ချဉ် ရည်လေးဖြင့်တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်ရှင်။

အချဉ်ရည်

မကျည်းသီးမှည့် ကိုရေနွေးဖြင့် ၁ နာရီလောက်ကြိုစိမ်ထားပါ။ မကျည်းရည်ထဲသို့ ငံပြာရည်၊ငရုတ်ဆီအချဉ် ထည့်
ပါ။ ထန်းညက်ခဲ အသင့်အတင့်ကို ရေနွေးဖြင့်ကျိုပြီး ထည့်ပါ။ညက်အောင် ထောင်းထားသော ဂျင်း၊ကြက်သွန်ဖြူ၊ငရုတ်သီးစိမ
်း၊ငရုတ်သီးအရောင်တင်မှုန့်၊နံနံပင် တို့ကိုမကျည်းရည်ထဲသို့ နှံ့အောင် ရောမွှေပေးပါ။ အပေါ့အငံမြည်းကြည့်ပြီး လိုအပ်မှ ဆားထည့်ပါ။

ဒေါ်ပု လက်ရာ

Myanmar Journal
Read More

"အိမ်း....ပြင်ထိုင်ရမယ့်အထဲမှာ...သမီးကအဓိက"

7:30 AM |
















 ယနေ့ မျိုးစောင့် ဥပဒေနဲ့ပတ်လို့ facebook ကသူငယ်ချင်းတွေ အထူးအားဖြင့် အမျိုးသမီးတွေ ပွစိပွစိ ဖြစ်နေတာ ဖတ်ရတော့ ငယ်ငယ်က အမေပြောဖူးတဲ့ ပုံပြင်ကလေးကို သတိရမိတယ်။
ဟို.. ရှေးရှေးတုန်းက ရွာတစ်ရွာမှာ လိမ္မာယဉ်ကျေးတဲ့ မိသားစုလေးတစ်ခုရှိခဲ့တယ်။ အဲဒီမိသားစုလေးမှာ ဘားပဲလုပ်လုပ် အားလုံး စိတ်တူ ကိုယ်တူ ညီညီညွတ်ညွတ်လုပ်ကြတဲ့။
တစ်ခုသော ဆောင်းတွင်းမှာ သူတို့မိသားစုလေး အိမ်ဝိုင်းထဲမှာ ဖိုကာ မီးလှုံကြတယ်။
မီးလှုံတာကတော့ ၊ အေးလွန်းတဲ့ ဆောင်းရာသီ တောရွာဓလေ့ဖြစ်ပါတယ်။

Read More

Related Posts Plugin for WordPress, Blogger...