စုဆောင်းရှာဖွေထားသမျှပြန်လည်ဝေမျှပါသည်...ဗဟုသုတတိုးပွားနိုင်ကြပါစေဗျာ

"တန်ဖိုးရှိတဲ့ စာပေလေးပါ"

12:02 AM |



သူငယ်ချင်းမင်္ဂလာဆောင်တစ်ခုမှာ အခမ်းအနားမှူးက ၁၀၀၀ ကျပ်တန် တစ်ရွက်ထုတ်ပြီး မင်္ဂလာဆောင် အခမ်းအနားလာတဲ့ ပရိသတ်ကိုမေးတယ်… လိုချင်တဲ့လူ လက်ညိုးထောင်ပါ…
အားလုံးစိတ်ထဲမှာ ထင်နေကြတာက ဒါ အခမ်းအနားမှူးက လူကို စချင်တဲ့ အကြံအစည်ဘဲ ဖြစ်ရမယ်ဆိုပြီး ဘယ်သူမှ စကားမပြောကြဘူး…

အခမ်းအနားမှူးက ထပ်ပြောတယ်… ကျနော်တကယ်ပြောတာပါ… လိုချင်တဲ့လူ လက်ညိုးထောင်ပါ…

နောက်ဆုံးတော့ လူတစ်ယောက်က စပြီး လက်ညိုးထောင်လာတယ်… နောက်ပိုင်း လူတွေတော်တော်များများ လက်ညိုးလိုက်ထောင်လာကြတယ်…
အခမ်းအနားမှူးက လူအားလုံးကို ကြည့်ပြီးတော့ ဟောင်းနွမ်းနေတဲ့ ၁၀၀၀တန်နဲ့ လဲလိုက်တယ်…
လက်ညိုးထောင်ထားတဲ့ အရေအတွက် သိသိသာသာ နည်းသွားတာကို တွေ့လိုက်ရတယ်…

အခမ်းအနားမှူးက ရယ်ပြီး နောက်ထပ် ပိုပြီး ဟောင်းနွမ်းတွန့်ကြေနေပြီး နည်းနည်းစုတ်နေတဲ့ ၁၀၀၀တန်ကို ထုတ်လာတော့ လက်ညိုးထောင်ထားတဲ့လူက သိပ်မရှိတော့သလောက်ဘဲ…
အခမ်းအနားမှူးက လက်ညိုးထောင်ထားတဲ့ထဲက ကောင်လေးတစ်ယောက်ကို စင်ပေါ်ခေါ်ပြီး ၁၀၀၀ တန်ကို သူ့လက်ထဲ ထည့်လိုက်ပြီး… သူက တောက်လျှောက် လက်ညိုးထောင်နေလို့ပါ ဆိုပြီးပြောလိုက်တယ်…

အောက်က ပရိသတ်တွေရဲ့ ရယ်မောသံကို ကြားလိုက်ရတယ်…
ကောင်လေးရဲ့မျက်နှာကလဲ နီမြန်းလာတယ်…
အခမ်းအနားမှူးက လက်ပြပြီး အားလုံးငြိမ်သက်ပေးဖို့ ပြောတယ်…
တစ်ထောင်တန် အသစ်လေးကို ထုတ်ပြီး ကောင်လေးကိုပြောတယ်…
ငါ့ရဲ့ ဒီ အသစ်လေးနဲ့ မင်းရဲ့ အဟောင်းကို လဲ လိုက်မယ်လေ… ရလား?

ကောင်လေးက ပြန်ပြောတယ်…
ရပါတယ် ဦး… ကျေးဇူးပါ…
အသစ်နဲ့ အဟောင်းက အတူတူပါဘဲ…

အခမ်းအနားမှူးက ခေါင်းငြိမ့်ပြီး ကောင်လေးကို ပိုက်ဆံယူပြီး အောက်ကို ဆင်းသွားစေတယ်…
အခမ်းအနားမှူးက သတို့သားနဲ့ သတို့သမီးတို့ကို လက်တွဲပြီး စင်ပေါ်တက်လာခိုင်းပြီးပြောတ
ယ်…
ဘယ်လောက်ထိ လှပနေတဲ့ အလှဘဲ ဖြစ်ပါစေ… ဆုံးပါးသွားတဲ့တစ်နေ့တော့ရှ
ိမှာဘဲ…
ဘယ်လောက်ထိ ရိုမန်းတစ်ဆန်နေတဲ့ အချစ်ဘဲ ဖြစ်ပါစေ… ဘ၀ရဲ့ပြောင်းလဲ မှုကို လိုက်ပြီး ပြောင်းလဲမှုတွေရှိနိုင်ပါတယ
်…
ခုဏက ကျနော့လက်ထဲ က ပိုက်ဆံလိုပါဘဲ…
အချိန်ကုန်ဆုံးမှုတွေနဲ့လိုက
်ပြီး ဟောင်းသွားတယ်… နွမ်းသွားတယ်…
ဒါပေမဲ့ ဟို ကောင်လေးလေး ပြောသလိုပါဘဲ… အဟောင်းရော် အသစ်ရော် တစ်ထောင်တန်ဟာ တစ်ထောင်တန်ပါဘဲ…
သူ့ရဲ့တန်ဖိုးဟာ တွန့်ကြေနေလို့ ပြောင်းလဲ မသွားနိုင်ဘူး မဟုတ်လား…
အချစ်ရဲ့ တန်ဖိုးနဲ့ အနှစ်သာရကို မင်္ဂလာမောင်နှံတို့ နားလည်ပေးစေချင်ပါတယ်…
အိုမင်းသွားတဲ့တစ်ချိန်… စိတ်လှုပ်ရှားမှုတွေ ငြိမ်းအေးသွားတဲ့အချိန်မှာ တစ်ချိန်က ပြောခဲ့တဲ့… “တစ်သက်လုံးလက်တွဲသွားမယ်…”
ဆိုတဲ့ ကတိစကားကို မမေ့ပစ်လိုက်ပါနဲ့… တစ်ဖက်လူကို တန်ဖိုးထားကြပါ…

မင်္ဂလာမောင်နှံတို့ကလဲ အကြည့်ချင်းစေ့စေ့ကြည့်ပြီး
ခေါင်းတစ်ချက်ငြိမ့်လိုက်ပါတယ်…
စင်အောက်ကနေ ပရိသတ်ရဲ့ လက်ခုပ်သြဘာသံဟာ မိုးချုန်းသံလို ဆူညံသွားခဲ့ပါတယ်…
လူအများစုရဲ့ ဘ၀တစ်သက်တာမှာ မျှော်လင့်ချက်တွေ အဆက်မပြတ်ရှိခဲ့တယ်… အိပ်မက်တွေနောက်ကို အဆက်မပြတ် လိုက်ခဲ့ကြတယ်… ရယူပိုင်ဆိုင်ဖို့ အတွက် အဆက်မပြတ် ကြိုးစားခဲ့ကြတယ်… လက်ထဲက အရာကို တန်ဖိုးထားတတ်ဖို့ မေ့လျော့တတ်ကြတယ်… နောက်ဆုံးတော့ ဘာမှမရ ဘာမှ မကျန်ဘဲ ဖြစ်တတ်တယ်…

ပျော်ရွှင်ခြင်းဟာ…
လေလိုပါဘဲ…
တစ်ခဏ အတွင်းပါဘဲ…
လာတာမြန်သလို… သွားတာလဲ မြန်တယ်…

နာကျင်ခံစားမှုဆိုတာ…
သံသယစိတ်တွေ ခန့်မှန်းနေရမှုတွေကနေလာတာပါ

ဖြစ်စေတဲ့အနာတရဟာ ပုံဖော်လို့မရတဲ့ အနာမျိုးပါ…

နှလုံးသားအစစ်ဆိုတာ…
တစ်ဖက်သားရဲ့အတွင်းစိတ်ကို သေသေချာချာနားလည်မှုကနေလာတာပ
ါ…
တစ်ဖက်သားရဲ့ အချစ်စစ်ကို အမှန်တကယ်ခံစားရလို့ပေါ်ထွက်
လာတဲ့အမူအရာပါ…

ချိုမြိန်မှုဆိုတာ…
နှစ်ဖက်စလုံး နှလုံးသားအစစ်အမှန်နဲ့ ဆက်ဆံရာကနေထွက်လာတဲ့ အရသာပါ…
တစ်ဖက်သားကို ပျော်ရွှင်စေချင်တဲ့ ဆန္ဒပါ…
ဒါကြောင့် ကျနော်တို့ရဲ့ အသက်မှာ …
တစ်ယောက်သောသူရဲ့ ဂရုစိုက်မှုကို ရခဲ့ရင်…
တစ်ယောက်သောသူရဲ့ ယုယမှုကိုရခဲ့ရင်…
တစ်ယောက်သောသူရဲ့ တန်ဖိုးထားမှုကိုရခဲ့ရင်…
တစ်ယောက်သောသူရဲ့ နှလုံးသားအစစ်ကိုရခဲ့ရင်…
တစ်ယောက်သောသူရဲ့ မျက်ရည်ကို ရခဲ့ရင်…
ကျေနပ်ပါပြီ…

လက်တွဲပြီးရင် လက်တွဲဖြုတ်ဖို့ကို မစဉ်းစားပါနဲ့…
တစ်သက်လုံးဆိုတာ ရှည်လဲ မရှည်သလို တိုလဲမတိုပါဘူး…
ဆုံးရှူံးသွားပြီးမှ တန်ဖိုးထားရကောင်းမှန်းမသိဆ
ိုတာမျိုးမဖြစ်ပါစေနဲ့…
အခုလက်ရှိ ပိုင်ဆိုင်နေတာကို တန်ဖိုးထားတတ်ပါစေ…




ချိုးငှက်ဟူသည်
Read More

ဘီလူး သုံးမြွှာပူးမွေးသူ (ကြောက်တတ်ပါက မဖတ်ပါနှင့်)

11:51 PM |




လွန်ခဲ့သည့် အနှစ် (၂၀) ကျော်က ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာလေးတစ်ခု ဖြစ်ပါသည်။ မြန်မာပြည် အလယ်ပိုင်း ရေနံချောင်းမြို့နယ်ထဲက ကျေးရွာလေးတစ်ခုတွင် မခင်ကြည် ဆိုသည့် အမျိုးသမီး တစ်ဦး ရှိခဲ့ဖူးလေသည်။ (အခုထိလည်း သက်ရှိထင်ရှား ရှိဆဲဖြစ်သည်။ သို့ရာတွင် ၎င်းကျေးရွာမှ မြို့ကို ပြောင်းခဲ့ရွှေ့ သွားခဲ့သည်မှာ အတော်ကြာခဲ့ပါပြီ။) ထိုအမျိုးသမီး၏ ယောက်ျားဖြစ်သူမှာ ကိုအောင်မော် ဟူ၍ ဖြစ်လေသည်။
၎င်းတို့၏ အိမ်ထောင်သက်တမ်း ၂ နှစ်အကြာတွင် ပထမဆုံး သား ရတနာ တစ်ဦးကို မွေးဖွားခဲ့သည်။ နောက်ထပ် ၃ နှစ်ခန့်အကြာ၊ ၎င်းတို့၏ အိမ်ထောင်သက် ၅ နှစ်ခန့် အကြာတွင်မူ မခင်ကြည်မှာ ထူးခြားသည့် ကိုယ်ဝန်ကို စတင် လွယ်ထားခဲ့ရသည်။ ထိုကိုယ်ဝန် တဖြည်းဖြည်း ရင့်မှည့်လာသည်နှင့်အမျှ မခင်ကြည်မှာ ထူးခြားသည့် ချဉ်ခြင်းများကို တောင့်တခဲ့လေသည်။ ထိုချဉ်ခြင်းများအား သူမ၏ ယောက်ျားဖြစ်သူ ကိုအောင်မော် မှတစ်ပါး အခြားသူများအား မပြောရဲခဲ့ပေ။
၎င်းချဉ်ခြင်းများမှာ အသားများကို အစိမ်းလိုက် စားလိုခြင်း၊ သွေးတို့ကို သောက်လိုခြင်း စသည်တို့ဖြစ်ပြီး တစ်ခါတစ်ရံ ကိုအောင်မော်အား တရှုပ်ရှုပ် နမ်းရင်း ကိုအောင်မော်အား ” အောင်မော် နင့်အသားတွေက မွှေးနေတာပဲ။ ငါ စားချင်လိုက်တာဟာ ” ဟူ၍ ပြောတတ်လေသည်။ ထိုအခါမျိုး၌ကား ကိုအောင်မော်မှာမူ မျက်လုံးပြူး ၊ မျက်ဆံပြူး ဖြစ်သွားကာ “ဟာ … နင်ကလည်း” ဟူ၍ ပြောပြီး မခင်ကြည်၏ ဘေးမှ ကမန်းကတန်း ထွက်သွားရတတ်၏။
ထိုကဲ့သို့ ထူးခြားနေသော မခင်ကြည်၏ ချဉ်ခြင်းများအား ကိုအောင်မော်မှာ ရွာထဲရှိ ခေါင်းသုံးလုံး ပညာရှိများထံသို့ လည်းကောင်း၊ လူကြီးသူမများ ထံသို့လည်းကောင်း သွားရောက် ပြောပြရလေသည်။ မပြောလို့လည်း မဖြစ်။ ၎င်း၏ အသားကိုပင် စားချင်လောက်သော ချဉ်ခြင်းကို ကိုအောင်မော်တစ်ယောက် လန့်နေရသည် မဟုတ်ပါလော။ ထိုချဉ်ခြင်းအား ကြားသိရချိန်မှစ၍ ကိုအောင်မော်မှာ မခင်ကြည်နှင့် မအိပ်ရဲတော့ပေ။
ခေါင်းသုံးလုံး ပညာရှိများနှင့် လူကြီးသူမ များက ၎င်းတို့၏ အတွေ့အကြုံ နှင့် ဗဟုသုတ များအရ ထိုကဲ့သို့ ထူးခြား ကြမ်းကြုပ်သော ချဉ်ခြင်းများကို ထောက်ဆ၍ မခင်ကြည်မှာ စင်စစ် ဘီလူးကဲ့သို့ ရက်စက်၊ ကြမ်းကြုပ်မည့်သူကို ကိုယ်ဝန်လွယ်ထားရသည်ဟု မှတ်ချက်ပြုကြလေသည်။ ဤသို့ဖြင့် မခင်ကြည်၏ ကိုယ်ဝန်မှာ ရင့်မှည့်ရာမှ မွေးဖွားချိန်သို့ ရောက်ရှိ လာခဲ့လေတော့သည်။
x x x x x
” အူဝဲ … အူဝဲ … အူဝဲ ”
” အောင်မလေး ….. ”
မခင်ကြည်အား မီးဖွားပေးသော လက်သည် အဒေါ်ကြီး လန့်ဖြတ် အော်လိုက်မိသည်။ ထိုအော်သံကြောင့် မီးဖွားရာအခန်း၏ ရှေ့တွင် မိမိ၏ မိန်းမ မခင်ကြည် လွယ်လင့်တကူ မီးဖွားနိုင်စေရန်အတွက် အင်္ဂုလိမာလသုတ်ကို လည်းကောင်း၊ လူကြီးသူမများ ပြောသကဲ့သို့ ဘီလူး မွေးဖွားမလာစေရန် လည်းကောင်း ဆုတောင်း ရွတ်ဆိုနေသည့် ကိုအောင်မော်မှာလည်း စိုးရိမ်မှုနှင့်အတူ လန့်သွားလေသည်။
” ဒေါ်ဒေါ်တင် ဘာဖြစ်တာလဲ … ”
” ဘာဖြစ်လို့ အလန့်တကြား အော်ရတာလဲ။ ကျွန်တော့်ကို သိရအောင် ပြောပါဦး”
ကိုအောင်မော်က ထိုသို့ စိုးရိမ်တကြီး လှမ်းမေးလိုက်သည့်အခါ -
” ဘာမှ … ဘာမှ မဖြစ်ပါဘူး အောင်မော်၊ ခဏနေရင် မင်းလည်း ဝင်ကြည့်လို့ ရပြီပဲ”
ဟူ၍ မီးဖွားခန်းထဲမှ ဒေါ်တင်က ကိုအောင်မော်အား လှမ်းပြောလိုက်လေသည်။ ကိုအောင်မော်မှာ ဒေါ်တင်၏ စကားထစ်သွားပုံကို ထောက်ဆ၍ မခင်ကြည်မှာ အမှန်ပင် ဘီလူးလေးကို မွေးဖွားလိုက်ပြီ ဖြစ်ကြောင်း နားလည်လိုက်သည်။ သို့ရာတွင် ကိုအောင်မော်မှာ မိမိ၏ မူရင်းစိတ်မှ လက်ခံ နားလည်လိုက်သည့် အကြောင်းအရာအား ဖုံးကွယ်ပစ်ရန်အတွက် မျက်စိကို စုံမှိတ်၍ လက်အုပ်ချီကာ ” မဟုတ်ပါစေနဲ့ ..၊ မဟုတ်ပါစေနဲ့ ..၊ သမ္ဗုဒ္ဓေ x x x ၊ ဣတိပိတော x x x …” စသည်ဖြင့် တသွင်သွင် ရွတ်ဆိုနေတော့သည်။
” အောင်မော် .. ၊ အောင်မော် ..”
” ဟေ့ … အောင်မော် ”
” အမလေးဗျ … ဘီလူးလေး မဟုတ်ပါစေနဲ့ ၊ ဣတိပိတော …”
မီးဖွားခန်းမှ ထွက်လာသော ဒေါ်တင်မှာ ကိုအောင်မော်အား ဖြည်းဖြည်း သက်သာ ခေါ်မရသည့်အဆုံး ကိုအောင်မော်၏ ကျောကို အသာရိုက်၍ ခေါ်လိုက်ခြင်း ဖြစ်သော်လည်း စိုးရိမ်ပြီး အကြောက်လွန်နေသည့် ကိုအောင်မော်မှာ လန့်သွားကာ ဆိုမိဆိုရာ ရွတ်ချလိုက်ခြင်း ဖြစ်လေသည်။
” ဒေါ်ဒေါ်တင် … ဘာလေးလဲဗျ …၊ ကျုပ်ကို မြန်မြန်ပြောစမ်းပါ …”
” မင်းဟာမင်းပဲ ဝင်ကြည့်တော့ အောင်မော်၊ ဒေါ်ဒေါ်တင် မပြောချင်ဘူး ”
ဒေါ်တင်၏ မျက်နှာမှာ မကောင်းပေ။ ကိုအောင်မော်မှာ တံခါးသဖွယ် ပိတ်ကာထားသည့် ခန်းစီးစကို ကိုင်၍ အတန်ငယ် တွန့်ဆုတ်နေလေသည်။ ယခင် သားကြီး ကောင်းကျော် အား မွေးဖွားခဲ့စဉ်က လက်သည် အဒေါ်ကြီး ဒေါ်ဒေါ်တင်၏ မီးဖွားခန်းမှ အထွက်ကိုပင် မစောင့်။ ဒေါ်တင်မှ ” အောင်မော်ရေ ၊ ဝင်လာလို့ရပြီ ” ဟု ဆိုကာမှရှိသေး။ ကိုအောင်မော်မှာ အခန်းတွင်းသို့ ရောက်ရှိနေပေပြီ။ ယခုမူ မိမိ မမြင်တွေ့ချင်သည့် မြင်ကွင်းအား မြင်တွေ့ရမည်ကို သိနေသည့်အတွက် အတန်ငယ် တွန့်ဆုတ်နေခြင်း ဖြစ်သော်လည်း ” အို … ဘာပဲဖြစ်ဖြစ် ဒါဟာ ငါ့ရဲ့ရင်သွေးတွေပဲ ” ဟူသော ဖခင်စိတ်ကို ဖြစ်စေပြီး ခန်းစီးစကို မတင်ကာ အခန်းတွင်းသို့ ဝင်သွားလေသည်။
” အောင်မော်လား …”
” ဟုတ်တယ် ခင်ကြည် … ငါပဲ”
မောဟိုက် နွမ်းလျနေသည့် မခင်ကြည်၏ အသံတွင် ဝမ်းနည်းနေသည့် ဓာတ်တို့ပါနေသည်ကို အောင်မော် သိသည်။
” ကလေးတွေရော ခင်ကြည် …”
မွေးဖွားလာသည့် ကလေးများကို မမြင်၍ ကိုအောင်မော် မေးလိုက်ခြင်း ဖြစ်လေသည်။
” ကလေးတွေက ငါ့ စောင်အောက်မှာ၊ နင် မြင်သွားရင် စိတ်မကောင်းဖြစ်မှာစိုးလို့ စောင်နဲ့ ဖုံးထားတာ”
” ခင်ကြည်ရယ် … ငါ စိတ်မကောင်း ဖြစ်တာက အကြောင်းမဟုတ်ပါဘူးဟာ၊ ကလေး မွန်းပြီး အသက်ရှူကြပ်နေပါ့မယ်”
” စောင်ကို ခပ်ဖွဖွလေးပဲ ဖုံးထားတာပါ၊ ပြီးတော့ နင်ထင်သလို …… ”
” ကလေး မဟုတ်ဘူး၊ ကလေးတွေ … ၊ တစ်ယောက်တည်း မဟုတ်ဘူး အောင်မော်၊ သုံးယောက်တောင် မွေးတာ”
” ဟင် …. သုံးယောက်တောင် …”
ကိုအောင်မော် အလန့်တကြား ရေရွတ်လိုက်သည်။ ထို့နောက် ကိုအောင်မော်သည် မိမိ၏စိတ်ကိုတင်းကာ
” အို … ငါက ဘာကိုကြောက်နေရမှာလဲ၊ ဒါ ငါ့ရဲ့ကလေးတွေပဲ” ဟူ၍ စိတ်တွင်းမှ ရေရွတ်ရင်း ကလေးများကို ဖုံးလွှမ်းထားသည့် စောင်အား အသာအယာ ဆွဲဖယ်ကြည့်လိုက်လေသည်။ ထိုအချိန်၌ မခင်ကြည်မှာမူ မျက်စိကို အသာပိတ်၍ သက်ပြင်းကို အသာချလိုက်လေတော့သည်။
” ဟာ …….”
မြင်လိုက်ရသည့် မြင်ကွင်းက ကိုအောင်မော်ကို မျက်လုံးပြူးသွား စေသည့်အပြင် ပါးစပ်ပါ အဟောင်းသား ဖြစ်သွားစေသည်။ ကိုအောင်မော် မြင်လိုက်ရသည်မှာ ခရမ်းချဉ်သီးလုံးခန့်ရှိသော မျက်လုံးခြောက်လုံးပင် ဖြစ်လေသည်။
” ခင်ကြည်ရယ် … ကလေးတွေ မျက်လုံးက ကြီးလှချည်လား၊ ပြီးတော့လည်း မျက်လုံးက နီစပ်စပ်နဲ့ …”
ထိုသို့ ကိုအောင်မော်မှ ပြောလိုက်သည့်အခါ မခင်ကြည်သည် -
” ကလေးတွေကို အနှီးနဲ့ပတ်ထားလို့ နင်က မျက်လုံးကိုပဲ မြင်ရသေးတာ …”
” ကျန်တဲ့ နေရာတွေကရော ဘာလိုဖြစ်နေတုန်း၊ ငါ့ကို ပြောပါဦး ခင်ကြည်”
” သူတို့ လက်သည်း၊ ခြေသည်းတွေကလည်း အရှည်ကြီးတွေပဲ အောင်ကျော်၊ ပြီးတော့ လက်ချောင်းတွေကလည်း အဖျားရှုးသွားတဲ့ ပုံစံမျိုးတွေ …”
ဤသို့ ကလေးမွေးပြီးစ မခင်ကြည်မှ အားနည်းသော လေသံဖြင့် ဖြည်းဖြည်းချင်း ပြောလိုက်သည့် အခါ ကိုအောင်မော်မှာ ကလေးများကို အနှီးဖြည်၍ ထပ်မကြည့်ဖြစ်တော့ပါ။ ထို့နောက် ၎င်း၏ မိန်းမဖြစ်သူ မခင်ကြည်အား -
” ခင်ကြည်ရယ် … ဘာမှစိတ်မကောင်း မဖြစ်ပါနဲ့ဟာ၊ ဘာပဲဖြစ်ဖြစ် ဒီကလေးတွေက ငါတို့ရဲ့ ကလေးတွေပဲ၊ နင်ကိုယ်တိုင် ကိုယ်ဝန်လွယ်ပြီး မွေးခဲ့ရတာ မဟုတ်လား၊ နင်လည်း ကလေးမွေးထားရလို့ ပင်ပန်းနေပြီ၊ အနားယူလိုက်ဦးနော်”
” ဒီကိစ္စကို ငါ လူကြီးတွေနဲ့ သွားပြီးတိုင်ပင်လိုက်ဦးမယ် …”
” အင်း ”
x x x x x
” အခု ကိစ္စက ပေါ့ပေါ့တန်တန် သဘောထားလို့ရမယ့် ကိစ္စမဟုတ်ဘူး အောင်မော်၊ သေချာစဉ်းစားပြီး လုပ်သင့်တာကိုတော့ လုပ်ရလိမ့်မယ် ”
ရွာသူကြီး ဖြစ်သူ ဦးသာအေးမှ ကိုအောင်မော်အား ပြောလိုက်ခြင်း ဖြစ်သည်။
” ဟုတ်ကဲ့ပါ သူကြီး၊ သူကြီးတို့က လုပ်သင့်တာကို လုပ်ကြပါ၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်လိုက်နာဖို့ အသင့်ပါပဲ”
” အေးကွယ် …၊ ငါ ပြောတဲ့အတိုင်း မင်းတို့ လိုက်နာမယ်ဆိုတာ ငါလည်း သိပြီးသားပါ၊ ဒါပေမယ့် ဒီကိစ္စက ငါ တစ်ယောက်တည်း ဆုံးဖြတ်လို့ ပြီးမယ့် ကိစ္စတော့ မဟုတ်ပေဘူး၊ ဒါကြောင့် ရွာက လူကြီးတွေကို ခေါ်ပြီး စည်းဝေးရတာပေါ့ကွယ်၊ ဒီဘက်က ဦးကြီးတင်မြက ဘယ်လို ဖြစ်သင့်တယ် ထင်သလဲဆိုတာ ပြောပါဦး”
သူကြီးဦးသာအေးသည် ၎င်း၏ ညာဘက်၌ ထိုင်နေသော ဦးကြီးတင်မြအား လှမ်း၍ မေးလိုက်ခြင်း ဖြစ်လေသည်။ ဦးကြီးတင်မြက –
” ခင်ကြည် မွေးလာတာ ဘီလူးလေးတွေလို့ပဲ ဦးကြီးကတော့ ပြောရလိမ့်မယ်၊ ဒါကို မင်းနားထဲမှာ ရိုင်းတယ်လို့ မအောက်မေ့နဲ့ အောင်မော် ”
” ဟုတ်ကဲ့ပါ ဦးကြီး၊ ကျွန်တော် ဘယ်လိုမှ မအောက်မေ့ပါဘူး ”
” အဲဒီ ဘီလူးလေးတွေ မွေးလာတဲ့ကိစ္စက တော်ရုံကိစ္စ မဟုတ်ပေဘူး၊ အခုလို သူတို့ အရွယ်မရောက်သေးခင်မှာ ပြဿနာ မရှိနိုင်ပေမယ့် ကြီးလာတဲ့အခါကျရင် တစ်ရွာလုံး ဒုက္ခရောက်သွားနိုင်တယ်၊ ဒါကြောင့် ဦးကြီး အကြံပြုချင်တာကတော့ … ”
ဦးကြီးတင်မြသည် သူ၏ စကားအား ဆက်ပြောရကောင်းနိုး၊ မပြောရကောင်းနိုးဖြင့် ကိုအောင်မော်၏ မျက်နှာအား လှမ်းကြည့်လိုက်လေသည်။ ထိုအခါ ကိုအောင်မော်က -
” ဦးကြီး ပြောချင်တာကို ဆက်ပြောပါ ဦးကြီး ”
” အေးကွယ် … ဆက်ပြောရမယ်ဆိုရင်တော့ မိဘချင်း ကိုယ်ချင်းမစာလို့တော့ မဟုတ်ပေဘူး၊ ဒီဘီလူးလေးတွေကို အခုချိန်ကတည်းကပဲ သုတ်သင် ရှင်းလင်းသင့်တယ်လို့ ဦးကြီးကတော့ အကြံပြုချင်တယ် ”
ဦးကြီးတင်မြသည် လူကြီးပီပီ စကားကို အတတ်နိုင်ဆုံး ထိန်း၍ ပြောလေသည်။ ထိုသို့ ဦးကြီးတင်မြက အကြံပြုလိုက်သည်တွင် သူကြီးမှ ဦးကြီးတင်မြ၏ဘေးတွင် ထိုင်နေသော ဘကြီးရန်အေး အား လှမ်း၍ မေးလိုက်သည်။
” ဘကြီးရန်အေးကရော ဘယ်လိုများ အကြံပြုချင်ပါသေးလဲ ခင်ဗျာ”
ထိုအခါ ဘကြီးရန်အေးသည် ကိုအောင်မော်အား တစ်ချက်ကြည့်ပြီး သူကြီး ဘက်သို့ မျက်နှာမူကာ –
” ဘကြီးကတော့ဖြင့် ဘီလူး မွေးလာတဲ့ကိစ္စကို ကြားဖူးပါရဲ့၊ ဒါပေမယ့် လက်တွေ့တော့ မမြင်ခဲ့ဖူးပါဘူး၊ အခုမှသာ မြင်ဖူးတာ ”
” ဟုတ်ကဲ့၊ ပြောပါဦး ဘကြီး ”
သူကြီးဖြစ်သူ ဦးသာအေးမှ ဝင်ထောက်ပေးလိုက်ခြင်း ဖြစ်သည်။
” ဘကြီး ကြားဖူးတဲ့အတိုင်းဆိုရင် စောစောက ကိုတင်မြ ပြောသွားတဲ့အတိုင်း လုပ်ပစ်ခဲ့ကြတာပဲ ”
ထို့နောက် ဘကြီးရန်အေးသည် ကိုအောင်မော်ဘက်သို့ လှည့်၍ –
” အောင်မော်၊ အန္တရာယ်ဆိုတာ ကြိုတင်ကာကွယ်ပြီး အနိုင်ယူရတယ်ဆိုပေမယ့် ခံတပ်တွေ အထပ်ထပ်ချပြီး ကြိုတင်ကာကွယ်တာထက် စာရင် အဲဒီ အန္တရာယ်က ကိုယ်နဲ့ လက်တစ်ကမ်းမှာလည်း ရှိနေမယ်၊ ပြီးတော့ အင်အားနည်းနေတဲ့ အချိန်လည်း ဖြစ်နေမယ်ဆိုရင်တော့ ခံတပ်တွေ ဆောက်ထားဖို့ထက် အဲဒီအန္တရာယ် ကြီးထွားမလာခင် ချေမှုန်းပစ်သင့်တယ်လို့ ဘကြီးကတော့ ထင်တယ် ”
ထိုသို့ ဘကြီးရန်အေးမှ ကိုအောင်မော်အား ပြောလိုက်သည့်အခါ သူကြီးဦးသာအေး၏ ဘယ်ဘက်တွင် ထိုင်နေသော ဘကြီးထွန်းငွေက –
” ဟုတ်တယ် အောင်မော်၊ ဘကြီးထွန်း လည်း ကိုရန်အေး ပြောသလို ဖြစ်သင့်တယ်လို့ ထင်တယ် ”
” ဟုတ်ကဲ့ ဘကြီးထွန်း ”
” ဦးကြီးတင်မြတို့၊ ဘကြီးရန်အေးတို့၊ ဘကြီးထွန်းတို့ကတော့ သူတို့ရဲ့ အတွေ့အကြုံ ၊ အမြော်အမြင်တွေနဲ့ အခုကိစ္စမှာ ဖြစ်သင့်တယ် ထင်တာကို ပြောပြီးသွားကြပြီ ၊ ဒီဘက်က ဦးကြီး၊ ဘကြီး တို့ရဲ့ အကြံညဏ်တွေကိုလည်း သိပါရစေဦး ခင်ဗျာ ”
သူကြီးမှ ကျန်သည့် လူကြီးများအား မေးမြန်းလိုက်လေသည်။ ထိုအခါ ကျန်သည့် လူကြီးများမှ အထူးအထွေ ပြောစရာ မရှိသည့်အကြောင်း၊ ဦးကြီးတင်မြနှင့် ဘကြီးရန်အေးတို့၏ အကြံပြုချက်များအတိုင်း လုပ်သင့်ကြောင်းကို ပြောဆိုလေသည်။
” ကဲ … အောင်မော်ရေ၊ ဒီကလူကြီးတွေရဲ့ စကားကို မင်းလည်းကြားပြီ မဟုတ်လား၊ ဒါကြောင့် ငါတို့ လုပ်သင့်တာဟာ ….. ”
သူကြီးမှာ စကားကို မဆက်သေးဘဲ ကိုအောင်မော်ကို ကြည့်ကာ အားနာနေသယောင် ရှိလေသည်။ သို့ရာတွင် မပြော၍လည်း မပြီးသည့် ကိစ္စဖြစ်သည့်အတွက် ဘာပဲဖြစ်ဖြစ် ပြောရမှာပဲ ဟူသော မျက်နှာဖြင့် –
” ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ် အောင်မော်၊ ဒီဘီလူးလေး သုံးကောင်ကို ငါတို့တွေ အခုကတည်းက သတ်ပြီး မြေမြုပ်ပစ်တာဟာ အကောင်းဆုံး၊ ဒါဟာ ရေရှည်ကိုကြည့်ပြီး ပြောတယ်ဆိုတာ မင်းလည်း သိတာပဲ၊ အခုကစပြီး မင်းမိန်းမ ခင်ကြည်ကိုလည်း ဘီလူးလေးတွေကို နို့မတိုက်ဖို့ ပြောလိုက်ကွာ၊ ပြီးတော့ မနက်ဖြန်ကျရင် ရွာအနောက်ဘက်က ကျီးအာရိုးနားမှာ မြေမြုပ်ကြမယ် ”
” ဟုတ်ကဲ့ပါ သူကြီး ”
မှတ်ချက် ။ ။ ရိုး ဆိုသည်မှာ ရေကောနေသည့် ချောင်းကျဉ်းတစ်ခုနှင့် တူလေသည်။
x x x x x
ကျီးအာရိုး …
များသောအားဖြင့် ရွာ၏ အမှိုက်သရိုက်များကို စွန့်ပစ်ရာ နေရာ ဖြစ်လေသည်။ ထိုကျီးအာရိုး၏ မလှမ်းမကမ်းတွင် လူတစ်စု တလှုပ်လှုပ် တရွရွဖြင့် ရှိသည်ကို တွေ့ရလေသည်။ ၎င်းလူစုထဲမှ တစ်စုံတစ်ယောက်သော လူတစ်ယောက်သည် ဓားကြီးတစ်လက်အား ကိုင်ဆောင်ထားသည်။ ၎င်း၏ ရှေ့၌ မွေးဖွားစ ကလေးငယ် နီတာရဲလေး သုံးယောက်ကို ပက်လက် အနေအထားဖြင့် တွေ့ရလေသည်။
အဆိုပါ မြင်ကွင်းအား ဘေးသူစိမ်း တစ်ယောက်သာ မြင်ပါက အလွန် ရက်စက်ကြမ်းကြုပ်သော လူတစ်စု ဟူ၍ မှတ်ချက်ပြုသွား ပေလိမ့်မည်။ အမှန်စင်စစ်မှာမူ နောက်အခါတွင် လာလတ္တံ့သော လွန်စွာကြီးမားသည့် အန္တရာယ်အား ကြိုတင် ဖယ်ရှားခြင်းသာ ဖြစ်ပေသည်။ ရွာတွင် အမဲသား ပေါ်ရာ၌ နွားများကို သတ်ဖြတ်ပေးလေ့ ရှိသည့် ကိုဖိုးထောင်သည် ၎င်း၏ ဓားကြီးအား အားဖြင့် မဟုတ်ဘဲ အသာအယာ မြှောက်ကာ နီတာရဲ ကလေးသုံးယောက်၏ ချက်အနားဆီသို့ ဦးတည်၍ ခုတ်ချလိုက်လေသည်။ ထိုအခိုက် အနီးအနားရှိ လူကြီးများမူ မျက်စိအား အသာ ပိတ်ထားလိုက်ကြသည်။ မလုပ် မဖြစ်၍ လုပ်သင့်သော အလုပ်ကို လုပ်ရခြင်း ဖြစ်စေကာမူ မွေးဖွားစ ကလေးငယ် သုံးဦးအား ဓားဖြင့် ပိုင်းဖြတ်သော မြင်ကွင်းအား အဘယ်သို့ မျက်လုံးပြူး၍ ကြည့်ရှုနိုင်ပါလိမ့်မည်နည်း။
” ဟာ ….. ”
ကိုဖိုးထောင်၏ အလန့်တကြား အော်လိုက်သံကြောင့် အနီးအနားတွင် ရှိသော လူကြီးများ မျက်လုံး ဖွင့်ကြည့်လိုက်သည်။
” ဘာဖြစ်တာလဲ ဖိုးထောင် … မင်းဟာက အလန့်တကြား ”
” သူကြီး … ဒီဘီလူးလေးတွေကို ခုတ်လို့မရဘူးဗျ ”
” ဟေ … ဘာဖြစ်လို့ ခုတ်လို့မရတာလဲဟ၊ အသားက မာနေလို့လား ”
” မဟုတ်ဘူး သူကြီး၊ ကျွန်တော် ခုတ်ပြီး ဓားကိုလည်း ပြန်ဆွဲထုတ်လိုက်ရော ခုတ်ထားတဲ့ နေရာက ပြန်ဆက်သွားတယ် သူကြီး ”
” ဟေ ….. ”
သူကြီးပါမက လူကြီးများ အပါအဝင် ကလေးများ၏ ဖခင်ဖြစ်သူ ကိုအောင်မော်ပါ အံ့သြစွာ ရေရွတ်လိုက်မိသည်။
” နောက်တစ်ခေါက် ထပ်ပြီး စမ်းကြည့်စမ်းပါဦးကွာ … ”
” ဟုတ်ကဲ့ သူကြီး ”
ကိုဖိုးထောင်မှာ ယင်းကဲ့သို့ သူကြီးအား ပြောကြားပြီးနောက် အစကဲ့သို့ မဟုတ်ဘဲ ဓားကို အားဖြင့် မြှောက်ကာ ကလေးများ၏ ခန္ဓာကိုယ် အလယ်တည့်တည့်သို့ ခုတ်ပိုင်း ချလိုက်လေသည်။ ၎င်း၏ ဓားချက်ကြောင့် ကလေးငယ်များ၏ ခန္ဓာကိုယ်သည် နှစ်ပိုင်းစီ ပြတ်သွားလေသည်။ သို့ရာတွင် သွေးကတော့ ထွက်မလာပေ။ သူကြီး အပါအဝင် ဘေးနားမှ လူကြီးများမှာ မည်သို့ မည်ဖုံ ဖြစ်လာမည်ကို တွေ့မြင်လိုသော မျက်လုံးများဖြင့် နှစ်ပိုင်း ပြတ်သွားသည့် ကလေးငယ် သုံးဦးအား ဝိုင်းဝန်း ကြည့်ရှုနေကြသည်။
ကိုဖိုးထောင်သည် ၎င်း၏ ဓားကြီးအား မြေပြင်မှ ပြန်နုတ်သည့်အခိုက် အလွန် ထူးဆန်းစွာပင် နှစ်ပိုင်းဖြစ်နေသော အနှီ ဘီလူးလေးများ၏ ခန္ဓာကိုယ်သည် တရွေ့ရွေ့ ပြန်ဆက်သွားကြသည်ကို အထင်းသား မြင်လိုက်ရလေသည်။ သြော် … အံ့ဖွယ်ရှိစွတကား။
အနီးအနားမှ လူများလည်း အဆိုပါ မြင်ကွင်းအား လက်တွေ့ မြင်လိုက်ရသဖြင့် အံ့သြ မှင်သက် သွားကြသည်။ ခဏ အကြာတွင် သူကြီး၏အသံ ထွက်လာသည်။
” ဘကြီးရန်အေး ကျုပ်တို့ ဘယ်လိုလုပ်ကြရင် ကောင်းမလဲ ”
” အတော်တော့ အံ့သြစရာ ကောင်းသား၊ ဒါပေမယ့် အလုပ်တစ်ခုကို လေးနက်စေချင်ရင် သုံးကြိမ် လုပ်ရတယ်၊ ဘကြီးတို့ သြကာသကို သုံးကြိမ် ဆိုတာပဲ ကြည့်ပါလား၊ ဒီတော့ … နောက်တစ်ခေါက် ထပ်စမ်းကြည့်ကွာ၊ မရတော့လည်း တစ်မျိုး ကြံကြသေးတာပေါ့ ”
ယင်းသို့ ဘကြီးရန်အေးမှ ပြောလိုက်သည့်အခါ သူကြီးမှ နွားသတ်သမား ကိုဖိုးထောင်အား လှမ်းပြောလိုက်လေသည်။
” ဟေ့ … ဖိုးထောင်၊ နောက်တစ်ခေါက် ထပ်လုပ်ကွာ ”
ကိုဖိုးထောင် ထပ်ပိုင်းလိုက်သော်လည်း ယခင် အတိုင်းပင် ပြန်ဆက်သွားကြသည်။ ရော် … ခက်ပြီ။ ဒီလိုသာ ပြန်ပြန်ပြီး ဆက်သွားမယ်ဆိုရင် အလုပ်က ပြီးတော့မည်မဟုတ်။ ဘေးနားမှ လူကြီးများလည်း မည်သို့ လုပ်ကြရမည်ကို ကြံဆနေပုံရသည်။ အဘယ်ကြောင့် ဆိုသော် ၎င်းတို့၏ မျက်လုံးများသာမက စကားသံများပါ တိတ်ဆိတ် နေသောကြောင့် ဖြစ်လေသည်။
” သူကြီး ၊ ဒီလို လုပ်ကြည့်ပါလား … ”
” ဘယ်လိုလဲ၊ ဘကြီးထွန်း ”
” အရင်ဆုံး တွင်းနှစ်တွင်းကို ခပ်ဝေးဝေးမှာ တူး၊ ပြီးတော့ ဘီလူးလေးတွေကို ခုတ်ပြီးပြီးချင်း တစ်ပိုင်းစီကို ယူပြီး တူးထားတဲ့ တွင်းနှစ်တွင်းထဲမှာ မြှုပ်လိုက်ရင် မကောင်းဘူးလား၊ ဒီလိုဆို ပြန်ဆက်လို့လည်း မရတော့သလို မြှုပ်ပြီးသားလည်း ဖြစ်သွားတာပေါ့ ”
” ဟာ ဟုတ်တာပေါ့၊ ဘကြီးထွန်း ပြောသလိုဆိုရင် ပြန်မဆက်တော့ဘူးပေါ့၊ ဒီလိုဆို တွင်းနှစ်တွင်း အရင်တူးကြရအောင်ဟေ့ ”
သူကြီးဦးသာအေးမှ ထိုသို့ လောဆော် ပြောကြားရင်း ၎င်းကိုယ်တိုင် ပေါက်ပြားတစ်လက်အား ကောက်ယူကာ တူးလေတော့သည်။ တွင်းနှစ်တွင်းမှာ ခြေလှမ်းငါးဆယ်ခန့် ကွားဝေးလေသည်။
” ဟေ့ အသင့်ပြင်ထားကြနော်၊ ခုတ်ပြီးတာနဲ့ တစ်ခါတည်းယူပြီး ပစ်ကြ ”
သူကြီးမှ ကိုအောင်မော် အပါအဝင် လူလတ်ပိုင်းအရွယ် လေးယောက်အား ပြောလိုက်သည်။ သူကြီးအပါအဝင် ထိုခြောက်ယောက် လူစုသည် နီတာရဲ ဘီလူးလေး သုံးယောက်၏ ခေါင်းပိုင်းနှင့် ဖင်ပိုင်းတွင် သုံးယောက်စီ နေရာယူထားကြသည်။ ဤနေရာ၌ သူကြီးမှာ အဘယ်ကြောင့် ၎င်းကိုယ်တိုင် ဝင်ရောက် လုပ်ကိုင်နေသနည်း ဟူမူ သူကြီးအောက် ငယ်သော သူမှာ ကိုအောင်မော်၊ ကိုဖိုးထောင်နှင့် အခြား လေးယောက်သာ ရှိပြီး ကျန်သည့် လူများမှာ သူကြီးထက် အသက်ကြီးသော ရွာ၏ ရပ်မိရပ်ဖ လူကြီးများသာ ဖြစ်သောကြောင့် ဖြစ်လေသည်။ ကလေး၊ လူငယ်၊ မိန်းမ စသူတို့အား ယခု နေရာသို့ မလာရန် သူကြီးမှ တားမြစ်ထားပြီး ဖြစ်လေသည်။
” ဟေ့ ဖိုးထောင်၊ ခုတ်ကွာ ”
ကိုဖိုးထောင်သည် ၎င်း၏ ဓားကြီးအား ဘီလူးလေးများကို ခုတ်ပိုင်းရန် အသင့်ပြင်လိုက်သည်။ သနားကြင်နာမှု မရှိ၊ ကြောက်ရွံ့ခြင်း မရှိသည့် နွားသတ်သမား ကိုဖိုးထောင် အတွက်မူ ယခုကိစ္စသည် ထမင်းစား ရေသောက် ဖြစ်နေသော်လည်း ပိုင်းပြတ်သွားမည့် ဘီလူးလေးများ၏ ခြေပိုင်းမှ ဆွဲရမည့် လူများမှာ ချွန်သည့် သဏ္ဍာန်ရှိသော ခြေသည်းရှည်ကြီး များကို ကြည့်၍ အနည်းငယ် ရွံ့နေဟန် ရှိလေသည်။ ထို့ထက် ဘီလူးလေးများ၏ ခေါင်းပိုင်းကို ယူရမည့် လူများမှာ နီကြောင်ကြောင် မျက်လုံးကြီး များနှင့် လက်သည်း ရှည်ကြီးများကို ကြည့်ကာ ပို၍ ရွံ့နေဟန် ရှိကြသည်။ အနှီ ဘီလူးပေါက်စလေးများမှာ မူကား ၎င်းတို့အား သတ်ဖြတ် ခံရခြင်းထက် ဆာလောင် မွတ်သိပ်သည့် အသံများဖြင့် ” အူဝဲ ” ဟူသော မွေးဖွားစ ကလေးငယ်တို့၏ အစွမ်းထက် ဂါထာ မန္တာန်ကိုသာ တွင်တွင်ကြီး ရွတ်ဆိုနေတော့သည်။
ဤသို့ဖြင့် ဘီလူးလေးများ၏ အပေါ်ပိုင်း သုံးပိုင်းကို တွင်းတစ်တွင်း၌ လည်းကောင်း၊ အောက်ပိုင်းကို တွင်းတစ်တွင်း၌ လည်းကောင်း မြှုပ်နှံပြီး ရွာဆီသို့ ပြန်ခဲ့ကြလေသည်။ ယင်းကိစ္စမှာလည်း ရွာထဲ၌ ရေပန်း အစားဆုံး သတင်းတစ်ပုဒ် ဖြစ်နေလေတော့သည်။ အချို့သော သူများက စိုးရိမ်လွန်းသော လေသံဖြင့် ပြောကြသေးသည်။
” ဘီလူးလေးတွေ မြေကြီးထဲမှာ ပြန်ဆက်သွားရင် ဘယ့်နှယ်လုပ်မလဲ ”
” အေ ညည်းကလည်း မဖြစ်နိုင်ပါဘူး ”
” မဖြစ်နိုင်ဘူး မပြောနဲ့တော်ရေ … ၊ တကယ်လို့သာ ကျုပ်ပြောတဲ့ အတိုင်း ဖြစ်ခဲ့ရင် ကျုပ်တို့ရွာတော့ ပြာကျမှာပဲ ”
” ဖွဟဲ့ ..၊ လွဲပါစေ ၊ ဖယ်ပါစေ ”
ထိုရက်ပိုင်းက ကိုအောင်မော်နှင့် မခင်ကြည်တို့မှာလည်း အိမ်ပြင်သို့ မထွက်ဝံ့ကြပေ။ ယင်းသို့ အိမ်ပြင် မထွက်ရခြင်း၏ နောက်ထပ် အကြောင်းမှာလည်း မီးဖွားပြီးစ မခင်ကြည်အား စိတ်မကောင်း မဖြစ်ရန် ကိုအောင်မော်က အားပေးစကားများ ပြောရင်း မခင်ကြည်၏ ဘေးတွင် အနေများနေခြင်း ကြောင့်လည်း ဖြစ်လေသည်။ ၎င်းတို့၏ သားဦးဖြစ်သူ မောင်ကောင်းကျော်ကို လောလောဆယ် ဘွားအေ၏ အိမ်၌သာနေရန် မှာထားလေသည်။
ဤကဲ့သို့ ဘီလူးလေးများအား မြှုပ်နှံပြီး တစ်ပတ်ခန့်အကြာ တစ်ခုသော နေဝင်ဖြိုးဖျ အချိန်တွင် သူကြီးဖြစ်သူ ဦးသာအေး၏ အိမ်ဆီသို့ တစ်ယောက်သော လူတစ်ဦးသည် တန်းတန်းမတ်မတ် လျှောက်လှမ်းလာလေသည်။ ထိုအချိန်၌ သူကြီးဦးသာအေးမှာ ရေနွေးကြမ်းအိုးအား ရှေ့၌ချကာ အိမ်ရှေ့ကွပ်ပျစ်တွင် အေးအေးလူလူ တစ်ယောက်တည်း ထိုင်နေသည့်အခိုက် ဖြစ်သည်။
” အောင်မော်ပါလား၊ လာလေကွယ် ”
” မင်းလက်ထဲမှာ ပေါက်ပြားကြီးနဲ့ ပါလား၊ ဘယ်ကပြန်လာတာလဲကွယ့်၊ ယာထဲကလား ”
” မဟုတ်ပါဘူး သူကြီး၊ ကျွန်တော် …. ”
ကိုအောင်မော်မှာ စကားအား ရှေ့ဆက်မပြောသေးဘဲ ရေနွေးကြမ်း တစ်ခွက်အား ကောက်ယူ၍ မော့ချလိုက်သည်။ ထို့နောက် -
” ကျွန်တော် ကျီးအာရိုးက ပြန်လာတာ သူကြီး ”
” ဟေ … မင်းက ဘာသွားလုပ်တာလဲ ”
” ကျွန်တော့် သားလေးတွေဖြစ်တဲ့ ဘီလူးလေးတွေကို သွားဖော်ကြည့်တာပါ သူကြီး၊ ဒါပေမယ့် …. ”
” ဒါပေမယ့်၊ ဘာဖြစ်လဲ အောင်ကျော်၊ ဘာတွေ့ခဲ့လို့လဲ ”
သူကြီးဦးသာအေးမှ သိချင်ဇောဖြင့် အလောတကြီး မေးလိုက်သည်။ ကိုအောင်မော်၏ စကားများတွင် တစ်စုံတစ်ခုသော ထူးခြားသည့် အကြောင်းများ ပါနေသည်ကို သူကြီးဦးသာအေး သိနေသည်။
” ကျွန်တော် ဘာမှ မတွေ့ခဲ့ဘူး သူကြီး၊ တွင်းနှစ်တွင်းလုံးကို ဖော်ကြည့်ခဲ့တာ မြေစာတွေက လွဲလို့ ဘာမှ မတွေ့တော့ဘူး သူကြီး ”
” ဟေ …. ”
” ခွေးတွေ ဘာတွေများ တူးယက်ပြီး စားသွားတာလားကွယ် ”
” မဖြစ်နိုင်ပါဘူး သူကြီး၊ ကျွန်တော်တို့ တူးခဲ့တဲ့တွင်းကလည်း နက်တော့ ခွေးတွေ တူးယက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး သူကြီး၊ ဒါ့ထက် တွင်းနှစ်တွင်းလုံးက လက်ရာ ခြေရာ မပျက်ဘူး ”
သူကြီး ဦးသာအေးသည် အဝေးသို့ငေးကြည့်ရင်း စဉ်းစား တွေးတောဟန်ဖြင့် ဤသို့ ပြောလိုက်လေသည်။
” ဒါဆို အတော် စဉ်းစားဖို့ကောင်းတဲ့ ကိစ္စပဲ … ”
x x x x x
နောက်တစ်နေ့ နံနက်တွင် သူကြီးသည် ရွာထဲမှ ကိုအောင်မော် အပါအဝင် လူငယ်၊ လူလတ်ပိုင်းများအား ခေါ်ဆောင်ကာ ဘီလူးလေးများကို မြှုပ်နှံထားခဲ့ရာ တွင်းနှစ်တွင်းအား သွားရောက် တူးဖော်ကြည့်ကြလေသည်။ ကိုအောင်မော် ပြောသည့်အတိုင်းပင် ဘီလူးလေးများမှာ ရှိမနေတော့ပေ။ အဆိုပါ တွင်းနှစ်တွင်း ကြားကိုလည်း တူးဖော်ကြည့်ကြ သကဲ့သို့ ဘီလူးလေးများကို မြှုပ်နှံခဲ့ရာ ကျီးအာရိုးနားတစ်ဝိုက် တူးဖော်ဖြင့် ရှာဖွေ ခဲ့ကြလေသည်။
သို့ရာတွင် ဘီလူးလေးများ၏ အစအနကိုပင် မတွေ့ခဲ့ရပေ။ ထိုနေ့ ထိုအချိန်မှစ၍ ကိုအောင်မော်နှင့် မခင်ကြည်တို့မှ သုံးမြွှာပူး မွေးဖွားလာခဲ့သော ဘီလူးလေးများမှာ ပျောက်ခြင်းမလှ ပျောက်သွားခဲ့လေတော့သတည်း။
 Today Myanmar
Read More

“ လူတိုင်းဖတ်သင့်တဲ့ post လေးပါ ”

11:41 PM |





“ လူတိုင်းဖတ်သင့်တဲ့ post လေးပါ ”


ကားပြင်ဝပ်ရှော့ (Workshop) ဆရာတစ်ယောက်ဆီမှာ ကားအင်ဂျင်တစ်လုံးကိုင်ဖို့ သွားအပ်ရင် -----
ဝပ်ရှော့ဆရာက အရင်ဆုံး အင်ဂျင်ကို တစ်စီဖြုတ်၊
ပြီးရင် အင်ဂျင်ရဲ့ Head နဲ့ Bar ပြင်တဲ့ဆိုင်ပို့၊ စလစ်ရိုက်တဲ့ဆိုင်ပို့၊
ကရိုင်းရှပ်သတဲ့ဆိုင်ပို့ စသဖြင့် တစ်ဆိုင်စီ ခွဲပို့မယ်။

Piston နဲ့ ring အသစ်ဝယ်ထည့်၊ Gasket one set တစ်စုံအသစ်ဝယ်ထည့်၊
နော်ဇယ်နဲ့ ပလန်ဂျာကိုလည်း သက်ဆိုင်ရာဆိုင်ကို ပို့ပြီးပြုပြင်၊ ပြီးရင်ပြန်တပ်။ ရေတိုင်ကီဆေးတဲ့ဆိုင်ပို့၊အင်ဂျင်ဝိုင်အသစ်ဝယ်ထည့်၊ Filter လဲ၊ပြီးရင် စက်နှိုးလို့ရပါပြီ။
အဲဒီလို အင်ဂျင်တစ်လုံး ပြန်ကိုင်ဖို့အတွက် ၀ပ်ရှော့ဆရာက သက်ဆိုင်ရာ အစိတ်အပိုင်းအလိုက် ပြုပြင်တဲ့ဆိုင် အနည်းဆုံး (၃)ဆိုင်လောက် ပို့ပြီးပြင်ရပါတယ်။အသစ်လဲရမယ့် ပစ္စည်းအတွက်လည်း အနည်းဆုံး (၂)ဆိုင်လောက်က ၀ယ်ရပါတယ်။

တကယ်တော့ ၀ပ်ရှော့ဆရာ ဆိုတာ အကုန်လုံးကို လုပ်တတ်နေစရာမလိုပါဘူး။ တစ်စီဖြုတ်တတ်ဖို့၊ အပြစ်၊ ချို့ယွင်းချက်ကို တွေ့အောင်ရှာတတ်ဖို့ လိုအပ်ပါတယ်။
ဘယ်အစိတ်အပိုင်းကို ဘယ်ဆိုင်က ပြင်တာအကောင်းဆုံးဆိုတာတော့ သိထားဖို့လိုပါတယ်။ အသစ်ဝယ်လဲရမယ့်ပစ္စည်းအတွက်လည်း ဘယ်ဆိုင်က ပစ္စည်းက အမှန်ဆုံး၊ ဈေးအချိုဆုံးဆိုတာ သိဖို့လိုပါတယ်။ အားလုံးပြီးသွားရင် အစိတ်အပိုင်းအားလုံးကို မှန်ကန်စွာ ပြန်လည်စုစည်းတပ်ဆင် (Assembly) ပေးတတ်ဖို့လိုပါတယ်။
အဲဒီလို အားလုံးတပ်ဆင်ပြီးသွားလို့ ကားတစ်စီးကောင်းသွားရင် ၀ပ်ရှော့ဆရာပဲနာမည်ရပါတယ်။အစိတ်အပိုင်းတစ်ခုချင်းစီပြင်တဲ့သူတွေကတော့ နာမည်မရပါဘူး။ဒါပေမယ့် အစိတ်အပိုင်းတစ်ခုညံ့လို့ ကားမကောင်းရင်တော့ ၀ပ်ရှော့ဆရာပဲ နာမည်ပျက်ပါတယ်။ အဲဒီအစိတ်အပိုင်းပြင်တဲ့သူကို လူသိပ်မသိလိုက်ပါဘူး။

နာမည်ကျော် တိုယိုတာ ကားကုမ္ပဏီကြီးဟာလည်း သူကိုယ်တိုင် ဘာပစ္စည်းတစ်ခုမှ သိပ်မထုတ်လုပ်ပဲ ကားအစိတ်အပိုင်းတစ်ခုချင်းစီအလိုက် အကောင်းဆုံးအရည်အသွေးထုတ်လုပ်ပေးနိုင်တဲ့ ကုမ္ပဏီတစ်ခုချင်းစီကို ရွေးချယ်ထုတ်လုပ်ခိုင်းပြီး ပစ္စည်းအပ်နှံခိုင်းတာပါ။
ပြီးမှ အစိတ်အပိုင်းအားလုံးကို Assembly ပြုလုပ်လိုက်တာပါပဲ။ နာမည်ရတော့ TOYOTA ကပဲ ရပါတယ်။
အဓိကကတော့ အားလုံးအတွက် တာဝန်ယူရဲ၊ နာမည်ခံရဲရတာပါပဲ။

လူလောကမှာလည်း ဒီသဘောတရားအတိုင်းလို့ ထင်ပါတယ်။
အောင်မြင်သွားတဲ့သူတွေကို လေ့လာကြည့်ရင်
သူကိုယ်တိုင် အားလုံးကို မလုပ်ပါဘူး။ လုပ်လည်း မလုပ်တတ်ပါဘူး။
ဒါပေမယ့် သူ့လုပ်ငန်းအစိတ်အပိုင်းတစ်ခုချင်းစီရဲ့ Key Point တွေကို အသေအချာ နားလည်ထားတယ်။
သူလိုအပ်တဲ့ အဆင့်တစ်ခုစီရဲ့ အကောင်းဆုံးအရည်အသွေးတွေကို ဘယ်သူ့ဆီကနေညှစ်ထုတ်ရရှိနိုင်မယ်ဆိုတာကိုလည်း ကောင်းကောင်းကြီးသိနားလည်ထားတယ်။ပြီးရင် အကောင်းဆုံး စုစည်းပေးတယ်။
အစိတ်အပိုင်း တစ်ခုချင်းစီရဲ့ အရည်အသွေးကို တစ်ချိန်လုံး ထိန်းသိမ်းထားနိုင်တယ်။
အဆင့်အားလုံးအတွက် သူက တာဝန်ယူရဲတယ်။ နာမည်ခံရဲတယ်။
ဒီသဘောတရားကြောင့် အောင်မြင်မှုရရှိကြတယ်လို့ မြင်မိပါတယ်။

Kyaw Hlaing Win
လူဗိုလ်ဟူသည်.


ကားပြင်ဝပ်ရှော့ (Workshop) ဆရာတစ်ယောက်ဆီမှာ ကားအင်ဂျင်တစ်လုံးကိုင်ဖို့ သွားအပ်ရင် -----
ဝပ်ရှော့ဆရာက အရင်ဆုံး အင်ဂျင်ကို တစ်စီဖြုတ်၊
ပြီးရင် အင်ဂျင်ရဲ့ Head နဲ့ Bar ပြင်တဲ့ဆိုင်ပို့၊ စလစ်ရိုက်တဲ့ဆိုင်ပို့၊
ကရိုင်းရှပ်သတဲ့ဆိုင်ပို့ စသဖြင့် တစ်ဆိုင်စီ ခွဲပို့မယ်။

Piston နဲ့ ring အသစ်ဝယ်ထည့်၊ Gasket one set တစ်စုံအသစ်ဝယ်ထည့်၊
နော်ဇယ်နဲ့ ပလန်ဂျာကိုလည်း သက်ဆိုင်ရာဆိုင်ကို ပို့ပြီးပြုပြင်၊ ပြီးရင်ပြန်တပ်။ ရေတိုင်ကီဆေးတဲ့ဆိုင်ပို့၊အင်ဂျ
င်ဝိုင်အသစ်ဝယ်ထည့်၊ Filter လဲ၊ပြီးရင် စက်နှိုးလို့ရပါပြီ။
အဲဒီလို အင်ဂျင်တစ်လုံး ပြန်ကိုင်ဖို့အတွက် ၀ပ်ရှော့ဆရာက သက်ဆိုင်ရာ အစိတ်အပိုင်းအလိုက် ပြုပြင်တဲ့ဆိုင် အနည်းဆုံး (၃)ဆိုင်လောက် ပို့ပြီးပြင်ရပါတယ်။အသစ်လဲရမယ့်
ပစ္စည်းအတွက်လည်း အနည်းဆုံး (၂)ဆိုင်လောက်က ၀ယ်ရပါတယ်။

တကယ်တော့ ၀ပ်ရှော့ဆရာ ဆိုတာ အကုန်လုံးကို လုပ်တတ်နေစရာမလိုပါဘူး။ တစ်စီဖြုတ်တတ်ဖို့၊ အပြစ်၊ ချို့ယွင်းချက်ကို တွေ့အောင်ရှာတတ်ဖို့ လိုအပ်ပါတယ်။
ဘယ်အစိတ်အပိုင်းကို ဘယ်ဆိုင်က ပြင်တာအကောင်းဆုံးဆိုတာတော့ သိထားဖို့လိုပါတယ်။ အသစ်ဝယ်လဲရမယ့်ပစ္စည်းအတွက်လည်း ဘယ်ဆိုင်က ပစ္စည်းက အမှန်ဆုံး၊ ဈေးအချိုဆုံးဆိုတာ သိဖို့လိုပါတယ်။ အားလုံးပြီးသွားရင် အစိတ်အပိုင်းအားလုံးကို မှန်ကန်စွာ ပြန်လည်စုစည်းတပ်ဆင် (Assembly) ပေးတတ်ဖို့လိုပါတယ်။
အဲဒီလို အားလုံးတပ်ဆင်ပြီးသွားလို့ ကားတစ်စီးကောင်းသွားရင် ၀ပ်ရှော့ဆရာပဲနာမည်ရပါတယ်။အစိတ်
အပိုင်းတစ်ခုချင်းစီပြင်တဲ့သူတွေကတော့ နာမည်မရပါဘူး။ဒါပေမယ့် အစိတ်အပိုင်းတစ်ခုညံ့လို့ ကားမကောင်းရင်တော့ ၀ပ်ရှော့ဆရာပဲ နာမည်ပျက်ပါတယ်။ အဲဒီအစိတ်အပိုင်းပြင်တဲ့သူကို လူသိပ်မသိလိုက်ပါဘူး။

နာမည်ကျော် တိုယိုတာ ကားကုမ္ပဏီကြီးဟာလည်း သူကိုယ်တိုင် ဘာပစ္စည်းတစ်ခုမှ သိပ်မထုတ်လုပ်ပဲ ကားအစိတ်အပိုင်းတစ်ခုချင်းစီအလိ
ုက် အကောင်းဆုံးအရည်အသွေးထုတ်လုပ်ပေးနိုင်တဲ့ ကုမ္ပဏီတစ်ခုချင်းစီကို ရွေးချယ်ထုတ်လုပ်ခိုင်းပြီး ပစ္စည်းအပ်နှံခိုင်းတာပါ။
ပြီးမှ အစိတ်အပိုင်းအားလုံးကို Assembly ပြုလုပ်လိုက်တာပါပဲ။ နာမည်ရတော့ TOYOTA ကပဲ ရပါတယ်။
အဓိကကတော့ အားလုံးအတွက် တာဝန်ယူရဲ၊ နာမည်ခံရဲရတာပါပဲ။

လူလောကမှာလည်း ဒီသဘောတရားအတိုင်းလို့ ထင်ပါတယ်။
အောင်မြင်သွားတဲ့သူတွေကို လေ့လာကြည့်ရင်
သူကိုယ်တိုင် အားလုံးကို မလုပ်ပါဘူး။ လုပ်လည်း မလုပ်တတ်ပါဘူး။
ဒါပေမယ့် သူ့လုပ်ငန်းအစိတ်အပိုင်းတစ်ခုချ
င်းစီရဲ့ Key Point တွေကို အသေအချာ နားလည်ထားတယ်။
သူလိုအပ်တဲ့ အဆင့်တစ်ခုစီရဲ့ အကောင်းဆုံးအရည်အသွေးတွေကို ဘယ်သူ့ဆီကနေညှစ်ထုတ်ရရှိနိုင်မယ
်ဆိုတာကိုလည်း ကောင်းကောင်းကြီးသိနားလည်ထားတယ်။ပြီးရင် အကောင်းဆုံး စုစည်းပေးတယ်။
အစိတ်အပိုင်း တစ်ခုချင်းစီရဲ့ အရည်အသွေးကို တစ်ချိန်လုံး ထိန်းသိမ်းထားနိုင်တယ်။
အဆင့်အားလုံးအတွက် သူက တာဝန်ယူရဲတယ်။ နာမည်ခံရဲတယ်။
ဒီသဘောတရားကြောင့် အောင်မြင်မှုရရှိကြတယ်လို့ မြင်မိပါတယ်။


လူဗိုလ်ဟူသည်.
Read More

" ချစ်ရတဲ့ရင်သွေးငယ် "

8:04 PM |


Read More

" သစ္စာမပျက်..အချစ်ငှက် "

10:34 AM |








ထောင်သောင်းမကသော ငှက်မျိုးပေါင်းမြောက်များစွာထဲတွင် ဤငှက်တစ်မျိုးကား
အလွန်ထူးဆန်းအံ့ဩဖွယ်ရာကောင်းလေသည်။ အကြောင်းအမျိုးမျိုးကြောင့်အဖိုသေလျှင်
အမပါလိုက်သေတတ်သကဲ့သို့  အမ သေလျှင်လည်းအဖိုကပါလိုက်သေတတ်လေသည်။
အဖိုကလည်းကောင်း၊ အမ ကလည်းကောင်းသစ္စာပျက်ယွင်းသည်ဟုသံသယဝင်ရုံနှင့်
တစ်သိုက်တစ်မြုံ အကုန်သေတတ်သည်။ ထို့ ကြောင့်ငှက်လောကတွင် ထိုငှက်မျိုးကို
သစ္စာငှက်၊ အချစ်ငှက်ဟု ခေါ်ဆိုတတ်ကြသည်။ အချစ်နှင့်ပက်သက်လာလျှင်အသက်အသေခံ၍
သစ္စာစောင့်တတ်ကြသည်၊  တခြားငှက်မျိုးလိုမျိုးတူရာ မြင်ကရာတွေ့ ကရာ အထီးအမ တို့ နှင့်
ပျော်ပါးလေ့မရှိ ၊ တစ်ကောင်နှင့်တစ်ကောင်စုံမက်မြတ်နိုး၍မိတ်လိုက်ကြပြီဆိုလျှင်လည်း
ရာသက်ပန်သက်ဆုံးတိုင်အောင်ပင် ။ အထူးအခြားဆုံးမှာအသိုက်အမြုံဖွဲ့ ခြင်းနှင့်
သားသမီး၊ဇနီးမယားအပေါ် ငှက်ဖိုထီးက ပြုစုယုယကြင်နာခြင်း၊ဂရုတစိုက်ရှိခြင်းပင်။

    နွေဦးလေသည် တသွင်သွင်တိုက်ခတ်နေသည်။ ငှက်ဖိုငှက်မ နှစ်ကောင်သည် လေဟုန်စီးကာ
ကောင်းကင်ပေါ်ပျံဝဲနေကြသည်။ တောင်ထိပ်ပေါ်မှသည်တောင်ကြိုတောင်ကြား သစ်ရိုင်းပင်ကြီးများရှိရာသို့  နိမ့်ဆင်းလာကြသည်။တစ်ကောင်နှင့်တစ်ကောင်ထိုးဆိတ်ကာ
ကျီစယ်ကလူလာကြသည်။ 
          တောင်ခြေတွင် မင်းလွင်များပြာလွင့်နေကြသည်။ မြူခိုးနှင့်မင်းလွင်ကြားတွင်သူတို့ 
ပျံသန်းမြူုးထူးနေကြသည်။ ခြောက်ကောင်၊ ခုနှစ်ကောင်မှသည် ဆယ်ကောင်၊ဆယ်နှစ်ကောင်ထိ
အုပ်ဖွဲ့ ပျံသန်းနေကြရာမှ သူတို့ နှစ်ကောင်သည် ဘယ်လိုအကြောင်းကြောင့် 
အုပ်မှခွဲထွက်ပျံသန်းလာကြသည်ကိုသတိမရကြတော့။
         အတောင်ညောင်းလျှင်သစ်ပင်ကြီးများပေါ်တွင်နားသည်။ဆာလောင်မွတ်သိပ်မှု့ ဖြစ်လာလျှင်
တောထဲတွင်သစ်သီးဝလံများကိုအတူရှာစားကြသည်။ သူတို့ နှစ်ကောင်သည် ထိုအချိန်မှစ၍
သွားအတူ၊လာအတူ၊စားအတူ၊ အိပ်လည်းအတူတူပင်။
        ငှက်လောကတွင်သူတို့ အမျိုးလောက်သစ္စာရှိသော၊အချစ်ကြီးသောငှက်မျိုးကမရှိပေ၊ ထိုကြောင့်
ငှက်ခတ်မုဆိုးများနှင့်ဝေးလံသောတောကြီးမျက်မည်းထဲ၌သာနေတတ်ကြသည်။ ငှက်ခတ်မုဆိုးများက
ဤအချိန်တွင် အဖိုကိုလည်းကောင်း အမ ကိုလည်းကောင်း တစ်ကောင်ကောင် ကိုပစ်ခတ်သတ်ဖြတ်
သွားလျှင် ကျန်တစ်ကောင်မှာ မိုးစွန်တိမ်ညွှန့် ဖျားထိပျံတက်သွားကာ အတောင်ကိုရုတ်ချ၍
မြေပြင်ပေါ်ထိုးချ အသေခံတတ်လေသည်။

















Read More

" ရှားပါးနက်နဲတဲ့ မိခင်မေတ္တာ "

10:14 PM |


 ရှားပါးနက်နဲတဲ့ မိခင်မေတ္တာ....

ဂျပန်နိုင်ငံမှာ ငလျင်အကြီးအကျယ်လှုပ်ပြီးတဲ့ နောက်တစ်နေ့မှာ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင် ရေးလုပ်ငန်းတွေကို ဆောင်ရွက်ကြပါတယ်..။ ကယ်ဆယ်ရေးသမားတွေဟာ ပျက်စီးနေတဲ့ အမျိုးသမီး တစ်ဦးရဲ့ အိမ်ကိုရောက်တဲ့အခါမှာ.. အဆောက်အဦအပုံပျက်များကြားထဲက သေဆုံးနေတဲ့ အမျိုးသမီး အလောင်းကို တွေ့ရှိခဲ့ရပါတယ်..။ ဒါပေမယ့် သူမသေဆုံးနေတဲ့ပုံစံက ထူးခြားလို့နေပါတယ်..။ သူမဟာ မြေပေါ်ကိုဒူးထောက်ထားပြီး ၀တ်ပြုနေတဲ့ ပုံစံရှိပါတယ်..။ သူမရဲ့ ခန္ဓာကိုယ်ဟာ ရှေ့သို့ ညွှတ်ကိုင်းနေပြီး လက်နှစ်ဘက်ကတော့ ပစ္စည်းတစ်ခုကို ထောက်မထားပါတယ်..။ 

 အခက်အခဲပေါင်းများစွာနဲ့..၊ ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်ဟာ လက်တစ်ဝင်စာ အပေါက်ငယ်လေး ထဲကနေ အဆိုပါ အမျိုးသမီးအလောင်းကို ထုတ်ယူနိုင်ဖို့ ကြိုးစားပါတယ်..။ သူတို့ ဒီအမျိုးသမီး အသက်ရှင်နေလိမ့်အုံးမယ်လို့ မျှော်လင့်ဆဲပါ.။ ဒါပေမယ့် သူ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ကို ထိမိလိုက်တဲ့ အချိန်မှာတော့ အေးစက်ပြီးတောင့်ခဲနေတဲ့အမျိုးသမီးရဲ့ ခန္ဓာကိုယ်က သူမသေဆုံးကြောင်းကို သက်သေပြလို့နေခဲ့ပါပြီ.။ သူတို့ဟာ လက်လျှော့လိုက်ပြီး တစ်ခြားမှာ ပိတ်မိနေတဲ့သူတွေကို အကူအညီပေးဖို့ ပြင်လိုက်ကြပါတယ်..။ ဒါပေမယ့်…. ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်ဟာ တစ်စုံတစ် ယောက်က သူ့ကို သေချာပြန်ကြည့်ဖို့ ဆွဲဆောင်နေတယ်လို့ ထင်တာကြောင့် သေချာအောင် သေဆုံးနေတဲ့ အမျိုးသမီးကို အပေါက်ထဲကနေ ပြန် ကြည့်လိုက်ပါတယ်..။ ရုတ်တရက်ပဲ… သူစိတ်လှုပ်ရှားစွာနဲ့ အော်လိုက်မိပါတယ်.. 

 "ကလေး… ဒီမှာ ကလေးတစ်ယောက် ရှိနေတယ်…"

ကယ်ဆယ်ရေးအဖွဲ့တွေဟာ တက်ညီလက်ညီနဲ့ ပိတ်နေတဲ့ အဆောက်အဦပျက်တွေ အပိုင်းအစတွေကို ဖယ်ရှားကြပါတယ်..။ သေဆုံးနေတဲ့ အမျိုးသမီးရဲ့ အောက်မှာတော့ ပန်းပွင့်တွေပါတဲ့ စောင်လေးနဲ့ ထုပ်ပိုးထားတဲ့ သုံးလအရွယ် ကလေးလေးတစ်ယောက်ရှိနေပါတယ်..။ အမေဖြစ်သူက သူ့ကလေးအသက်ရှင်ဖို့အတွက် နောက်ဆုံးအချိန်ထိ အသက်စွန့်ခဲ့တာပါ..။ အိမ်ပြိုကျတဲ့အချိန်မှာ.. သူမဟာ သူမရဲ့ခန္ဓာကိုယ်ကို ကလေးအတွက် အကာအကွယ်အဖြစ် ပြုလုပ်ပေးခဲ့တာပါ..။ ကယ်ဆယ်ရေး ခေါင်းဆောင်ဟာ ကလေးဖြစ်သူကို ကောက်ချီလိုက်ချိန်မှာတော့ ကလေးဟာ နှစ်ခြိုက်စွာ အိပ်မောကျလျက်ရှိပါတယ်..။

 ဆရာဝန်တွေ အပြေးအလွှားရောက်လာပြီး ကလေးငယ်ကို ပြုစုပေးကြပါတယ်..။ ကလေးကို ထုပ်ပိုးထားတဲ့ အနှီးကို ဖွင့်လိုက်တဲ့အခါမှာ.. အနှီးထဲမှာ ဖုန်းလေးတစ်လုံးကို တွေ့လိုက်ရတယ်..။ အဲ့ဒီဖုန်းမှာ မက်ဆေ့(စ်) တစ်ကြောင်းရှိနေပါတယ်..။ 

"သားတစ်ကယ်လို့ အသက်ရှင်ခဲ့မယ်ဆိုရင်.. အမေသားကို ဘယ်လောက်ချစ်တယ်ဆိုတာ မမေ့ပါနဲ့…"

ဒီဖုန်းလေးဟာ တစ်ယောက်ကနေ တစ်ယောက်ဆီ လက်ဆင့်ကမ်းရောက်သွားပြီး ဖတ်မိသူတိုင်း မျက်ရည် မထိန်းနိုင်ခဲ့ကြပါဘူး..။

"သားတစ်ကယ်လို့ အသက်ရှင်ခဲ့မယ်ဆိုရင်.. အမေသားကို ဘယ်လောက်ချစ်တယ်ဆိုတာ မမေ့ပါနဲ့…" တဲ့….။ သြော်… အမေ့မေတ္တာ…. ကြီးမားလှချေလားဗျာ…။

အောင်ထွန်းဦး



ဂျပန်နိုင်ငံမှာ ငလျင်အကြီးအကျယ်လှုပ်ပြီးတဲ့ နောက်တစ်နေ့မှာ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင် ရေးလုပ်ငန်းတွေကို ဆောင်ရွက်ကြပါတယ်..။ ကယ်ဆယ်ရေးသမားတွေဟာ ပျက်စီးနေတဲ့ အမျိုးသမီး တစ်ဦးရဲ့ အိမ်ကိုရောက်တဲ့အခါမှာ.. အဆောက်အဦအပုံပျက်များကြားထဲက သေဆုံးနေတဲ့ အမျိုးသမီး အလောင်းကို တွေ့ရှိခဲ့ရပါတယ်..။ ဒါပေမယ့် သူမသေဆုံးနေတဲ့ပုံစံက ထူးခြားလို့နေပါတယ်..။ သူမဟာ မြေပေါ်ကိုဒူးထောက်ထားပြီး ၀တ်ပြုနေတဲ့ ပုံစံရှိပါတယ်..။ သူမရဲ့ ခန္ဓာကိုယ်ဟာ ရှေ့သို့ ညွှတ်ကိုင်းနေပြီး လက်နှစ်ဘက်ကတော့ ပစ္စည်းတစ်ခုကို ထောက်မထားပါတယ်..။

အခက်အခဲပေါင်းများစွာနဲ့..၊ ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်ဟာ လက်တစ်ဝင်စာ အပေါက်ငယ်လေး ထဲကနေ အဆိုပါ အမျိုးသမီးအလောင်းကို ထုတ်ယူနိုင်ဖို့ ကြိုးစားပါတယ်..။ သူတို့ ဒီအမျိုးသမီး အသက်ရှင်နေလိမ့်အုံးမယ်လို့ မျှော်လင့်ဆဲပါ.။ ဒါပေမယ့် သူ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ကို ထိမိလိုက်တဲ့ အချိန်မှာတော့ အေးစက်ပြီးတောင့်ခဲနေတဲ့အမျိုးသမီးရဲ့ ခန္ဓာကိုယ်က သူမသေဆုံးကြောင်းကို သက်သေပြလို့နေခဲ့ပါပြီ.။ သူတို့ဟာ လက်လျှော့လိုက်ပြီး တစ်ခြားမှာ ပိတ်မိနေတဲ့သူတွေကို အကူအညီပေးဖို့ ပြင်လိုက်ကြပါတယ်..။ ဒါပေမယ့်…. ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်ဟာ တစ်စုံတစ် ယောက်က သူ့ကို သေချာပြန်ကြည့်ဖို့ ဆွဲဆောင်နေတယ်လို့ ထင်တာကြောင့် သေချာအောင် သေဆုံးနေတဲ့ အမျိုးသမီးကို အပေါက်ထဲကနေ ပြန် ကြည့်လိုက်ပါတယ်..။ ရုတ်တရက်ပဲ… သူစိတ်လှုပ်ရှားစွာနဲ့ အော်လိုက်မိပါတယ်..

"ကလေး… ဒီမှာ ကလေးတစ်ယောက် ရှိနေတယ်…"

ကယ်ဆယ်ရေးအဖွဲ့တွေဟာ တက်ညီလက်ညီနဲ့ ပိတ်နေတဲ့ အဆောက်အဦပျက်တွေ အပိုင်းအစတွေကို ဖယ်ရှားကြပါတယ်..။ သေဆုံးနေတဲ့ အမျိုးသမီးရဲ့ အောက်မှာတော့ ပန်းပွင့်တွေပါတဲ့ စောင်လေးနဲ့ ထုပ်ပိုးထားတဲ့ သုံးလအရွယ် ကလေးလေးတစ်ယောက်ရှိနေပါတယ်..။ အမေဖြစ်သူက သူ့ကလေးအသက်ရှင်ဖို့အတွက် နောက်ဆုံးအချိန်ထိ အသက်စွန့်ခဲ့တာပါ..။ အိမ်ပြိုကျတဲ့အချိန်မှာ.. သူမဟာ သူမရဲ့ခန္ဓာကိုယ်ကို ကလေးအတွက် အကာအကွယ်အဖြစ် ပြုလုပ်ပေးခဲ့တာပါ..။ ကယ်ဆယ်ရေး ခေါင်းဆောင်ဟာ ကလေးဖြစ်သူကို ကောက်ချီလိုက်ချိန်မှာတော့ ကလေးဟာ နှစ်ခြိုက်စွာ အိပ်မောကျလျက်ရှိပါတယ်..။

ဆရာဝန်တွေ အပြေးအလွှားရောက်လာပြီး ကလေးငယ်ကို ပြုစုပေးကြပါတယ်..။ ကလေးကို ထုပ်ပိုးထားတဲ့ အနှီးကို ဖွင့်လိုက်တဲ့အခါမှာ.. အနှီးထဲမှာ ဖုန်းလေးတစ်လုံးကို တွေ့လိုက်ရတယ်..။ အဲ့ဒီဖုန်းမှာ မက်ဆေ့(စ်) တစ်ကြောင်းရှိနေပါတယ်..။

"သားတစ်ကယ်လို့ အသက်ရှင်ခဲ့မယ်ဆိုရင်.. အမေသားကို ဘယ်လောက်ချစ်တယ်ဆိုတာ မမေ့ပါနဲ့…"

ဒီဖုန်းလေးဟာ တစ်ယောက်ကနေ တစ်ယောက်ဆီ လက်ဆင့်ကမ်းရောက်သွားပြီး ဖတ်မိသူတိုင်း မျက်ရည် မထိန်းနိုင်ခဲ့ကြပါဘူး..။

"သားတစ်ကယ်လို့ အသက်ရှင်ခဲ့မယ်ဆိုရင်.. အမေသားကို ဘယ်လောက်ချစ်တယ်ဆိုတာ မမေ့ပါနဲ့…" တဲ့….။ သြော်… အမေ့မေတ္တာ…. ကြီးမားလှချေလားဗျာ…။

အောင်ထွန်းဦး
by: i Love Myanmar
Read More

" တန်ဖိုးထားသင့်သောအရာ "

7:33 AM |


ဖခင်ဖြစ်သူဟာ ထုံးစံအတိုင်း အိမ်ကိုနောက်ကျမှ ပြန်လာပါတယ်။ အရင်ရက်တွေကအတိုင်းပါပဲ ... ပင်ပန်းနေပြီး စိတ်တိုနေပုံလဲရပါတယ်။ အိမ်ရှေ့လည်း ရောက်ရော အိမ်တံခါးပေါက်ဝမှာ သူ့ရဲ့ ၅နှစ်အရွယ် သားငယ်လေးဟာ သူပြန်အလာကို ရပ်ပြီး စောင့်နေတာကိုတွေ့လိုက်ပါတယ်။

"ဖေဖေ.. ဖေဖေ့ကိုတစ်ခုလောက်မေးလို့ရမလားဟင် .."

"မေးလေ သားရဲ့ ... ဘာမေးမလို့လဲ" ဆိုပြီး ဖခင်ဖြစ်သူက ပြန်ပြောတယ်။

"ဖေဖေ တစ်နာရီအလုပ်လုပ်ရင် ပိုက်ဆံဘယ်လောက်ရလဲဟင် .."

"ဒါ မင်းအလုပ်မို့လို့လားကွာ ... မင်း ဒီလိုမေးပြီးတော့ မင်းဘာလုပ်မှာမို့လို့လဲ" ဆိုပြီး အဖေဖြစ်သူက ဒေါသတကြီးနဲ့ ပြန်ပြောတယ် ...။

"သားတကယ်သိချင်လို့ပါဖေဖေ .... ပြောပြပါနော် ... ဖေဖေတစ်နာရီအလုပ်လုပ်ရင် ဘယ်လောက်ရလဲဟင်" ဆိုပြီး သားလေးက အသနားခံတဲ့ အသံလေးနဲ့ ပြောတော့ ....

"အေး ... မင်းသိထား ... တစ်နာရီကို ဒေါ်လာ ၂၀ ရတယ်ကွ" ဆိုသတဲ့။ အဲတော့ ...

"အိုးးး" ဆိုပြီး ကလေးလေးက ခေါင်းလေးငုံ့သွားတယ် ... ပြီးတော့ သူ့ဖေဖေကိုကြည့်ပြီး "ဖေဖေ ... သားကို ပိုက်ဆံ ၁၀ဒေါ်လာလောက် ချေးလို့ရမလားဟင်" လို့ပြောတယ်။

အဲဒီ့အချိန်မှာ အဖေဖြစ်သူက အတော် ဒေါသထွက်သွားတယ်။

"ငါဘယ်လောက်ပိုက်ဆံရသလဲဆိုတာ မင်းသိချင်တဲ့ အဓိကရည်ရွယ်ချက်က မင်းလိုချင်တဲ့ ကစားစရာတွေ .. ပြီးတော့ ဘာမှအရေးအရာမဟုတ်တဲ့ ပစ္စည်းတွေကိုဝယ်ဖို့ ဆိုရင်တော့ အခုအချက်ချင်း မင်းအခန်းကိုမင်းသွားတော့ ... ပြီးရင် ... အိပ်တော့။ မင်းဟာလေ တော်တော်လေးကို တကိုယ်ကောင်းဆန်တာပဲ ..။ ငါ့မှာတော့ နေ့တိုင်း မင်းတို့အတွက် ရှာလိုက်ရတဲ့ ပိုက်ဆံ၊ လုပ်လိုက်ရတဲ့ အလုပ် ..။ မင်းကွာ ... မိဘကို တော်တော်မသိတတ်တာပဲ" ဆိုပြီး အော်ဟစ် ဆူပူလိုက်တော့ ကလေးလေးဟာ သူ့အခန်းကိုသူ ပြန်ဝင်သွားရှာတယ်။

ပြီးတော့ ... အဖေဖြစ်သူဟာ ဆိုဖာပေါ်မှာ ထိုင်ချပြီး သူ့သားရဲ့ မေးခွန်းအတွက် တနုံ့နုံ့ ဒေါသဖြစ်ရင်း မကျေမချမ်းဖြစ်နေတယ်။ ဘာအတွက်ကြောင့် ငွေလိုပြီး ဒီလိုမေးဖို့ သတ္တိတွေတောင် ရှိနေရတာလဲပေါ့ ...။

တစ်နာရီလောက်လဲကြာရော ... အဖေဖြစ်သူဟာ စိတ်ပြေစပြုလာတယ်။ ပြီးတော့ သူ့သားလေး ဘာတွေ အခက်အခဲဖြစ်နေလို့ ငွေလိုအပ်သလဲဆိုတာ စ စဉ်းစားမိတယ်။ "တစ်ခုခုကို ၀ယ်ဖို့ တကယ်လိုအပ်လွန်းလို့သာ ၁၀ ဒေါ်လာကို တောင်းတာဖြစ်မယ် .. ပြီးတော့ ဒီလိုငွေလိုတယ်ဆိုပြီး တောင်းတာမျိုးလဲ သိပ်မရှိခဲ့ပါဘူး" .... ဆိုပြီး တွေးမိတယ်။ ဒါကြောင့် သူ့သားလေးအခန်းကိုသွားပြီး တံခါးကို တွန်းဖွင့်လိုက်တယ် ..။

"သား ..... အိပ်နေပြီလား" လို့ မေးလိုက်တော့...

"မအိပ်သေးပါဘူး ဖေဖေ" ဆိုပြီး သားလေးက ပြန်ဖြေတယ်။

"ဖေဖေ သားကို ဆူပြီးတည်းက စဉ်းစားနေတာပါ ... စစချင်းတုန်းကတော့ ဖေဖေ မင်းကို အတော်စိတ်ဆိုးမိတယ်။ ဖေဖေ တစ်နေ့လုံး အလုပ်တွေများလွန်းလို့ စိတ်ရှုပ်နေတာ ... ဒါကြောင့် သားပြောတာကို စိတ်တိုမိသွားတာပါ။ ရော့ ရော့... ဒီမှာ သားတောင်းတဲ့ ဒေါ်လာ ၁၀" ဆိုပြီး ပြောသတဲ့။

အဲဒီ့အချိန်မှာ သားလေးဟာ အိပ်ယာပေါ်လှဲနေရာကနေ ထထိုင်လိုက်တယ်။ ပြီးတော့ "ကျေးဇူးတင်လိုက်တာ ဖေဖေ" ဆိုပြီး ၀မ်းသာအားရ အော်ပြောလိုက်တယ်။ ပြီးတော့ ခေါင်းအုံးအောက်ကို လက်နှိုက်ပြီး ပိုက်ဆံအလိပ်လေးတစ်ခုကို ယူလိုက်တယ်။ အဖေဖြစ်သူဟာ သားဖြစ်သူမှာ ပိုက်ဆံရှိရဲ့သားနဲ့ ထပ်တောင်းတယ်ဆိုတာကို မြင်တွေ့လိုက်တော့ နောက်တခါ ဒေါသထွက်လာပြန်တယ်။

သားလေးဟာ သူ့ပိုက်ဆံလေးတွေကို ဖြေးဖြေးချင်းရေပြီး သူ့ဖခင်ကို လှမ်းကြည့်သတဲ့ ..။

"မင်းမှာ ပိုက်ဆံရှိရဲ့သားနဲ့ ထပ်ပြီး ဘာကြောင့် လိုချင်နေတာလဲ" ဆိုပြီး ဒေါသနဲ့ ထပ်အော်ပြန်တယ်။

"ဘာဖြစ်လို့လဲဆိုတော့ ..... သားမှာ ပိုက်ဆံမလောက်လို့ပါ .... အခုတော့ လောက်သွားပါပြီ"

ပြီးတော့ ဆက်ပြီး .....

"သားမှာ အခုဆိုဒေါ်လာ ၂၀ ပြည့်သွားတော့ ဖေဖေ့ရဲ့ တစ်နာရီကို သားဝယ်လို့ရပြီ။ ဒါကြောင့် .... မနက်ဖြန် စောစောပြန်လာခဲ့နော်။ ဖေဖေနဲ့တူတူ ညစာစားချင်လို့ပါ" .....

Credit To @[158353617546814:274:အလင်္ကာမေကျော်] 

@[1632974556:2048:Jay Ki]

Follow Me @ https://www.facebook.com/JayKi.Twister For More



ဖခင်ဖြစ်သူဟာ ထုံးစံအတိုင်း အိမ်ကိုနောက်ကျမှ ပြန်လာပါတယ်။ အရင်ရက်တွေကအတိုင်းပါပဲ ... ပင်ပန်းနေပြီး စိတ်တိုနေပုံလဲရပါတယ်။ အိမ်ရှေ့လည်း ရောက်ရော အိမ်တံခါးပေါက်ဝမှာ သူ့ရဲ့ ၅နှစ်အရွယ် သားငယ်လေးဟာ သူပြန်အလာကို ရပ်ပြီး စောင့်နေတာကိုတွေ့လိုက်ပါတယ်။

"ဖေဖေ.. ဖေဖေ့ကိုတစ်ခုလောက်မေးလို့ရမလားဟင် .."

"မေးလေ သားရဲ့ ... ဘာမေးမလို့လဲ" ဆိုပြီး ဖခင်ဖြစ်သူက ပြန်ပြောတယ်။

"ဖေဖေ တစ်နာရီအလုပ်လုပ်ရင် ပိုက်ဆံဘယ်လောက်ရလဲဟင် .."

"ဒါ မင်းအလုပ်မို့လို့လားကွာ ... မင်း ဒီလိုမေးပြီးတော့ မင်းဘာလုပ်မှာမို့လို့လဲ" ဆိုပြီး အဖေဖြစ်သူက ဒေါသတကြီးနဲ့ ပြန်ပြောတယ် ...။

"သားတကယ်သိချင်လို့ပါဖေဖေ .... ပြောပြပါနော် ... ဖေဖေတစ်နာရီအလုပ်လုပ်ရင် ဘယ်လောက်ရလဲဟင်" ဆိုပြီး သားလေးက အသနားခံတဲ့ အသံလေးနဲ့ ပြောတော့ ....

"အေး ... မင်းသိထား ... တစ်နာရီကို ဒေါ်လာ ၂၀ ရတယ်ကွ" ဆိုသတဲ့။ အဲတော့ ...

"အိုးးး" ဆိုပြီး ကလေးလေးက ခေါင်းလေးငုံ့သွားတယ် ... ပြီးတော့ သူ့ဖေဖေကိုကြည့်ပြီး "ဖေဖေ ... သားကို ပိုက်ဆံ ၁၀ဒေါ်လာလောက် ချေးလို့ရမလားဟင်" လို့ပြောတယ်။

အဲဒီ့အချိန်မှာ အဖေဖြစ်သူက အတော် ဒေါသထွက်သွားတယ်။

"ငါဘယ်လောက်ပိုက်ဆံရသလဲဆိုတာ မင်းသိချင်တဲ့ အဓိကရည်ရွယ်ချက်က မင်းလိုချင်တဲ့ ကစားစရာတွေ .. ပြီးတော့ ဘာမှအရေးအရာမဟုတ်တဲ့ ပစ္စည်းတွေကိုဝယ်ဖို့ ဆိုရင်တော့ အခုအချက်ချင်း မင်းအခန်းကိုမင်းသွားတော့ ... ပြီးရင် ... အိပ်တော့။ မင်းဟာလေ တော်တော်လေးကို တကိုယ်ကောင်းဆန်တာပဲ ..။ ငါ့မှာတော့ နေ့တိုင်း မင်းတို့အတွက် ရှာလိုက်ရတဲ့ ပိုက်ဆံ၊ လုပ်လိုက်ရတဲ့ အလုပ် ..။ မင်းကွာ ... မိဘကို တော်တော်မသိတတ်တာပဲ" ဆိုပြီး အော်ဟစ် ဆူပူလိုက်တော့ ကလေးလေးဟာ သူ့အခန်းကိုသူ ပြန်ဝင်သွားရှာတယ်။

ပြီးတော့ ... အဖေဖြစ်သူဟာ ဆိုဖာပေါ်မှာ ထိုင်ချပြီး သူ့သားရဲ့ မေးခွန်းအတွက် တနုံ့နုံ့ ဒေါသဖြစ်ရင်း မကျေမချမ်းဖြစ်နေတယ်။ ဘာအတွက်ကြောင့် ငွေလိုပြီး ဒီလိုမေးဖို့ သတ္တိတွေတောင် ရှိနေရတာလဲပေါ့ ...။

တစ်နာရီလောက်လဲကြာရော ... အဖေဖြစ်သူဟာ စိတ်ပြေစပြုလာတယ်။ ပြီးတော့ သူ့သားလေး ဘာတွေ အခက်အခဲဖြစ်နေလို့ ငွေလိုအပ်သလဲဆိုတာ စ စဉ်းစားမိတယ်။ "တစ်ခုခုကို ၀ယ်ဖို့ တကယ်လိုအပ်လွန်းလို့သာ ၁၀ ဒေါ်လာကို တောင်းတာဖြစ်မယ် .. ပြီးတော့ ဒီလိုငွေလိုတယ်ဆိုပြီး တောင်းတာမျိုးလဲ သိပ်မရှိခဲ့ပါဘူး" .... ဆိုပြီး တွေးမိတယ်။ ဒါကြောင့် သူ့သားလေးအခန်းကိုသွားပြီး တံခါးကို တွန်းဖွင့်လိုက်တယ် ..။

"သား ..... အိပ်နေပြီလား" လို့ မေးလိုက်တော့...

"မအိပ်သေးပါဘူး ဖေဖေ" ဆိုပြီး သားလေးက ပြန်ဖြေတယ်။

"ဖေဖေ သားကို ဆူပြီးတည်းက စဉ်းစားနေတာပါ ... စစချင်းတုန်းကတော့ ဖေဖေ မင်းကို အတော်စိတ်ဆိုးမိတယ်။ ဖေဖေ တစ်နေ့လုံး အလုပ်တွေများလွန်းလို့ စိတ်ရှုပ်နေတာ ... ဒါကြောင့် သားပြောတာကို စိတ်တိုမိသွားတာပါ။ ရော့ ရော့... ဒီမှာ သားတောင်းတဲ့ ဒေါ်လာ ၁၀" ဆိုပြီး ပြောသတဲ့။

အဲဒီ့အချိန်မှာ သားလေးဟာ အိပ်ယာပေါ်လှဲနေရာကနေ ထထိုင်လိုက်တယ်။ ပြီးတော့ "ကျေးဇူးတင်လိုက်တာ ဖေဖေ" ဆိုပြီး ၀မ်းသာအားရ အော်ပြောလိုက်တယ်။ ပြီးတော့ ခေါင်းအုံးအောက်ကို လက်နှိုက်ပြီး ပိုက်ဆံအလိပ်လေးတစ်ခုကို ယူလိုက်တယ်။ အဖေဖြစ်သူဟာ သားဖြစ်သူမှာ ပိုက်ဆံရှိရဲ့သားနဲ့ ထပ်တောင်းတယ်ဆိုတာကို မြင်တွေ့လိုက်တော့ နောက်တခါ ဒေါသထွက်လာပြန်တယ်။

သားလေးဟာ သူ့ပိုက်ဆံလေးတွေကို ဖြေးဖြေးချင်းရေပြီး သူ့ဖခင်ကို လှမ်းကြည့်သတဲ့ ..။

"မင်းမှာ ပိုက်ဆံရှိရဲ့သားနဲ့ ထပ်ပြီး ဘာကြောင့် လိုချင်နေတာလဲ" ဆိုပြီး ဒေါသနဲ့ ထပ်အော်ပြန်တယ်။

"ဘာဖြစ်လို့လဲဆိုတော့ ..... သားမှာ ပိုက်ဆံမလောက်လို့ပါ .... အခုတော့ လောက်သွားပါပြီ"

ပြီးတော့ ဆက်ပြီး .....

"သားမှာ အခုဆိုဒေါ်လာ ၂၀ ပြည့်သွားတော့ ဖေဖေ့ရဲ့ တစ်နာရီကို သားဝယ်လို့ရပြီ။ ဒါကြောင့် .... မနက်ဖြန် စောစောပြန်လာခဲ့နော်။ ဖေဖေနဲ့တူတူ ညစာစားချင်လို့ပါ" .....။

 


Credit To အလင်္ကာမေကျော်
Read More

" ယုံကြည်သလို ရေးတဲ့စာ "

6:50 AM |



per_yktlyts_YKYG

 ကျွန်တော်ကတော့ ယုံကြည်သလိုပဲ ရေးတတ်ပါတယ်။ ကျွန်တော့် စာလုံးတွေထဲမယ် ကျွန်တော့်ရဲ့အသိဉာဏ်က လက်လှမ်းမီ သလောက် ကျွန်တော့်ခံစားမှုတွေ၊ မျှော်လင့်မှုတွေ၊ စိတ်စေတနာတွေ၊ ဇောတွေ၊ ရင်ခုန်သံတွေ၊ မွတ်သိပ်မှုတွေ ရောပြွမ်း ပါကောင်းပါလိမ့်မယ်။ သေချာတာ ကတော့ အားလုံးဟာ ရိုးသားစွာနဲ့ ကျွန်တော် ယုံကြည်တဲ့အတိုင်း ဖြစ်တယ် ဆိုတာပါပဲ။
ကျွန်တော်ကတော့ မြန်မာစာကို ကျွန်တော်တို့လူမျိုးရဲ့စာပေ ဖြစ်တာနဲ့တင် ချစ်ဖို့ လုံလောက်ခဲ့ပါတယ်။ အခြားသူတွေကိုလည်း ချစ်စေချင်ပါတယ်။


“စာစီစာကုံးဆိုတာ အပိုအလုပ်တွေပါ”လို့ပြောတဲ့သူတွေကို တွေ့ရတိုင်း စိတ်မကောင်းပါ။ ကျွန်တော်တို့လူမျိုးရဲ့ ကိုယ်ပိုင်ဘာသာစကားကို သုံးပြီး ကျွန်တော် တို့လူမျိုးတွေ နားလည်ခံစားနိုင်အောင် စာတစ်ပုဒ် ကောင်းကောင်းရေးတတ်ဖို့ အတွက် စာစီစာကုံးတွေကစပြီး ပျိုးထောင်ရတာပါပဲ။ လူနားလည်အောင် ရေးတတ်တာနဲ့ လူနားစွဲအောင် ရေးတတ်တာ မတူပါဘူး။ လူတိုင်းအတွက် တစ်ချိန်မှာ စာရေးတတ်ဖို့ လိုအပ်ချင် လိုအပ်လာမှာပဲ မဟုတ်လားဗျာ။ မချစ်ရင်တောင် လွှင့်ပစ်စရာလို့ သဘောထားတာ ကတော့ မသင့်ပါဘူး။
ကြုံရာသတ်ပုံနဲ့ ရေးနေတဲ့ Online ပေါ်ကစာတွေ၊ သတ်ပုံအမှားကို တမင်တကာရော မသိလို့ရော ဖက်ရှင်တစ်ခုလို သဘောထား သုံးစွဲနေကြ တာတွေ ပိုပို တွေ့လာရတဲ့အခါလည်း စိတ်မကောင်းပါ။ ပိုတာဝန်ရှိတယ်လို့ ခံစားရတဲ့ ပုံနှိပ်စာစောင် (Press Media) တွေကပါ အခြေခံ အမှားတွေကို ပုံမှန်ဆိုသလို ကျူးလွန်နေတာကို တွေ့ရတဲ့အခါ မှာတော့ ရင်လေးရပါတယ်။
စကားပြော အရေးအသားမှာ “တယ်၊ မယ်” စာလို အရေးအသားမှာ “သည်၊ မည်” စသည်ဖြင့် ပုံမှန်အခြေခံစည်းမျဉ်း လောက်ကိုတောင် မှန်အောင်မရေးနိုင်တဲ့ စာတွေကို တစ်စုံတစ်ရာ မတည်းဖြတ်ဘဲ နေ့စဉ်ရက်ဆက် ပုံမှန်ဖော်ပြကြတာမျိုး အမြဲတွေ့လာရပါတယ်။ သတ်ပုံအမှားများကို အစဉ်တစိုက် သုံးစွဲလာခြင်းအားဖြင့် အမှန်အဖြစ် သွတ်သွင်းပေးရာ ရောက်နေကြပါတယ်။ “လဲ” နှင့် “လည်း” အသုံးလောက် ကိုတောင် ဂရုတစိုက် တည်းဖြတ်မှု မရှိကြတော့ပါ။ ကျွန်တော်တို့ စာပေကို လေးစားမြတ်နိုးသော ပမာဏအလျောက် သတ်ပုံနဲ့ သဒ္ဒါစာပြင်ဆရာ တစ်ဦးလောက်အတွက် လစာ အကုန်ခံပေးကြပါလို့သာ ပြောချင်ပါတယ်။ ပြောနိုင်ပါတယ်။
“စာမူပါရေး မပါရေးဟာ ဝမ်းရေးနဲ့ ဆက်နေတယ် ဆိုရင်တော့…”
အင်္ဂလိပ်လို အသံထွက်မှားမိရင်၊ အပြောမှား အရေးမှားမိရင်တော့ ကျွန်တော်တို့ ကောင်းကောင်း ရှက်တတ်ကြပါတယ်။ မြန်မာလူမျိုးများက မြန်မာစာ အသုံးအနှုန်း၊ အထားအသို မှားနေတာကိုတော့ ဂုဏ်ယူစရာ တစ်ခုလိုတောင် ဖြစ်နေကြမလား လို့ဗျာ။ ထောက်ပြသူကိုတောင် “ဘုန်းကြီး ကျောင်းသားလား၊ တောကတက်လာတာလား” ဆိုတာမျိုး အထိကတော့ မဖြစ်သင့်တာမဟုတ်လား ခင်ဗျာ။ ကျွန်တော်တို့တွေ မှားနေကြပြီ ထင်ပါတယ်။
ပြင်သစ်လူမျိုး တစ်ဦးက အင်္ဂလိပ်လို မပြောတတ်တဲ့ အတွက်၊ အမှားပြောမိတဲ့အတွက် ရှက်တာမျိုး မတွေ့ဖူးပါ။ နပိုလီယံနဲ့ ဗော်လ်တဲယား အကြောင်း လုံးစေ့ပတ်စေ့ မပြောနိုင်တာ၊ ပြင်သစ်စကားနဲ့ စာကို ကျွမ်းကျွမ်းကျင်ကျင် ရှင်းမပြနိုင်တာကိုသာ ရှက်တတ်ကြပါတယ်။ ကျွန်တော်တို့ ကရော ဘာကိုရှက်ကြမှာလဲ ခင်ဗျာ။
အင်္ဂလိပ်စာတွေ ထည့်ရေးမှ၊ အင်္ဂလိပ်စကားလုံးတွေ ညှပ်ပြောမှ လူအထင်ကြီးတယ်ဆိုတာ အတိုင်းအတာတစ်ခု အထိတော့လည်း မှန်တယ်ဗျာ။ ဒါဟာ မရင့်ကျက်တဲ့၊ ဉာဏ်ပညာနိမ့်ကျတဲ့၊ စိတ်သဘောထား ဆိုင်ရာ သိမ်ငယ်စိတ် (Inferioirity Complex) ဝင်နေတဲ့ လူ့အဖွဲ့အစည်း တစ်ခုရဲ့ ပြယုဂ်ပါပဲ။
ကောင်းပါပြီ။ စာရေးသူက ဘယ်ကိုသွားမှာလဲ၊ သူ့အသိုင်း အဝိုင်းကို ဘယ်ကို ဆက်သွားစေချင်တာပါလဲဗျာ။ စာရေးသူတိုင်း ကိုယ်စီ မိမိကိုယ်ကိုယ် ပြန်မေးကြရမယ့် မေးခွန်း ထင်ပါတယ်။ ကျွန်တော်တို့ စာရေးနေတာက ကျွန်တော်တို့ အသိုင်းအဝိုင်းကို အဲဒီလို လမ်းကြောင်းအမှားထဲ ဆက်တွန်းပို့ရုံပဲလား။
ကျွန်တော်တို့ရဲ့ ဘိုးဘေးများက မော်တော်ကား၊ ရဟတ်ယာဉ်တို့၊ ရုပ်မြင်သံကြားတို့ကို တီထွင်သုံးစွဲခဲ့ကြတာ ဘယ်တော့မှ မမေ့ကောင်းပါ။
အင်္ဂလိပ်လိုပြောလိုက်မှ နားထဲ ရှင်းသွားတာမျိုးကလည်း တချို့သော အသိုင်းအဝိုင်းများမှာ အမှန်တကယ် ကြုံနေကျပါပဲ။ လျင်လျင်မြန်မြန် ကျယ်ပြန့်ဆန့်ကားလာတဲ့ နည်းပညာထဲမှာ ဘာသာပြန် စကားလုံး အလှဆင်နေဖို့ အချိန် မရှိတော့တာလည်း အမှန်ပါပဲ။ အထူးသဖြင့် ကန့်သတ်သုံးစွဲစရာ ပညာရပ်ဆိုင်ရာ စကားများမှာ သိသာလွန်းပါတယ်။ အရောင်တူသူချင်း ကြားထဲမှာ စကားတစ်လုံးနဲ့ ပြီးနိုင်ပေမယ့် အဆင်ကွဲတွေနားလည်ဖို့ မြန်မာစာ နှစ်ကြောင်း သုံးကြောင်းနဲ့ ပြန်ရှင်းရတတ် ပါသေးတယ်။
စိတ်စေတနာက အဓိကလို့ မှတ်ယူပါရစေ။ စာရေးသူရဲ့စိတ်စေတနာနဲ့ အဇ္ဈတ္တကို စာရေးသူက အသိဆုံးပါပဲဗျာ။ ကြာတော့လည်း ဒီပုတ်သင် ဘာအရောင်ဆိုတာ တဖြည်းဖြည်း သိကြရတာပဲ မဟုတ်ပါလား။
တချို့အတွက်တော့ စာတွေက ထမင်းအိုး၊ ဟင်းအိုးအဖြစ် ရှိနေဆဲပါပဲ။ ငွေနဲ့ အစက်ခံရတဲ့အခါ မတ်မတ်ရပ်ဖို့ သိပ်ခက်ပါတယ်။ မရေးချင် သော်လည်း တစ်ဝမ်းတစ်ခါး၊ နှစ်ဝမ်းနှစ်ခါး တွေအတွက် ရေးရတဲ့စာတွေဟာ အရောင် မှိန်လာတတ်ပါတယ်။ အရောင်လွင့်သွားရင်တော့ မကောင်းတော့ ပါဘူး။ လွင့်သွားတဲ့ အရောင်ပေါ်ကို ထမင်းကျွေးပြီး ဆိုးပေးမယ့် ဆေးတွေက ဝိုင်းနေတတ်တာမျိုး မဟုတ်ပါလား။
ဒီတိုက်ရဲ့အာဘော်က ဒီလိုပဲ၊ ဒီလိုရေးမှ ပါမှာပဲ .. ဆိုတာတွေကလည်း လျစ်လျူရှုလို့ မရကောင်းပါ။ စာမူပါရေး မပါရေးဟာ ဝမ်းရေးနဲ့ ဆက်နေတယ် ဆိုရင်တော့ သိပ်မမျှော်လင့်ကောင်းတော့ ပါဘူး။ အကောင်းဆုံး ကတော့ မိမိယုံကြည်တဲ့ အာဘော်မှာပဲ အစမှအဆုံးတိုင် မြဲမြဲရပ်နေကြဖို့ပါ။ အူမတောင့်ဖို့ဆိုတာ နေရာတိုင်းမှာ အရေးပါမြဲပဲ မဟုတ်လား။
အရင်ကတော့ စာပေသည် ဘယ်သူ့အတွက်ဆိုတာ ငြင်းခုံခဲ့ကြတာပါ။ ရည်ရွယ်ခဲ့ကြတဲ့ ဘယ်သူဘယ်ဝါ တချို့က မရှိတော့သော်လည်း စာပေကတော့ ရှိနေဆဲပါပဲ။ ကျွန်တော်ကတော့ ဘယ်သူအတွက် ဘယ်ဝါအတွက်လို့ ဝင်ပြောရလောက်အောင် မတတ်ပါ။ တစ်ယောက်ယောက် အတွက်တော့ အမြဲ ပါနိုင်ကောင်းပါတယ်။ အနည်းဆုံး ကျွန်တော့်ကိုယ်ကျွန်တော်အတွက် ဖြစ်နိုင်ပါတယ်။ ရေးကောင်းတဲ့ စာတစ်ပုဒ်ဟာ ဘယ်သူ့အတွက်ဆိုတာထက် ဘာအတွက်ဆိုတာက ပိုအရေးကြီးမလားလို့ ထင်မိပါရဲ့ဗျာ။
ရည်ရွယ်ချက်တစ်ခုအတွက် ရေးတဲ့စာ၊ ငွေအတွက် ရေးတဲ့စာ၊ လူအထင်ကြီးခံရဖို့ ရေးတဲ့စာ၊ သိက္ခာအတွက် ရေးတဲ့စာ၊ ထမင်းအတွက် ရေးတဲ့စာ၊ သားရေးသမီးရေးအတွက် ရေးတဲ့စာ၊ တစ်စုံတစ်ယောက်အတွက် ရေးတဲ့စာ၊ အနာဂတ်အတွက် ရေးတဲ့စာ၊ ဘဝအာမခံချက် အတွက် ရေးတဲ့စာ … ဘာစာပဲဖြစ်ဖြစ် ပေါက်လွှတ်ပဲစားမဟုတ်တဲ့ စာမှန်သမျှမှာ အရောင် ကိုယ်စီ ရှိကြပါတယ်။ အဆင့်ပေါ်မူတည်ပြီး တောက်ပမှုတွေ ကွဲပြားသွားကြ ပါတယ်။
အရောင်တွေကွဲပြားပေမယ့် အဆင့်မြင့်တဲ့စာတွေများတဲ့ လောကကြီးဟာ လင်းလက်မှုအား ပိုကောင်းတာပေါ့ဗျာ။ အရောင်အသွေးစုံနဲ့ ရွှန်းလက်တောက်ပနေတဲ့ စာပေလောကကြီးပေါ့။
စာတွေအရောင်လှဖို့၊ အရောင်ထွက်ဖို့ဆိုတာ အကြောင်းအချက် (Factors) များစွာအပေါ် အခြေခံနိုင်ပါတယ်။ တချို့အချက်တွေက ကျွန်တော်တို့ရဲ့ လက်တစ်ကမ်း အတွင်းကပါ။ နည်းနည်းအားစိုက်ပြီး လက်လှမ်း ပြုပြင်ပေးနိုင်တာနဲ့ အရောင် ပိုလှလာနိုင်ကြပါတယ်။ ပါဝင် ပတ်သက်သူအားလုံးက လက်လှမ်းလိုစိတ် ရှိကြဖို့ပဲလိုပါတယ်။
ကျွန်တော့်စာတွေကတော့ အရောင်နဲ့ တောက်ပမှုတွေအကြောင်း မဆိုနိုင်ပေမယ့် ဖတ်ကောင်းတဲ့စာတွေတော့ အမြဲဖြစ်ပါလိမ့်မယ်။ စာလုံးတွေထဲမယ် ကျွန်တော့် အသိဉာဏ်က လက်လှမ်းမီသလောက် စိတ်ခံစားမှုနဲ့ ရည်ရွယ်ချက်တွေ၊ ရင်ခုန်သံတွေ ပါကောင်း ပါနေပါလိမ့်မယ်။ သေချာတာ တစ်ခုက ဘယ်ဘက်ရင်ဘတ်က ခံစားတာကို ညာဘက်လက်က ယုံကြည်လို့ ရေးတဲ့စာတွေ ဖြစ်တယ်ဆိုတာပါပဲ။

(ယက္ခ) ရဲကြီး

 thevoicemyanmar
Read More

"မိခင်တစ်ယောက်ရဲ့ မုသားဖြူ ၈ ခု"

9:06 AM |




အလွန် ဆင်းရဲနုံချာလှတဲ့ ဘ၀တွေအဖြစ် မွေးဖွားခဲ့ရတဲ့အတွက် အဲဒီ့ အိမ်လေးမှာ ၀လင်အောင်စားဖို့ စားစရာ လုံလုံလောက်လောက် ဘယ်တော့မှ မရှိခဲ့ပါဘူး ...။
စားစရာ နည်းနည်းလောက် ရလာခဲ့ရင် ... အမေဖြစ်သူက သူ့သားလေးကို ပြောလေ့ရှိတယ် ...
"ဒီထမင်းခဲလေးကို သားလေး စားလိုက် .. အမေကတော့ မဆာဘူး သားရဲ့ ..."

ကလေးလေး အသက်နည်းနည်းကြီးလာတော့ အမေဖြစ်သူက အလုပ်လုပ်ပြီးလို့ အချိန်ပိုရင် အိမ်နားကမြစ်ထဲမှာ ငါးနည်းနည်းလောက် ရလိုရငြား သွားမျှားလေ့ရှိတယ် ...။ သူ့သားအတွက် အာဟာရဖြစ်တဲ့ အစားအသောက်နည်းနည်းလောက်ပဲ ဖြစ်ဖြစ် ကျွေးချင်လို့ပေါ့ ...။ ငါးသွားမျှားတိုင်း သူမဟာ ငါးနှစ်ကောင်လောက် ရတယ်...။ တစ်ကောင်ကိုတော့ ငါးစွပ်ပြုတ် လုပ်ပေးတယ် ... သူ့သားလေးအတွက်ပေါ့...။
သူ့သား ငါးစွပ်ပြုတ်လေးသောက်ပြီး ငါးကြော်စားနေတဲ့အချိန်မှာ သူကတော့ ကျန်တဲ့ အရိုးလေးတွေနဲ့ ဘေးမှာ ထိုင်စားနေတာပေါ့ ...။
ကလေးဟာ သူ့အမေဒီလို အရိုးအရင်း အကျန်လေးတွေနဲ့ စားနေတာကိုမြင်ရပြီး စိတ်မကောင်းတော့ သူ့အမေကို သူ့ပန်းကန်ထဲက ငါးကြော်အသားလေးတွေဖဲ့ပြီး ထည့်ပေးတယ် ...။ ဒါပေမယ့် အမေဖြစ်သူက
"သားစားမှာသာစားစမ်းပါကွယ် ... အမေက ငါး မကြိုက်ဘူး သားရဲ့ ..." တဲ့။

သားလေးအရွယ်ရောက်လာတော့ အမေဖြစ်သူဟာ သူ့သားပညာရေးအတွက် အလုပ်ပိုပြီး ကြိုးစားလုပ်ရတယ် ...။
အ၀တ်ချုပ်တဲ့အိမ်က အ၀တ်တွေကို အိမ်ယူလာပြီး လက်ချုပ်လိုက်ပေးရတယ် ...။
ဒါက သူ့သားလေး ပညာရေးရှေ့ဆက်ဖို့ ငွေရှာတဲ့နေရာမှာ တစ်စိတ်တစ်ပိုင်းတော့ အထောက်အကူပြုနိုင်တယ်လေ ...။
ဆောင်းညတစ်ည တော်တော်ညဥ့်နက်နေတဲ့အချိန်မှာ ... သားဖြစ်သူ အိပ်ရာကနိုးလာပြီး သူ့အမေတစ်ယောက် ဖယောင်းတိုင်မီးလေးနဲ့ တကုပ်ကုပ် အ၀တ်ချုပ်နေတာကိုမြင်လိုက်တယ် ...။
ကောင်လေးက "အမေ မအိပ်သေးဘူးလား" လို့မေးလိုက်တော့ ...
"သားလေးပြန်အိပ် ပြန်အိပ် .. အမေ မအိပ်ချင်သေးလို့ ရှိတဲ့ အလုပ်လေးတွေ လက်စသတ်နေတာ" ဆိုပြီး သူမက ပြုံးပြီးပြောတယ် ...

သူ့သားလေး အတန်းတင်စာမေးပွဲရောက်တဲ့ အချိန်မှာ ...သားနဲ့အတူ ကျောင်းကို လိုက်စောင့်ပေးခဲ့တယ် ...။ သူ့သားစာမေးပွဲဖြေလို့ မပြီးမချင်း နေပူအောက်မှာ နာရီများစွာ ရပ်စောင့်နေခဲ့တယ် ...။ သူ့သား စာမေးပွဲခန်းထဲက ထွက်လာတော့ ချက်ချင်း အမေရှိရာဆီကို ပြေးလာခဲ့တယ် ...။
အဲဒီ့အချိန်မှာ အမေဖြစ်သူက သားလေးအတွက် ကြိုဝယ်ထားတဲ့ လက်ဖက်ရည်ခွက်လေးကို ကမ်းပေးလိုက်တယ် ...။ သားဖြစ်သူဟာ သူ့အမေ နေပူထဲမှာ ချွေးတွေအတော်ထွက်နေတာကို မြင်သွားတော့ ... လက်ဖက်ရည်ခွက်လေးကို သူ့အမေဆီကိုလှမ်းလိုက်ရင်း "အမေလည်းသောက်လေ"ဆိုပြီး ပြောလိုက်တယ်။ ဒါပေမယ့် အမေဖြစ်သူကတော့ ...
"သားပဲသောက်ပါကွယ် ... အမေ ရေမဆာပါဘူး" တဲ့ ...။

ကလေးရဲ့ အဖေဖြစ်သူ ဆုံးပါးသွားကတည်းက အမေဖြစ်သူဟာ တစ်ယောက်တည်းနဲ့ သူ့သားကို ပြုစုစောင့်ရှောက်ခဲ့တယ် ...။ အလုပ်တွေလုပ်ရတယ် .. စားရိတ်တွေကို မျှတအောင်ကြိုးစားရတယ် ... မငတ်အောင်ရုံးကန်ခဲ့ရတယ် ...။ အိမ်နီးချင်းတွေက ဆင်းရဲတွင်းနက်နေတဲ့ သူတို့ဘ၀ကို မြင်တော့ အမေဖြစ်သူကို နောက်ထပ်အိမ်ထောင်ပြုဖို့ တိုက်တွန်းကြတယ် ...။ ဒါပေမယ့် အဲလိုလာပြောကြတိုင်း အမေလုပ်သူက ငြင်းတယ် ...
"ကျွန်မအတွက် အချစ်ဆိုတာ မလိုအပ်ပါဘူး" တဲ့ ...။

သားဖြစ်သူ ပညာရေးမှာ အောင်အောင်မြင်မြင်ပြီးဆုံးသွားတော့ အလုပ်တစ်ခုရတယ် ... အဲတော့ သူ့အမေကို "အမေပင်ပန်းလှပြီ .. အလုပ်မလုပ်ပါနဲ့တော့" ဆိုပြီး ပြောတယ် ...။ ဒါပေမယ့် သူမဟာ မနက်တိုင်း ဈေးမှာ အသီးအရွက်တွေရောင်းဖို့ သွားမြဲ သွားဆဲပါပဲ ...။ သူ့သား သူ့ကိုပို့ပေးတဲ့ ပိုက်ဆံတွေကို အမြဲတမ်း ပြန်ပို့တယ် ...။ ဒီလိုပြောရင်းနဲ့ပေါ့ ...။
"အမေ့မှာ ပိုက်ဆံရှိပါတယ် သားရယ်"

သားဖြစ်သူဟာ လစာကောင်းတဲ့ အလုပ်ကိုရရှိသွားတော့ သူ့အမေကို အမေရိကားကို ခေါ်ဖို့ဆုံးဖြတ်လိုက်ပါတယ် ... သူအခု ရှိနေတဲ့နေရာပဲလေ ...။ ဒါပေမယ့် အမေဖြစ်သူဟာ သူ့သားကို သူ့အတွက် ဒုက္ခမခံစေချင်ဘူး ... ၀န်ထုတ်ဝန်ပိုးမဖြစ်စေချင်ဘူး ...
"အဆင့်အတန်းမြင့်တဲ့ နေရာ တွေမှာ အမေမနေတတ်လို့ပါသားရယ် ... ကိုယ့်ဇာတိမြေမှာပဲ အမေနေချင်ပါတယ်" တဲ့ ...။

အသက်အရွယ်တော်တော်ရလာတော့ ... အမေဖြစ်သူဟာ ကင်ဆာရောဂါခံစားရပြီး ဆေးရုံတင်ထားလိုက်ရတယ် ...။ ပင်လယ်တွေခြားနေတဲ့ သားဖြစ်သူဟာ ခွဲစိတ်မှုပြီးလို့ အိပ်ယာပေါ်လှဲနေရတဲ့ သူ့အမေဆီကို အလျှင်အမြန်နဲ့ ပြန်လာခဲ့တယ် ...။ သားဖြစ်သူကိုမြင်တော့ သူမကြိုးစားပြီး ပြုံးလိုက်တယ် ...။ ဒါပေမယ့် သူ့အမေဟာ အရမ်းပိန်ပြီး အားနည်းနေရှာတာကိုမြင်လိုက်ရတော့ သားရဲ့ ရင်ထဲမှာ ဆို့နင့်ပြီး ခံစားလိုက်ရတယ် ....
အမေဖြစ်သူ ပြောတယ် ...
"မငိုပါနဲ့သားရယ် ... အမေသက်သာပါတယ်ကွယ် ... အမေဘာမှမဖြစ်ပါဘူး" တဲ့ ...။

ပေးဆပ်ခြင်းများစွာနဲ့ အမေဖြစ်သူဟာ သူမရဲ့ ရှစ်ခုမြောက်သော မုသားစကားကို ပြောပြီးပြီးချင်းပါပဲ ....
သူမရဲ့ ချစ်လှစွာသောသားရဲ့လက်ပေါ်မှာပဲ ကွယ်လွန်သွားရှာခဲ့ပါတယ် .....။

(သားသမီးများထံမှ ပြန်ရပါစေဆိုတဲ့ မျှော်လင့်ချက် တစ်စုံတစ်ရာမရှိပဲ ပေးဆပ်ခြင်းများစွာဖြင့် ပြုစုပျိုးထောင်ပေးကြသော အနန္တဂိုဏ်းဝင် မိခင်များအားလုံးကို ဂုဏ်ပြုလျှက် .....)

Translation Credit To အလင်္ကာမေကျော်
Read More

" ထောင်အာဏာပိုင်တွေ နဲ့ ဖောက်ထွင်းဝိဇ္ဇာ "

8:36 AM |


တစ်ခါတုံးက ထောင်အာဏာပိုင်တွေ နဲ့ ဖောက်ထွင်းဝိဇ္ဇာ တစ်ယောက် အကြားမှာ
 ထူးထူးခြားခြာ အားပြိုင်မှု တစ်ခု ဖြစ်ခဲ့ဖူးသည် ..။



အဲ့ဒီ ဖောက်ထွင်း ၀ိဇ္ဇာ က ကမ္ဘာ့အတော်ဆုံး သော့ဝိဇ္ဇာ လို့ ပြောလို့ရသည် ...။
 သူမဖျက်နိုင်တဲ့ တံခါး .. သူမဖောက်နိုင်တဲ့ တံခါး မရှိဘူးလို့ 
ကြွေးကြော်ထားသူဖြစ်သည် ...။ သူ့ကို ဘယ်ထောင်ထဲမှာမှ လည်း 
ပိတ်လှောင်ထားလို့ မရ ..။ တစ်နည်းမဟုတ် တစ်နည်းနဲ့ ထောင်ဖောက်ပြီး 
ပြေးတာချည်းပင်...။ သော့ဝိဇ္ဇာ ကိုးဗျ ...။ သူ ကြုံးဝါးထားတာ တစ်ခုရှိသေးသည်
 ..။ အဲ့ဒါက ဘယ်လိုသော့ ဘယ်လို တံခါးမျိုးပဲ ဖြစ်ဖြစ် ၅ မိနစ်အတွင်း 
သူ့စိတ်တိုင်းကျဖြစ်အောင် ဖောက်နိုင်တယ် ဆိုပဲဗျ ..။



ဒါနဲ့ သူ့ကို ဒီလို လွှတ်ထားလို့တော့ မဖြစ်တော့ဘူး ...။ တစ်ခုခု တော့ စီမံ 
ရမယ်ဆိုပြီး သက်ဆိုင်ရာထောင်အာဏာပိုင်တွေက အဲ့ဒီ သော့ဝိဇ္ဇာ ဆီကို 
ရအောင်ဆက်သွယ်သည် ..။ ပြီးတော့ သူ နှင့် သဘောတူညီချက် တစ်ခုကို 
လုပ်ဆောင်ကြသည် ...။ အဲ့သည့် သဘောတူညီချက်က ..



သော့ဝိဇ္ဇာ ကို အခန်းတစ်ခုမှာ ပိတ်ထားမည် ...။ သူက အဲ့သည့် 
အခန်းတံခါးသော့ကို ဖျက်ပြီး အပြင်ရအောင် ထွက်ရမည် ..။ သတ်မှတ်ချိန်က ၁၀ 
မိနစ် ...။ ၁၀ မိနစ် အတွင်းမှာ အဲ့ဒီ သော့ဝိဇ္ဇာ အပြင်ရောက်အောင် 
ထွက်နိုင်ရင် သူ့လုပ်ခဲ့တဲ့ ရာဇ၀တ်မှု အပြစ်တွေကို စာရင်းမှ 
ဖျောက်ဖျက်ပေးမည် ..။ ၁၀ မိနစ်အတွင်း မရ ခဲ့ ရင်တော့ သူ့ရဲ့ 
ရာဇ၀တ်မှုတွေအတွက် ဥပဒေအရ အရေးယူမှုကို ကျေကျေနပ်နပ် လက်ခံ ရမည် ...။ 
သော့ဝိဇ္ဇာက အဲ့သည့် စိန်ခေါ်မှုကို လက်ခံလိုက်သည် ..။



၁၀ မိနစ်ဆိုတာ သူ့အတွက် များလွန်းနေတယ် လို့ တောင် 
ခပ်ပြုံးပြုံးပြောလိုက်သေး ...။



သတ်မှတ်ထားတဲ့ ရက် .. သတ်မှတ်ထားတဲ့ အချိန်လဲ ရောက်ရော ... သတ်မှတ်ထားတဲ့ 
အခန်းထဲကို သော့ဝိဇ္ဇာကို ထည့် ပြီးတော့ အခန်းတံခါးကို ပိတ်လိုက်သည် ..။ 
အထဲက သူ ဆီမှာတော့ ဘာမှ ထွေထွေထူးထူးပါမသွား ..။ ၀တ်နေကျ ကုတ်အကျီင်္တစ်ထည်သာ
 ပါသွားသည် ..။ အချိန်စ မှတ်ပြီ ...။



၂ မိနစ် .... အေးအေးဆေးဆေးပင် ထိုင်လျှက် ရှိနေသေးသည် ...။



၃ မိနစ် ... ကုတ်အကျီင်္ အိတ်ထဲမှ ဆေးလိပ်ဘူးကို ထုတ် ... ဘူးထဲမှ 
ဆေးလိပ်တစ်လိပ်ကို ပါးစပ်ထဲခဲ .. မီးအသာညှိပြီး ခပ်လေးလေး ဖွာထုတ်လိုက်သည် 
...။



၎ မိနစ် ... ထိုင်နေရာက အသာထပြီး တံခါးဆီကို လျှောက်သွားလိုက်ပြီး 
သော့ပေါက်ထဲကို သူ၏ ကုတ်ထဲမှ 
ကရိယာများအသုံးပြုပြီးသော့ဖျက်ခြင်းလုပ်ငန်းစတင်သည် ..။



၅ မိနစ် ...

၆ မိနစ် ...

၇ မိနစ် ...



သော့ဝိဇ္ဇာကြီး ချွေးပြန်လေချေပြီ ..။ ဘယ်သော့ကိုမှ သူဒီလောက် 
မဖောက်ခဲ့ရဖူးဘူး ...။ အခုဟာက သူမှန်းထားတာထက် ပိုကြာနေပြီ ...။



၈ မိနစ် ... လုံးဝ မရသေး ..။

၉ မိနစ် ...

၁၀ မိနစ် ...



အတော်ဆုံးပါလို့ သတ်မှတ်ခံထားရတဲ့ သော့ဝိဇ္ဇာခမျာမှာ တံခါးတစ်ခုရှေ့မှာ 
ကျဆုံးခဲ့လေသည် ...။ သူရှုံးကြောင်း အာဏာပိုင် တွေ ရှေ့ကို ရောက်လာပြီး 
ခံဝန်ကတိ လက်မှတ်ထိုးပြီးသွားတော့ သူက မေးခွန်းတစ်ခု မေးသည် ..။



"ခင်ဗျားတို့ ဒီတံခါးကို ဘယ်သော့နဲ့များ ပိတ်ထားတာလဲဟင် ... ကျုပ်တသက်
 ဒီလိုမျိုးတစ်ခါမှ မတွေ့ဖူးဘူး"



အာဏာပိုင်တို့ကလည်း ပြန်ဖြေသည် ..။



"တကယ်တော့ အဲ့ဒီတံခါးက သော့ကိုပိတ်မထားတာ ... တံခါးက စေ့ရုံလေးစေ့ 
ထားတာ ခင်ဗျားတွန်းဖွင့်လိုက်ရင်တောင်တံခါးက ပွင့်တယ်ဗျ"



===========================

ဒါက တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုပါ .. ဇာတ်လမ်းလေး ဆုံးသွားပေမယ့် 
ကျွန်တော် ကတော့ အတွေးမဆုံးသေးဘူး ..။

ကျွန်တော် တို့ ဘ၀မှာလည်း ဒီလိုတံခါးမျိုးတွေ ခဏခဏ တွေ့ခဲ့ရဖူးမည် ..။ 
အသာလေးတွန်းဖွင့်လိုက်ရုံလေးဆိုပေမယ့် မပွင့်ပွင့်အောင် 
နည်းမျိုးစုံရှာကြံပြီး အပင်ပန်းခံကြရသည် ..။ သို့ပေမယ့် 
တွန်းဖွင့်ကြည့်ဖို့ကိုတော့ အရင်ဆုံးမကြိုးစားမိ ...။



အလှမ်းကျယ် ပြီး အလယ်တော့ မလပ်စေနဲ့ပေါ့ဗျာ ....။ အရိုးဆုံး နည်းလမ်းတွေကနေ
 စပြီးချဉ်းကပ်တာ အကောင်းဆုံးပဲ ...။ တစ်ခါတစ်လေမှာ ရိုးရိုးလေး 
တွန်းဖွင့်လိုက်ရင်တောင် လိုရာရောက်နိုင်ပါတယ်ဗျ ...။ ကဲ .. ကျွန်တော် 
ပြောသလောက်နဲ့ မကျေနပ်သေးရင် .. ဆက်ပြီးတွေးလိုက်ပါဦး ...

===========================



Credit - အတွေး-အရေး

တစ်ခါတုံးက ထောင်အာဏာပိုင်တွေ နဲ့ ဖောက်ထွင်းဝိဇ္ဇာ တစ်ယောက် အကြားမှာ ထူးထူးခြားခြာ အားပြိုင်မှု တစ်ခု ဖြစ်ခဲ့ဖူးသည် ..။

အဲ့ဒီ ဖောက်ထွင်း ၀ိဇ္ဇာ က ကမ္ဘာ့အတော်ဆုံး သော့ဝိဇ္ဇာ လို့ ပြောလို့ရသည် ...။ သူမဖျက်နိုင်တဲ့ တံခါး .. သူမဖောက်နိုင်တဲ့ တံခါး မရှိဘူးလို့ ကြွေးကြော်ထားသူဖြစ်သည် ...။ သူ့ကို ဘယ်ထောင်ထဲမှာမှ လည်း ပိတ်လှောင်ထားလို့ မရ ..။ တစ်နည်းမဟုတ် တစ်နည်းနဲ့ ထောင်ဖောက်ပြီး ပြေးတာချည်းပင်...။ သော့ဝိဇ္ဇာ ကိုးဗျ ...။ သူ ကြုံးဝါးထားတာ တစ်ခုရှိသေးသည် ..။ အဲ့ဒါက ဘယ်လိုသော့ ဘယ်လို တံခါးမျိုးပဲ ဖြစ်ဖြစ် ၅ မိနစ်အတွင်း သူ့စိတ်တိုင်းကျဖြစ်အောင် ဖောက်နိုင်တယ် ဆိုပဲဗျ ..။

ဒါနဲ့ သူ့ကို ဒီလို လွှတ်ထားလို့တော့ မဖြစ်တော့ဘူး ...။ တစ်ခုခု တော့ စီမံ ရမယ်ဆိုပြီး သက်ဆိုင်ရာထောင်အာဏာပိုင်တွေက အဲ့ဒီ သော့ဝိဇ္ဇာ ဆီကို ရအောင်ဆက်သွယ်သည် ..။ ပြီးတော့ သူ နှင့် သဘောတူညီချက် တစ်ခုကို လုပ်ဆောင်ကြသည် ...။ အဲ့သည့် သဘောတူညီချက်က ..

သော့ဝိဇ္ဇာ ကို အခန်းတစ်ခုမှာ ပိတ်ထားမည် ...။ သူက အဲ့သည့် အခန်းတံခါးသော့ကို ဖျက်ပြီး အပြင်ရအောင် ထွက်ရမည် ..။ သတ်မှတ်ချိန်က ၁၀ မိနစ် ...။ ၁၀ မိနစ် အတွင်းမှာ အဲ့ဒီ သော့ဝိဇ္ဇာ အပြင်ရောက်အောင် ထွက်နိုင်ရင် သူ့လုပ်ခဲ့တဲ့ ရာဇ၀တ်မှု အပြစ်တွေကို စာရင်းမှ ဖျောက်ဖျက်ပေးမည် ..။ ၁၀ မိနစ်အတွင်း မရ ခဲ့ ရင်တော့ သူ့ရဲ့ ရာဇ၀တ်မှုတွေအတွက် ဥပဒေအရ အရေးယူမှုကို ကျေကျေနပ်နပ် လက်ခံ ရမည် ...။ သော့ဝိဇ္ဇာက အဲ့သည့် စိန်ခေါ်မှုကို လက်ခံလိုက်သည် ..။

၁၀ မိနစ်ဆိုတာ သူ့အတွက် များလွန်းနေတယ် လို့ တောင် ခပ်ပြုံးပြုံးပြောလိုက်သေး ...။

သတ်မှတ်ထားတဲ့ ရက် .. သတ်မှတ်ထားတဲ့ အချိန်လဲ ရောက်ရော ... သတ်မှတ်ထားတဲ့ အခန်းထဲကို သော့ဝိဇ္ဇာကို ထည့် ပြီးတော့ အခန်းတံခါးကို ပိတ်လိုက်သည် ..။ အထဲက သူ ဆီမှာတော့ ဘာမှ ထွေထွေထူးထူးပါမသွား ..။ ၀တ်နေကျ ကုတ်အကျီင်္တစ်ထည်သာ ပါသွားသည် ..။ အချိန်စ မှတ်ပြီ ...။

၂ မိနစ် .... အေးအေးဆေးဆေးပင် ထိုင်လျှက် ရှိနေသေးသည် ...။

၃ မိနစ် ... ကုတ်အကျီင်္ အိတ်ထဲမှ ဆေးလိပ်ဘူးကို ထုတ် ... ဘူးထဲမှ ဆေးလိပ်တစ်လိပ်ကို ပါးစပ်ထဲခဲ .. မီးအသာညှိပြီး ခပ်လေးလေး ဖွာထုတ်လိုက်သည် ...။

၎ မိနစ် ... ထိုင်နေရာက အသာထပြီး တံခါးဆီကို လျှောက်သွားလိုက်ပြီး သော့ပေါက်ထဲကို သူ၏ ကုတ်ထဲမှ ကရိယာများအသုံးပြုပြီးသော့ဖျက်ခြင်းလုပ်ငန်းစတင်သည် ..။

၅ မိနစ် ...
၆ မိနစ် ...
၇ မိနစ် ...

သော့ဝိဇ္ဇာကြီး ချွေးပြန်လေချေပြီ ..။ ဘယ်သော့ကိုမှ သူဒီလောက် မဖောက်ခဲ့ရဖူးဘူး ...။ အခုဟာက သူမှန်းထားတာထက် ပိုကြာနေပြီ ...။

၈ မိနစ် ... လုံးဝ မရသေး ..။
၉ မိနစ် ...
၁၀ မိနစ် ...

အတော်ဆုံးပါလို့ သတ်မှတ်ခံထားရတဲ့ သော့ဝိဇ္ဇာခမျာမှာ တံခါးတစ်ခုရှေ့မှာ ကျဆုံးခဲ့လေသည် ...။ သူရှုံးကြောင်း အာဏာပိုင် တွေ ရှေ့ကို ရောက်လာပြီး ခံဝန်ကတိ လက်မှတ်ထိုးပြီးသွားတော့ သူက မေးခွန်းတစ်ခု မေးသည် ..။

"ခင်ဗျားတို့ ဒီတံခါးကို ဘယ်သော့နဲ့များ ပိတ်ထားတာလဲဟင် ... ကျုပ်တသက် ဒီလိုမျိုးတစ်ခါမှ မတွေ့ဖူးဘူး"

အာဏာပိုင်တို့ကလည်း ပြန်ဖြေသည် ..။

"တကယ်တော့ အဲ့ဒီတံခါးက သော့ကိုပိတ်မထားတာ ... တံခါးက စေ့ရုံလေးစေ့ ထားတာ ခင်ဗျားတွန်းဖွင့်လိုက်ရင်တောင်တံခါးက ပွင့်တယ်ဗျ"

===========================
ဒါက တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုပါ .. ဇာတ်လမ်းလေး ဆုံးသွားပေမယ့် ကျွန်တော် ကတော့ အတွေးမဆုံးသေးဘူး ..။
ကျွန်တော် တို့ ဘ၀မှာလည်း ဒီလိုတံခါးမျိုးတွေ ခဏခဏ တွေ့ခဲ့ရဖူးမည် ..။ အသာလေးတွန်းဖွင့်လိုက်ရုံလေးဆိုပေမယ့် မပွင့်ပွင့်အောင် နည်းမျိုးစုံရှာကြံပြီး အပင်ပန်းခံကြရသည် ..။ သို့ပေမယ့် တွန်းဖွင့်ကြည့်ဖို့ကိုတော့ အရင်ဆုံးမကြိုးစားမိ ...။

အလှမ်းကျယ် ပြီး အလယ်တော့ မလပ်စေနဲ့ပေါ့ဗျာ ....။ အရိုးဆုံး နည်းလမ်းတွေကနေ စပြီးချဉ်းကပ်တာ အကောင်းဆုံးပဲ ...။ တစ်ခါတစ်လေမှာ ရိုးရိုးလေး တွန်းဖွင့်လိုက်ရင်တောင် လိုရာရောက်နိုင်ပါတယ်ဗျ ...။ ကဲ .. ကျွန်တော် ပြောသလောက်နဲ့ မကျေနပ်သေးရင် .. ဆက်ပြီးတွေးလိုက်ပါဦး ...
===========================

Credit - အတွေး-အရေး
Read More

" ငွေနဲ့ ပညာ ဘယ်ဟာ အရင်ရှာမလဲ "

6:59 AM |


Photo: ငွေနဲ့ ပညာ ဘယ်ဟာ အရင်ရှာမလဲ


သူငယ်ချင်း တစ်ယောက်ကပြောတယ်။ ပညာရှာဖို့အတွက် ပိုက်ဆံဆိုတာ အရင်လိုအပ်တယ်ကွ တဲ့။ စာဖတ်သူတို့ လက်ခံပါသလား။ လက်ခံတယ်ဆိုရင် မှားနိုင်ပါတယ်။ ဘာကြောင့်ပါလဲ....

ပညာရှာဖို့အတွက် အချို့ က မွေးရာပါ မချမ်းသာလာပါဘူး။ ဒါကြောင့် ပဲ ငွေမတတ်နိုင်လို့ ပညာရေးမှာအားမပေးလို့ ဘဝရှုံးတာတွေ လက်တွေ့ မှာလည်း မြင်ရ သိရပါတယ်။ နောက်ဆုံး ထားလိုက်တဲ့ ခံယူချက်ကတော့ ငွေမရှိလို့ ပညာမရှာနိုင်ဘူး ဆိုတာလေးပေါ့။  

ခရီးတစ်ခုကို သွားတဲ့အခါ--

ပန်းခင်းထားတဲ့လမ်းပေါ်ရောက်ရင် ဖိနပ်ချွတ်လို့ လျှောက် ချင် လျှောက်နိုင်မယ်။

ဂုံးအဆင်းမှာ လမ်းလျောလို့ ဒရွတ်တိုက်ဆင်းချင်ဆင်းနိုင်တယ်။ ဆင်းလို့ရတယ်။ 

မက်ဆောက်လွန်းလို့ အပင်တက်ရသလို ဆွဲတတ်ချင် တတ်ရမယ်။ 

ရေပြည့်နေလို့ လက်ပစ်ကူးရချင် ကူးရမယ်။ 

မြွေပေါလို့ ဘွတ်ဖိနပ်စီးချင်စီးရမယ်။ 

ကျားပေါလို့ ခါးတောင်းကြိုက် ပြေးချင်ပြေးရမယ်။ 

ဆိုလိုရင်းက ဒီလိုပါ။ ပညာတစ်ခုကို ရှာဖို့ ကြိုးစားတိုင်း ငွေမရှိတဲ့ အခက်နဲ့ ကြုံတဲ့အခါ ဒါကို ဘယ်လိုဖြေရှင်းရမလဲဆိုတာကို အဖြေရှာတတ်ဖို့ပါ။ 

ခရီးတစ်ခုကို တည့်တည့်သွားလို့ မရရင် သွယ်ဝိုက်ပြီးသွားရတာမျိုးတွေ ရှိပါတယ်။ ရေကြီးနေလို့ ရေကျတဲ့အချိန်ကို စောင့်ရတာမျိုးတွေ ရှိပါတယ်။ 

ဒီလိုပါပဲ သင်တန်းကြေး၊ ကျောင်းကြေးမရှိလို့ လက်လျော့ အရှုံးပေးမယ့် အစား ငါဒီပညာ၊ အရည်အချင်းရဖို့၊ လက်မှတ်ရဖို့၊ တကယ်လည်း သိဖို့တတ်ဖို့ ဘယ်လိုကြိုးစားယူရမယ်ဆိုတာကို ထွက်ပေါက် စဉ်းစားတတ် ဖို့ပါ။ 

ဘဝမှာ မွေးလာကတည်းက ကိုယ်ဒါဆိုဒါပဲ လျှောက်ရမယ်၊ လုပ်ရမယ်လို့ စည်းကမ်း မချထားပါဘူး။ အမြဲတမ်း ထွက်ပေါက်၊ ရှောင်လွဲပေါက်၊ ဖြေရှင်းပေါက်၊ ဖြတ်လမ်း အစရှိသဖြင့် တို့ကို စောင့်စိုင်းကြည့်ရှုရမယ်။ တကယ်လည်း လျှောက်ရမယ်။ 

အောင်မြင်တဲ့သူတွေ အများစုက အဲ့လိုနည်းလမ်းတွေ အရမ်းသုံး တယ်။ ကျောင်းမတတ်နိုင်ဘူး။ ကျောင်းပညာမှာ စိတ်မပါဘူး။ သို့ပေမယ့် တစ်ဖက်ဖက်မှာ ထူးချွန်သွားတယ်။ သို့တည်းမဟုတ် ယင်းပညာကိုပဲ သွယ်ဝိုက်သောနည်းနဲ့ ရယူ ကြိုးစားတာကြောင့် လက်တွေ့ ဖြစ်လာတာမျိုးတွေလည်း သာဓကတွေ အများကြီးပါ။ သိချင်ရင် ဘယ်သူတွေဆိုတာကို တစ်ယောက်ချင်းစီညွန်ပြပါ့မယ်။ 

ဒီလောက်ဆိုရင် ငွေနဲ့ ပညာ ဘယ်ဟာကို အရင်ရှာရမလဲဆိုတာ ရှင်းနေပြီလေ။ ဘယ်သူမှ ငွေလေး ကျလာပါစေလို့ မစောင့်ဘူး။ ငွေကို ရအောင် သမာအာဇီဝနည်းနဲ့ ကြိုးစားရင်ကြိုးစားပေါ့။ မဖြစ်နိုင်သေးဘူး ဆိုရင် ငါရေကျတဲ့အချိန်ကိုပဲ စောင့်မလား၊ တစ်ခြားလမ်းကနေ သွားရမလား၊ ခုန်ဆွခုန်ဆွသွားရမလား ဥာဏ်ရှိသလိုသုံးသပ်ပေါ့။ ငွေမရှိလို့ ပညာမရှိသည့် ဘဝအခက်အခဲအား ကြော်ဖြတ်နိုင်ရန် စာရေးသူမှ တိုက်တွန်း ရေးသားလိုက်ရ ပါတယ်။
--
အောင်ခမ်း (ရိုးရာလေး)

http://www.yoyarlay.com/book/article/37073-money-and-knowledge-what-is-your-choice

.

သူငယ်ချင်း တစ်ယောက်ကပြောတယ်။ ပညာရှာဖို့အတွက် ပိုက်ဆံဆိုတာ အရင်လိုအပ်တယ်ကွ တဲ့။ စာဖတ်သူတို့ လက်ခံပါသလား။ လက်ခံတယ်ဆိုရင် မှားနိုင်ပါတယ်။ ဘာကြောင့်ပါလဲ....
ပညာရှာဖို့အတွက် အချို့ က မွေးရာပါ မချမ်းသာလာပါဘူး။ ဒါကြောင့်ပဲ ငွေမတတ်နိုင်လို့ ပညာရေးမှာ အားမပေးလို့ ဘဝရှုံးတာတွေ လက်တွေ့ မှာလည်း မြင်ရ သိရပါတယ်။
နောက်ဆုံး ထားလိုက်တဲ့ ခံယူချက်ကတော့ ငွေမရှိလို့ ပညာမရှာနိုင်ဘူး ဆိုတာလေးပေါ့။
ခရီးတစ်ခုကို သွားတဲ့အခါ--
ပန်းခင်းထားတဲ့လမ်းပေါ်ရောက်ရင် ဖိနပ်ချွတ်လို့ လျှောက် ချင် လျှောက်နိုင်မယ်။
ဂုံးအဆင်းမှာ လမ်းလျောလို့ ဒရွတ်တိုက်ဆင်းချင်ဆင်းနိုင်တယ်။ ဆင်းလို့ရတယ်။
မက်ဆောက်လွန်းလို့ အပင်တက်ရသလို ဆွဲတတ်ချင် တတ်ရမယ်။
ရေပြည့်နေလို့ လက်ပစ်ကူးရချင် ကူးရမယ်။

မြွေပေါလို့ ဘွတ်ဖိနပ်စီးချင်စီးရမယ်။
ကျားပေါလို့ ခါးတောင်းကြိုက် ပြေးချင်ပြေးရမယ်။
ဆိုလိုရင်းက ဒီလိုပါ။ ပညာတစ်ခုကို ရှာဖို့ ကြိုးစားတိုင်း ငွေမရှိတဲ့ အခက်နဲ့ ကြုံတဲ့အခါ ဒါကို ဘယ်လိုဖြေရှင်းရမလဲဆိုတာကို အဖြေရှာတတ်ဖို့ပါ။

ခရီးတစ်ခုကို တည့်တည့်သွားလို့ မရရင် သွယ်ဝိုက်ပြီးသွားရတာမျိုးတွေ ရှိပါတယ်။ ရေကြီးနေလို့ ရေကျတဲ့အချိန်ကို စောင့်ရတာမျိုးတွေ ရှိပါတယ်။

ဒီလိုပါပဲ သင်တန်းကြေး၊ ကျောင်းကြေးမရှိလို့ လက်လျော့ အရှုံးပေးမယ့် အစား ငါဒီပညာ၊ အရည်အချင်းရဖို့၊ လက်မှတ်ရဖို့၊ တကယ်လည်း သိဖို့တတ်ဖို့ ဘယ်လိုကြိုးစားယူရမယ်ဆိုတာကို ထွက်ပေါက် စဉ်းစားတတ် ဖို့ပါ။

ဘဝမှာ မွေးလာကတည်းက ကိုယ်ဒါဆိုဒါပဲ လျှောက်ရမယ်၊ လုပ်ရမယ်လို့ စည်းကမ်း မချထားပါဘူး။ အမြဲတမ်း ထွက်ပေါက်၊ ရှောင်လွဲပေါက်၊ ဖြေရှင်းပေါက်၊ ဖြတ်လမ်း အစရှိသဖြင့် တို့ကို စောင့်စိုင်းကြည့်ရှုရမယ်။ တကယ်လည်း လျှောက်ရမယ်။

အောင်မြင်တဲ့သူတွေ အများစုက အဲ့လိုနည်းလမ်းတွေ အရမ်းသုံး တယ်။ ကျောင်းမတတ်နိုင်ဘူး။ ကျောင်းပညာမှာ စိတ်မပါဘူး။ သို့ပေမယ့် တစ်ဖက်ဖက်မှာ ထူးချွန်သွားတယ်။ သို့တည်းမဟုတ် ယင်းပညာကိုပဲ သွယ်ဝိုက်သောနည်းနဲ့ ရယူ ကြိုးစားတာကြောင့် လက်တွေ့ ဖြစ်လာတာမျိုးတွေလည်း သာဓကတွေ အများကြီးပါ။ သိချင်ရင် ဘယ်သူတွေဆိုတာကို တစ်ယောက်ချင်းစီညွန်ပြပါ့မယ်။

ဒီလောက်ဆိုရင် ငွေနဲ့ ပညာ ဘယ်ဟာကို အရင်ရှာရမလဲဆိုတာ ရှင်းနေပြီလေ။ ဘယ်သူမှ ငွေလေး ကျလာပါစေလို့ မစောင့်ဘူး။ ငွေကို ရအောင် သမာအာဇီဝနည်းနဲ့ ကြိုးစားရင်ကြိုးစားပေါ့။ မဖြစ်နိုင်သေးဘူး ဆိုရင် ငါရေကျတဲ့အချိန်ကိုပဲ စောင့်မလား၊ တစ်ခြားလမ်းကနေ သွားရမလား၊ ခုန်ဆွခုန်ဆွသွားရမလား ဥာဏ်ရှိသလိုသုံးသပ်ပေါ့။ ငွေမရှိလို့ ပညာမရှိသည့် ဘဝအခက်အခဲအား ကြော်ဖြတ်နိုင်ရန် စာရေးသူမှ တိုက်တွန်း ရေးသားလိုက်ရ ပါတယ်။
--
အောင်ခမ်း (ရိုးရာလေး)


YoYarLay's photo.
Read More

" အပျိုကြီး လူပျိုကြီးတွေကြောင့် "

6:03 AM |





အပျိုကြီး လူပျိုကြီး တွေကြောင့် တိုင်းပြည် တစ်ခုမှာ (GDP) လို့ခေါ်တဲ့ တစ်ဦးချင်း ဝင်ငွေတွေ ကျင်ဆင်းကြရ တယ်လို့ပြောရင် ညောင်ဦး ကမ်းပါးပြို တာနဲ့ စမ္ပါနဂိုက နွားမပေါင်ကျိုး တာနဲ့ ဘာဆိုင်လို့လဲလို့ ပြောကြမဲ့ လူတွေ အများကြီးရှိ ပါလိမ့်မယ်။
တစ်ခုနဲ့တစ်ခု ကျိုးကြောင်း ဆက်စပ်ပြီး သက်ရောက် မှုတွေရှိတယ် ဆိုတာကို အဲဒီလူတွေရဲ့ ဘဝများက သင်ကြားပြသွားတဲ့ အချိန် ကိုရောက်ရင် သူတို့နားလည် သွားကြ ပါလိမ့်မယ်။ ဒီအချိန်မှာ GDP ကိစ္စကို အပျိုကြီး လူပျိုကြီးတွေကို လက်ညှိုးထိုး နေရင် အန္တရာယ်များ လိမ့်မယ်ထင် တယ်။

တကယ်တော့ အပျိုကြီး လူပျိုကြီး များနဲ့ တိုင်းပြည် စီးပွားရေးက ဆက်စပ် ယှက်နွှယ်မှု ရှိနေတာ အမှန်ပါ ပဲ။ ကြက်မကြီးနဲ့ ကြက်ဥ လိုပါပဲ။ ကြက်ဥကပဲ ကြက်မကြီး တစ်ကောင် ဖြစ်စေတာလား၊ ကြက်မကြီးကပဲ ကြက်ဥကို ဥပေးလိုက်တာလား ဆိုတာ အစရှာရခက်တယ်။ ကျိုးကြောင်း ဆက်စပ်မှုကတော့ ရှိနေတာအမှန်ပဲ။ ဒါပေမဲ့ ဘယ်ဟာကအစ၊ ဘယ်ဟာ ကအဆုံးဆိုတာ ပြောရခက်လိမ့်မယ်။ အပျိုကြီးလူပျိုကြီးများနဲ့ လူတစ်ဦးချင်း စီရဲ့ ဝင်ငွေကိစ္စ၊ တိုင်းပြည်စီးပွားရေး ကိစ္စကို ခွဲခြမ်းစိတ်ဖြာပြရမယ်ဆိုရင် အဲဒီကြက်ဥနဲ့ကြက်မပြဿနာလိုပဲ ဖြစ်နေလိမ့်မယ်။ ပြဿနာရဲ့အစကို ရှာရတာ ဂျာအေးသူ့အမေရိုက်သလို ဖြစ်နေလိမ့်မယ်။ ဒါကို အနီးစပ်ဆုံး စဉ်းစားကြည့်ရအောင်။

အကျိုးအကြောင်း အမျိုးမျိုး ကြောင့် တိုင်းပြည် တစ်ပြည်ဟာ ဆင်းရဲခဲ့ရတယ် ဆိုပါတော့။ ဒါမှမဟုတ် ဝင်ငွေနိမ့်ကျလာတယ်ဆိုပါတော့။ အဲဒါတွေနဲ့ တစ်ဆက်တည်းဖြစ်လာ ရှားပါးလာမယ်။ အလုပ်အကိုင် အခွင့် အလမ်းတွေ ဖန်တီးပေးနိုင်တဲ့ လုပ်ငန်း တွေနည်းပါးလာမှာ အမှန်ပါပဲ။ ဒီတော့ အလုပ်လက်မဲ့တွေ များလာလိမ့်မယ်။ လူတွေဟာ ဝင်ငွေနည်းပြီး၊ ထွက်ငွေ များလာတဲ့အခြေအနေကို ဆိုက် ရောက်လာရတော့မှာ သေချာပါတယ်။ ဒီတော့ ဘာဖြစ်မလဲ၊ စားဝတ်နေရေး၊ ကျန်းမာရေး၊ လူမှုရေးကအစ ပညာ ရေးကိစ္စတွေအထိ တွက်ချက်စဉ်းစား ပြီး ဝင်ငွေနဲ့ထွက်ငွေမျှတအောင် ဖန်တီးကြရတော့မယ်။ ဘဝကိုနေပျော် အောင်နေနိုင်ဖို့အတွက် စဉ်းစားကြ တော့မယ်။

ဒီတော့ အိမ်ထောင်ရှင်တွေက သားသမီးယူဖို့ကိစ္စကို နည်းနည်းနဲ့ ကျဲကျဲဝိုင်းဆိုသလို မျိုးဆက်ခြားတဲ့ နည်းတွေ၊ လူဦးရေအကန့်အသတ် စီမံကိန်းအတိုင်း ဆောင်ရွက်ကြလေ့ရှိ ကြသလို အိမ်ထောင်မပြုကြရသေးတဲ့ အပျိုကြီးလူပျိုကြီးတွေကတော့ အိမ်ထောင်ပြုရမယ့်ကိစ္စ၊ သားသမီး ယူရမယ့်ကိစ္စတွေကို ကြောက်လာ ကြတယ်။ ဖြစ်နိုင်ရင် ရှောင်ဖယ်ချင် ကြတယ်။ ဝင်ငွေထွက်ငွေမမျှတတော့ တိုးလာမယ့် ပါးစပ်ပေါက်တွေအတွက် အရဲမစွန့်ရဲကြဘူး။ မိန်းမ၊ ယောကျာ်း ယူဖို့ကိစ္စကို ဝေါင်ဝေါင်ရှေးပြီး ဝေးဝေး ရှောင်ကြတော့တယ်။ အိမ်ထောင် သည်ဘဝကို မခံယူရဲတော့ဘူး။ အိမ် ထောင်သည် ဘဝရဲ့စိန်ခေါ်မှုတွေကို သူတို့တစ်တွေ မရင်ဆိုင်ရဲတော့တာ အမှန်။

သားသမီး မယူရဲကြတော့ လူဦး ရေနည်းလာပေလိမ့်မယ်။ လူဦးရေ နည်းတော့ ကုန်ထုတ်စွမ်းအားတွေကို ထိခိုက်လိမ့်မယ်။ ကုန်ထုတ်စွမ်းအား ချည့်နဲ့အားနည်းလာတဲ့အခါ တိုင်းပြည် ရဲ့ စီးပွားရေးအခြေအနေကလည်း ရှောင်လွှဲမရနိုင်လောက်အောင် ဆုတ် ယုတ်ကျဆင်း သွားတော့မှာ သေချာ တယ်။ ဒီစကားကို မှန်းတုတ်ရမ်းတုတ် ပြီး ပြောနေတာမဟုတ်ပါဘူး။ ကမ္ဘာ ကြီးရဲ့ဖြစ်စဉ်တွေကို လေ့လာသုံးသပ် ရင်တွေ့ရပါလိမ့်မယ်။ စီးပွားရေးဖွံ့ဖြိုး တဲ့အချိန်ကာလတွေမှာ လူဦးရေတိုး တက်လာပြီး လူဦးရေတိုးတက်မှုရှိတဲ့ ကာလတွေမှာ စီးပွားရေးတိုးတက်လာ တတ်တာကို သွားပြီးတွေ့ရတတ်တယ်။
ပထမစက်မှု တော်လှန်ရေးကြီး မဖြစ်ခင်က ကမ္ဘာပေါ်မှာ လူဦးရေ သန်း (၅၀ဝ)လောက်သာ ရှိခဲ့ပြီး စက်မှု တော်လှန်ရေးကြီး ဖြစ်ပြီးမှ လူဦးရေနှစ် ဆတိုးတက်ခဲ့ တယ်လို့ စာရင်းဇယား တွေအရ သိခဲ့ရတယ်။ ပထမစက်မှု တော်လှန်ရေး ခေတ်ကာလ တွေကနေ ဒုတိယ စက်မှုတော်လှန်ရေး ခေတ်ကာလ ရောက်တော့ နှစ်ဆခွဲလောက်ထပ်တိုး ခဲ့ပြီး ၁၉၂၇ခုနှစ်ကနေပြီး ၁၉၆၀ လောက်အထိလည်း နှစ်စဉ်တိုးတက် လာခဲ့တဲ့ လူဦးရေနဲ့အတူ စီးပွားရေး တွေလည်း အရှိန်အဟုန်နဲ့တိုးတက် လာကြတာကို သတိပြုမိခဲ့ကြတယ်။ ဒီတော့ လူဦးရေတိုးတက်မှုနဲ့ စီးပွားရေး တိုးတက်မှုနှုန်းဟာ တစ်ပြေးညီဖြစ် ပေါ်တတ်ပြီး လူဦးရေကျလာလေ စီးပွားရေးကျလာလေလို့ ပြောရလိမ့် မယ်။ ဒီလိုပဲ စီးပွားရေးကျလာလို့ လူဦးရေကျလာပြီး၊ လူဦးရေကျလာလို့ စီး ပွားရေးကျတယ် တို့ " ဂျာအေးသူ့ အမေရိုက်လို့" ဆိုတဲ့ အဖြစ်မျိုး ကလည်း မလွှဲမရှောင်နိုင်တွေ့ရပြန်တယ်။

ဒီနေ့ ကမ္ဘာပေါ်မှာ လူဦးရေ ပေါက်ကွဲ နေကြတဲ့ ဘရာဇီးလို၊ ရုရှား လို၊ အိန္ဒိလို၊ တရုတ်လို နိုင်ငံကြီးတွေက စီးပွားရေးတိုးတက် နေတာကို ထောက် ပြကြပြီး လူဦးရေ တိုးပွားလာရင် စီးပွား ရေးလည်း တိုးပွားလာသယောင် ယောင် တချို့တွေက ဆိုကြပါတယ်။ ဘယ်လောက်မှန်နေလို့ ဘယ်လောက် မှားတယ်ဆိုတာတော့ မသိပါဘူး။ သူတို့ထောက်ပြတဲ့ BRIC လေးနိုင်ငံ ကတော့ သူတို့ပြောသလို လူဦးရေ လည်းများပါရဲ့၊ စီးပွားရေးလည်း တစ်စုံတစ်ရာ တိုးတက်နေပါရဲ့။

ဒါပေမဲ့ လူဦးရေ တိုးတက်လာပေ မဲ့ စီးပွားရေး ကျနေတဲ့ အမေရိကန်နိုင်ငံ နဲ့ တချို့တချို့နိုင်ငံ တွေကို လက်ညှိုး ထိုးပြရမယ်ဆိုရင်တော့ ပညာရှိတွေ ငြင်းခုံဆွေးနွေးရတဲ့ ဆွေးနွေးပွဲကြီး ပေါ်ပေါက်လာနိုင်တယ်။ ဒါကတော့ အလွန်သေချာတဲ့ ကိစ္စ။ သမိုင်းနဲ့ချီတဲ့ အထောက်အထားတွေ နောက်မှာ မတူတဲ့ အယူအဆတွေဟာလည်း ဓမ္မတာပဲ ရှိနေပါလိမ့်မယ်။ ဒီတော့ လူဦးရေတိုးလို့ စီးပွားရေးတိုးတက်ပြီး၊ စီးပွားရေးတိုးတက်လာကြလို့ လူဦးရေ တိုးတက်တယ်ဆိုတဲ့အယူအဆဟာ ဟုတ်သလိုလိုတော့ ရှိသလိုပါပဲ။ ဒါပေမဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ပေမဲ့ လူဦးရေနိမ့်ကျလာတဲ့ ဂျပန်လို၊ တောင်ကိုရီးယားလို နိုင်ငံတွေကလည်း ရှိနေပြန်တော့ သူတို့ကမေးခွန်းသစ် တွေကို ယူဆောင်လာဦးမှာ သေချာပါ တယ်။

တိုင်းပြည်တစ်ပြည်မှာ စီးပွားရေး တိုးဖို့ဆိုတာ လူဦးရေတိုးမှ လုပ်အား တိုးပြီး စီးပွားရေး တိုးတက်မယ်ဆိုတဲ့ အယူအဆဘက်က ကြည့်မယ်ဆိုရင် တော့ လူဦးရေတိုးတာ ကောင်းပါတယ်။ စီးပွားရေး မတိုးတက်လို့ လူဦးရေဆုတ် ယုတ်ကျဆင်း လာနေရတယ် ဆိုတာက တော့ ကောင်းမယ် မထင်ဘူး။ လူပျို ကြီးအပျိုကြီးများ ခင်ဗျား.. တိုင်းပြည် စီးပွားရေးတိုးတက် စေဖို့အတွက် မြန်မြန်ဆန်ဆန် အိမ်ထောင်ပြုကြပါ လို့ မျက်စိမှိတ်ပြီး တိုက်တွန်း ပါရစေ။ GDP ကိစ္စကို လူပျိုကြီး အပျိုကြီးတွေ ကြောင့်လို့ လက်ညှိုး ထိုးကြမယ့် လူတွေ ကလည်း ရှိနေကြတယ် မဟုတ်လား။


BY အခွင့်အလမ်း
 သတင်းချစ်သူ - ဝေဟင်
Read More

Related Posts Plugin for WordPress, Blogger...