စုဆောင်းရှာဖွေထားသမျှပြန်လည်ဝေမျှပါသည်...ဗဟုသုတတိုးပွားနိုင်ကြပါစေဗျာ

" ဆလုံတိုင်းရင်းသားတို့ နှင့်လူမှု့ ဘဝပုံရိပ်များ"

2:06 AM |


ဆလုံ လူမျိုးတို့ သည် မြိတ်ကျွန်းစု၏ အဖိုးမဖြတ်နိုင်သော ပြဂယုဒ် တစ်ခုဖြစ်သည်။သူတို့ ၏ ဓလေ့စရိုက် ရိုးသားဖြောင့်
မတ်မှုကို တုနှိုင်းရန် အရာမရှိပါ။ ထိုကြောင့် ဆလုံလူမျိုးတို့ မှာ လူသိများထင်ရှားနေခြင်းဖြစ်သည်။ ဆလုံလူမျိုးတို့ သည်
နေရာအတိအကျမရှိ။ပင်လယ်ပြင် တစ်ခွင် ၀မ်းစာအတွက် လှည့်လည် ကျက်စားကြသည်။




ရေကူးရေငုပ်ရာတွင် ကျွမ်းကျင်သည်။ ထိုကြောင့် Sea Gypsy or Men Of the Sea အဖြစ် အမည်တွင်ခြင်း ဖြစ်သည်။
သမိုင်းကြောင်းအရ ရှေးယခင်က မလေးကျွန်းဆွယ်တွင်နေထိုင်ကြပြီး စီးနှင်းတိုက်ခိုက်လုယက်မှုများကြောင့် မြိတ်ကျွန်း
စုဘက်သို့ ရွေ့ ပြောင်းလာကြခြင်း ဖြစ်သည်။ ယနေ့ အခါ ဆလုံလူမျိုးများကို ကော့သောင်းမြို့ အနီး ကျွန်းများတွင်
မြင်တွေ့ နိုင်သည်။




ဆလုံလူမျိုးတို့ သည် စိုက်ပျိုးရေး၊မွေးမြူရေးဖြင့် အသက်မမွေး၊ရေလုပ်ငန်း ပုလဲလုပ်ငန်းတို့ ဖြင့် အသက်မွေးကြသည်။
ပင်လယ် ကမ်းခြေတစ်လျှောက် လှေလှော်ခတ်ရင်း တစ်ကျွန်းမှ တစ်ကျွန်းကူးကာ နေထိုင်လေ့ရှိသည်။လှေကလေးများ
ကို ပေါ့ပါးသော သစ်လုံးများဖြင့် ထွင်းယူကြသည်။



ယင်းလှေများမှာ ပင်လယ်ခရီးအတွက် အဆင်ပြေ  အသုံးဝင်လှသည်။အသုံးအဆောင်များ၊အစာရေစာများ၊ခွေး၊ကြောင်
ကြက်များ    ကိုလည်း တစ်ပါတည်း လှေနှင့်အတူ တင်ယူလာလေ့ရှိကြသည်။ ဆောင်း၊နွေ ရာသီများတွင် ငါးဖမ်းခြင်း
ရေထွက်ပစ္စည်းများ ရောင်းဝယ်ခြင်းတို့ ဖြင့် အသက်မွေးကြပြီး၊မိုးရာသီ ရာသီဥတု ဆိုးရွားသည့်အခါ နီးစပ်ရာ
ကျွန်းပေါ်တွင် ၀ါးခြေတိုင်ရှည် တဲများဖြင့်လည်းကောင်း၊ဂူ များရှာပြီး လည်းကောင်း နေထိုင်လေ့ရှိသည်။



Sea Gypsy ဟူသောအမည်နှင့် လိုက်လျောညီထွေစွာပင် သဘာဝပင်လယ်ဘေးအန္တာရယ်ကိုလည်း ရှောင်တိမ်းတတ်
ကြသည်။ရာသီဥတု အလွန် ဆိုးရွားနေစဉ်မှာပင် မိမိနေထိုင်ကျွန်းဆီသို့ အမြန်ဆုံး ပြန်ရောက်အောင် သွားနိုင်ကြသည်။
ဆလုံလူမျိုးတို့ ၏ ရေငုပ်ပညာ ကျွမ်းကျင်မှုမှာ အံ့မခန်းဖြစ်သည်။ ပင်လယ်ကြမ်းပြင်အထိ ရေငုပ်နိုင်ပြီး ရေအောက်တွင်
အောက်ဆီဂျင် အကူအညီမပါပဲ အချိန်အတော်ကြာ ( ၁ နာရီခန့် )နေနိုင်ကြသည် ဟု ဆိုကြသည်။



(ပင်လယ်ကြမ်းပြင် ၁၆ လံထက် ပိုပြီး မည်သည့် ရေငုပ်သမားမှ မငုတ်နိုင်ကြပါ၊ရေဖိအားဒဏ်ကို မခံနိုင်ကြသောကြောင့်
ဖြစ်သည်။ရေအရမ်းနက်လျှင် နား၊မျက်စိ၊နှာခေါင်း စသည့် နေရာများမှ သွေးများယိုထွက်လာသည်ကို မည်သူမျှ မခံနိုင်
ပါ။ တစ်နာရီကြာအောင်  ရေငုတ်သော ဆလုံလည်း မရှိပါ အလွန့်  အလွန် မိနစ်(၂၀) မျှသာ အောက်ဆီဂျင် မပါပဲ
ငုတ်နိုင်ကြသည်)



တစ်ရက်ထဲ ထိုကဲ့သို့ ရေငုပ်ခြင်းမျိုး အကြိမ်အရေတွက် များများလုပ်နိုင်သည်။ပင်လယ်ခရု၊ကမာ(မုတ်)ကောင်များ၊
ငါးကြီးအံဖတ်၊     ပင်လယ်ရေမှော်ပင်၊ပုလဲ၊ငှက်သိုက်၊ပျားရည်၊ပရဆေးပင် များကို ရှာဖွေစုဆောင်းပြီး ရောင်းချလေ့
ရှိသည်။ဆလုံလူမျိုးများသည် အခြားလူမျိုးများနှင့်ရောရောနှောနှော နေထိုင်လေ့မရှိချေ။ ယင်းတို့ ၏ လူနေထိုင်မှု စနစ်
မှာ မြို့ ပြလူနေထိုင်မှု စနစ်နှင့် ကွာခြားလွန်းလှသည်။



သို့ သော် သူတို့ ၏ လူနေမှုစနစ်ကို ယုံကြည်စွာ တန်ဖိုးထား ထိန်းသိမ်းကြသည်။ဘာသာတရားနှင့် ပက်သက်ပြီး ယင်း
တို့ ၏ ကိုယ်ပိုင် ယုံကြည်မှုကို လက်ကိုင်ထားကြသည်။ နတ်ကောင်းနှင့် နတ်ကောင် ဆိုပြီး နတ်ကိုးကွယ်မှု ၂ ခုရှိသည်။



နတ်ဆရာသည် ယင်းတို့ ၏ အခရာ ဖြစ်သည်။ ပျော်ပွဲ ရွှင်ပွဲများကိုသာမက ဖျားနာသည့်အခါ တစ်ဦးတစ်ယောက်
သေဆုံးသည့်အခါတွင်လည်း နတ်ဆရာ၏ ပြောဆိုမှုအတိုင်း စပါး၊ပြောင်း၊အရက်၊ပျားရည်၊ကွမ်း၊ဘဲသွေးစိမ်း၊ကြက်၊
လင်းပိုင်၊ပင်လယ်လိပ်တို့ ကို ယဇ်ပူဇော်လေ့ရှိသည်။



ပျော်ပွဲရွှင်ပွဲများတွင် တေးသီချင်းများကို သီဆိုတီးမှုတ်ပြီး မီးပုံဖိုကာ ၀ိုင်းဖွဲ့ ကခုန်ကြသည်။ သူတို့ ၏ ဗုံတစ်မျိုးမှာ
ပုတ်သင်ညိုသားရေဖြင့် ပြုလုပ်ထားသည်။ "ပျု၊မွန်၊မြန်မာ၊သက်" ဟူသော မြန်မာတိုင်းရင်းသားအစ  လူမျိုးကြီး(၄)စုမှ
ဆလုံတိုင်းရင်းသားတို့ မှာ "သက်" လူမျိုးတို့ မှတစ်ဆင့် ဆင်းသက်လာကြသည်ဟု မှတ်သားခဲ့ဖူးပါသည်။



ဆလုံတိုင်းရင်းသားတို့ ကို "မော်ကင်း" ဟုလည်း ခေါ်ကြပါသည်။ပင်လယ်ထဲမှာ ပေါ့ပေါ့ပါးပါး သစ်၊၀ါး၊ရင်ကမ်းသား
တို့ ဖြင့် ဖွဲ့ စည်း တည်ဆောက်ထားသည့် ရိုးရာလှေကို အိမ်လိုသဘောထားပြီး မိသားစုကြီး တစ်ခုလုံးနေကြ၊ထိုင်ကြ၊
ချက်ပြုတ် စားသောက်ကြရုံသာမက သူတို့ ၏ ဘ၀အမော်မွန် ဟု ခေါ်သော ခွေးများကိုလည်း တပါတည်း
ခေါ်ဆောင်ကြသွားကြသည်။




ဟိန်းဇဲ၊ဘုတ်ကျွန်း၊မောင်းမကန်၊ရှင်မွန်၊မလိ၊ပြင်ကြီး၊မီးစိမ်း၊ကတန်၊ဒုံးကျွန်း၊၀ါးကျွန်း၊ပင်လယ်အော်၊လန်ပိ တစ်ဝိုက်မှာ
လည်း ပင်လယ်ထဲ ရာသီဥတု ဆိုးရွားချိန်တွင် ယာယီ ခြေတံရှည် တဲအိမ်လေးများ တည်ဆောက်ကာ နေထိုင်ကြပါသည်။



ရေမှာ ကျွမ်းကျင်သဖြင့် ပုလဲ၊မျှော့(ပင်လယ်မျှော့)၊ရေခူ၊ငါး၊ပုဇွန်၊ကမာတွေ ငုပ်ပြီး ကင်းမွန်၊ရှပ်၊ငါးကြီး အံဖတ် တွေကို
ရှာဖွေရင်းနဲ့ လည်းအသက်မွေးတတ်ကြပါသည်။ သူတို့ ရိုးရာ ဓလေ့များထဲတွင် ဗုံတီးခြင်း၊ဘင်(ဘင်ခရာ)တီးခြင်း၊သူတို့ 
ဘာသာ စကားနှင့် သီချင်းဆိုပြီး ကခုန်ခြင်း၊ရိုးရာနတ် ကိုးကွယ်ခြင်းတို့ လည်း ပါဝင်ပါသည်။



ဆလုံတိုင်းရင်းသားတို့ ၏ မွေးဖွားခြင်းအစ(၁၉၆၄) ခုနှစ်က မှတ်သားတွေ့ ရှိချက်များအရ စတင်မွေးဖွားသည့် ကလေး
ငယ်များကို ချက်ကြိုး ဖြတ်ပြီးသည်နှင့် ရေထဲသို့  နှစ်စက္ကန့် ခန့် ရေထဲမြုပ်လိုက်၊နှစ်လိုက်၊ပေါ်လိုက် သုံးကြိမ်ခန့် 
ပြုလုပ်ပါသည်။



သူတို့ ၏ အယူအဆမှာ မွေးစကလေးငယ် ရေကို ကျွမ်းကျင်စေရန် မကြောက်စေရန် ဖြစ်သည်ဟု ဆို၏။ထိုသို့ လွဲမှား
သော အယူအဆကြောင့် တစ်ချို့ ကလေးငယ်များမှာ မွေးစကပင် သေဆုံးသွားကြသည်။ ထိုသည်ကား ယခင်က
အဖြစ်အပျက်။



ယခုအချိန်တွင်မူ ဆလုံတိုင်းရင်းသားတို့  ခေတ်မှီလာပြီဟု ဆိုရပါမည်။ မွေးစကလေးငယ်ကို ရေထဲတွင် မနှစ်ကြ
တော့။ ကိုယ်ဝန်ဆောင်ကို မွေးဖွားပေးသည့် လက်သည်မှာ သူတို့ ဆလုံအမျိုးသမီး အချင်းချင်းပင် ဖြစ်ပါသည်။
သို့ သော်လည်း ယခုအခါ ခက်ခဲသည့် မွေးဖွားမှုများကို သူနာပြု ဆရာမနှင့် မွေးလေ့မွေးထ ရှိပါပြီ။



ဆလုံတိုင်းရင်းသားတို့ သည် မွေးစကလေးငယ်မှ ငါးနှစ် ခြောက်နှစ် အရွယ်ထိ ယခင်က အ၀တ်အစား ၀တ်လေ့
ဝတ်ထ မရှိသော်လည်း  ယခုအခါ အ၀တ်အစား ဆင်ယင်လာကြပြီ ဖြစ်ပါသည်။ အမျိုးသမီးများမှာ သူတို့ ဓလေ့အရ
အပေါ်ပိုင်း၊အောက်ပိုင်း လုံလုံခြုံခြုံ ၀တ်ဆင်ကြသည် ဆိုသော်လည်း အချို့ မှာ အိမ်ထောင်ကျပြီးသည်နှင့် အပေါ်ပိုင်း
ဗလာကျင်းနေတတ်ကြပါသည်။ ယခုအခါ အိုမင်းသော အဖွားအရွယ်များမှ လွဲပြီး လုံလုံခြုံခြုံ ၀တ်ဆင်နေကြပေပြီ။



ပင်လယ်ကျွန်းစု ကျောက်ဆောင်များတွင် တွယ်ကပ်လျှက်ရှိသော ဂုံး(ခရု တစ်မျိုး ထဲတွင်ရှိသည်)ဟု ခေါ်သော တငို
ကို ခွာပြီး ချက်ပြုတ် စားသောက်ကြပါသည်။ ပင်လယ်ကျောက်ဆောင် ဂူထဲတွင်ရှိသော လင်းဆွဲ၊လင်းနို့ များကို
တုတ်ရှည်ဖြင့် ရိုက်ချကာ လည်း စားသောက်ကြပါသည်။



ဆလုံတိုင်းရင်းသားတို့ သည်  ပျားအုံဖွပ်ရာတွင်လည်း အလွန်ကျွမ်းကျင်သူများ ဖြစ်ကြပါသည်။ သစ်ပင် အမြင့်တွင်
စွဲကပ်နေသော ပျားအုံ ကို အုန်းလက် မီးတုတ်ဖြင့် ရိုက်ချကာ ပျားအုံမှ ပျားရည်ကို ခံယူကြပါသည်။ ပျားသလက်နှင့်
ပျားပေါက်စ တို့ ကိုလည်း လတ်လတ်ဆတ်ဆတ် စားသုံးကြပါသည်။



ဆလုံတို့ သည် တစ်လင်တစ်မယား စနစ်ကိုသာ ကျင့်သုံးကြသူများ ဖြစ်သည်။ သူတို့ လောကတွင် အိမ်ထောင်ရေး
ဖောက်ပြန်မှုကို လုံးဝ လက်မခံချေ။ အိမ်ထောင်ရေး ဖောက်ပြန်သူများကို သူတို့  အသိုင်းအ၀ိုင်းမှ ရာသက်ပန် ထုတ်
ပယ်ကာ အဆက်အသွယ် မလုပ်တော့ပေ။



သူတို့ သည် အိမ်ထောင်ကျသော အခါ မင်္ဂလာမောင်မယ် အတွက် ရိုးရာလှေတစ်စီး၊ငါးဖမ်းပိုက် တစ်စုံနှင့်
ငါးဖမ်းကိရိယာ တစ်ချို့ ကို လက်ဖွဲ့ လိုက်ပါသည်။ ဇနီးမောင်နှံ နှစ်ယောက် ဒိုးတူပေါင်ဖက် လုပ်ကိုင်စားသောက်ကြ
တော့ ဟု ဆိုလိုသည့် သဘောပင်။ ဆလုံတို့ ၏  မင်္ဂလာ ကပွဲသည်ကား တစ်နာရီခန့် ကြာမြင့်တတ်ပါသည်။



ဆလုံတို့ သည် သေဆုံးသူများကို ကျွန်းတစ်ကျွန်းတွင် မြုပ်နှံ သဂြိုလ်လေ့ရှိပါသည်။ထိုသင်္ချိုင်းတွင် တစ်နှစ်တစ်ခါ
(ဇန်န၀ါရီ)တွင် တစ္ဆေကြီးပွဲကို ကျင်းပကြပါသည်။ နတ်ဆရာက ရိုးရာနတ်ကို ပင့်ဖိတ်ပြီးလျှင် အစားအသောက်များနှင့်
ပူဇော်ပသပါသည်။ သေဆုံးသူများကိုလည်း ပင့်ဖိတ်ကျွေးမွေးပါသည်။ ပြီးနောက် နတ်ဆရာက တုန်တုန်ယင်ယင် နှင့်
ကပါတော့သည်။ ပရိတ်သတ်များလည်း ဗုံတီးပြီး ကကြပါသည်။ သူတို့ အက မှာ အာဖရိက လူရိုင်း အကနှင့်  အတော်
ပင် ဆင်တူသည်ဟု ဆိုပါသည်။



မည်သို့ ပင်ဆိုစေ ဆလုံတိုင်းရင်းသားတို့ ၏ ထိုဓလေ့မှာလည်း ချစ်စရာပင်  မဟုတ်ပါလော။

 irrawaddy
Read More

"တန်းဖိုးမဖြတ်နိုင်အောင် အမွေ"

10:23 PM |



 


ကျေးဇူးရှင်ဖခင်က ဘယ်လိုမှ တန်းဖိုးမဖြတ်နိုင်အောင် လူသားတို့ အတွက် ပေးခဲ့သော စိတ်ပိုင်းဆိုင်ရာ အမွေ တရပ်ပါ ။

ကျောင်းသားအရွယ်ခပ်ငယ်ငယ်မှာမိဘများက စီးပွားရေးအတွက် ဆိုင်တစ်ဆိုင်ဖွင့်ပြီးရောင်းချခဲ့ပါတယ် ဆိုင်မှာ မုန့် တွေလည်းရောင်းပါတယ် အခုခေတ်လို စားသောက်ကုန်ပစ္စည်းများကို သတ်မှတ်ရက်ဆိုတာ မတွင်ကျယ်သလို့  ရှိလည်း မရှိပါဘူး ရောင်းခဲ့ကြပါတယ် ဒါပေမဲ့ ဆိုင်မှာရှိသည့် စားသောက်ကုန်တွေကို ဖခင်က ရက်ခြားသွားကြည့်ပြီး ရက်လွန်သည်ဆိုတာနဲ့ အကုန်လုံးကို ခြံမှာသယ်ယူပြီး ဖျက်ဆီးပစ်ပါတယ် ။

သိပ်အန္တရာယ် ဖြစ်လာနိုင်သည့် အစားသောက်ကိုတောင် ဖခင်ဖြစ်သူက ဘာမှမသိနားမလည်သည့် ခွေး ကြောင် ဌက်တွေတောင် မကျွေးဘဲ စွန့် ပစ်ပါတယ် ။ဒါကို ကြည့်ပြီးတော့ တအားကို နှမျှောမိခဲ့ပါတယ် မိခင်ဖြစ်သူကလည်း ပြုံးပြုံးလေးဘဲ လက်ခံပြီး နေနေလို့  မေးခွန်းမေးပါတယ် ။

ဒါတွေကို လျှော့ရောင်းလိုက်ပေါ့ တအားနှမျှောစရာကြီး ပြီးတော့လည်း ခြံကခွေးတွေတောင် မကျွေးဘူး ဘာလို့ လည်းလို့ မေးမိပါတယ် ။

ငါ့သား ဒါတွေက သူသတ်မှတ်သည့် အချိန်တွင်မှာ မကုန်ဘူးဆိုရင် မှိုတက်မယ် လူတွေကို အခုတော့ ဘာမှ မဖြစ်ပေမဲ့ တဖြေးဖြေးနဲ့  ကျန်းမာရေးကို ဆိုးဝါးလာစေမယ် ဒီလိုမျိုးတွေ ရောင်းလည်း ဝယ်မှာဘဲ စားကြမယ်ဆိုတာ သိတာပေါ့ ဒါပေမဲ့ ဘယ်တော့မှ မလုပ်ရဘူး ၊ ဒီလိုစိတ်နဲ့ လုပ်ပေမဲ့ တခြားတဖက်ကြည့်မယ်ဆိုရင် သားပြောသလို နှမျှောနေမယ် လို့ ထင်နေပေမဲ့ ကြီးမြတ်သော ကောင်းမှု့ ကုသိုလ်နဲ့  လူသားအသိ သိသည့် စိတ်ပါ အဲဒါကို သားတို့ တစ်တွေ မှတ်သားပါ ထားရှိပါ ကျင့်ကြံပါ လေ့ကျင့်ပါ အခုဖတ်နေသည့် စာအုပ်မှာပါတယ်လေ ငတေမာရင် ပြီးရော ဘယ်သူသေသေလေ စိတ်ထားနဲ့ နေထိုင်သည့် လူတစ်ဦးအကြောင်းပါတယ်လို့ လည်း ပြောဆိုခဲ့ပါတယ် ။ငတေမာသည့်စိတ်ထား လုံးဝကို မရှိရဘူး မထားရဘူးနော် လို့  အခုထိ တန်းဖိုးမဖြတ်နိုင်သည့် လုပ်ဆောင်ပြခဲ့သော အမွေ တစ်ခုလို့ ခံယူ ရယူခဲ့ပါတယ် ။

ဒုတိယအကြောင်းရာလေးက ( ၈၈၈၈ ) အရေးခင်း မတိုင်ခင်က သတင်းစာယူလာပြီး ဘာထူးလည်း သေချာဖတ် တွေ့ ရင် ပြန်ပြောလို့ ပြောပြီး သတင်းစာတစ်ခုကိုမိသားစုတစ်တွေ ဖတ်ခိုင်းပါတယ် အပြန်ပြန်အလှန်လှန်ဖတ်တော့မှ တွေ့ ပါတယ် အဲဒါဘာလည်းဆိုတော့ …. မန္တလေးမြို့ မှ ဆရာဝန်တစ်ဦးပါဝင်ပြီး ဆေးအတုထုတ်လုပ်ရောင်းချသည့် အဖွဲ့ အစည်းတစ်ခုဖမ်းမိသည့် အကြောင်းရာဘဲဖြစ်ပါတယ် ဒါနဲ့ ဟုတ်လား ဆိုပြီး ဖခင်ကို ပြပြီး မေးမိပါတယ် ။ မှန်ပါတယ် ဘာမီတွန် တို့  ပါရာစီတမော တို့ ကို ဆေးပြားရိုက်စက်တွေနဲ့ အတူ အလုံးေ၇အတုမြောက်မြားစွာ မိလိုက်ပါတယ် ။ ဒါပေါ့သားရယ် အသားထဲက လောက်ထွက်တယ်ဆိုတာ ဒါပေါ့ ပြီးတော့လည်း ငတေ လို့ လူသားမဆန်သည့် လူသားဆောင်ဆရာဝန်တစ်ဦးပါတော့ ပိုဆိုးတယ်လေ သူတက်သည့် အတက်ပညာက လူသားတွေ သက်တမ်းတစ်ခုအနေနဲ့ ရှင်သန်အောင် ပြု့ စုစောင့်ရှောက်ကာကွယ်ကုသပေးရမည့်သူကိုယ်တိုင်ကိုက ဆေးဝါးအတု ထုတ်လုပ်ရောင်းချ သုံးစွဲတယ်ဆိုတော့ ……..ပြောခဲ့ပါတယ် ။

ဒါကြောင့်ဆိုင်က သက်တမ်းလွန်လို့ အန္တရာယ်ဖြစ်စေသည့် စားသောက်ကုန်တွေ ဖျက်ဆီးခြင်းနှင့် ရောဂါများကို ကာကွယ်သော ဆေးဝါးအတု ထုတ်လုပ်ရောင်းချခြင်း ဆန့် ကျင်ဖက် ဖြစ်စဉ်နှစ်ခုအကြောင်းကို အသေးစိတ်ရှင်းပြခဲ့ပါသည် ။

ယခုအချိန်ထိ ဖခင်စကား …. စိတ်မှာကြားရောင်….ပေးအပ်လေးနက်…. တန်းဖိုးမဖြတ် …. စိတ်ထားအမွေ တို့ အဖေ ပေးအပ်ခဲ့ပါလေ ။

အခုရေးသည့် စာစကားလုံး ….လူသားတစ်စု အကျိုး ပြု့ … ကောင်းမူ့  စိတ်ထား ကိန်းနိုင်ပါစေ ။

Mg Mandalay(Mg Mandalay စာကြည့်ခန်း)
Read More

"သမီးအတွက်..ဖခင်ရဲ့ ဥပမာကောင်းလေးတစ်ခု "

10:01 PM |



 


ဒီစာစောင်လေးကို မိန်းကလေးအားလုံးကို ဖတ်စေချင်ပါတယ် .....
အဖေ့သမီးအတွက်
သမီးအတွက်..ဖခင်ရဲ့ ဥပမာကောင်းလေးတစ်ခု.............


... ဖခင်ဖြစ်သူက သမီးဖြစ်သူကို ခေါ်ပြီးပြောတာကနေ စကြရအောင်…. ဖခင်။
အဖေသမီးကိုတစ်ခုပြမယ်.အရေးကြီးတယ်နော်.. ပြီးတော့ ဖခင်ဖြစ်သူက တစ်စုံတစ်ခုကို အင်္ကျီအိပ်ထဲကနှိက်ပြီး လက်ထဲဆုပ်ကိုင်ထားလိုက်ပါတယ်။

ဘာလဲဆိုတာသိချင်လားလို့သမီးဖြစ်သူကိုမေးတယ်။

သမီးဖြစ်သူက ခေါင်းညှိက်တဲ့အခါမှာတော့ ဒါဆို သမီး ထိုင်ထ ၁ခေါက်လုပ်.. သမီးဖြစ်သူက ထိုင်ထ လုပ်လဲပြီးရော ဖခင်ဖြစ်သူက ၃ ခေါက်လုပ်မှပြမယ်လို့ဆိုပြန်တယ်။

သမီးဖြစ်သူလုပ်လဲပြီးရော ၅ ခေါက်လုပ်မှပြမယ်လို့ဆိုပြန်တယ်။သမီးဖြစ်သူကလဲ ၅ခေါက် လုပ်ပြန်ပါ တယ်။ ပြီးတော့ ဖခင်ဖြစ်သူက ၁၀ ခေါက်အထိ ဆိုလာပြန်တယ်။ထိုအခါ သမီးဖြစ်သူက ၁၀ခေါက် လုပ်ပြီးတော့..အဖေရယ် သမီးကို ဘာလဲဆိုတာသိအောင်ပြပါတော့လို့ဆိုတယ်။ အဲ့ဒီတော့မှ ဖခင်ဖြစ်သူက လက်ထဲမှာဆုပ်ကိုင်ထားတာလေးကိုဖွင့်ပြလိုက်တော့ အကြွေတစ်မတ်စေ့ ဖြစ်နေတယ်။

အဲ့ဒီအကြွေစေ့လေးကိုပဲ လက်ထဲမှာနောက်တစ်ခေါက်ပြန်ဆုပ်ကိုင်လိုက်ပြီးတော့ သမီးဖြစ်သူကို ထိုင်ထ ၁၀ ခေါက်လုပ်ရင်ပြမယ်လို့ပြောတယ်။ သမီးဖြစ်သူက မတွေ့ချင်ပါဘူး.. သမီးတွေ့ပြီးပြီပဲဟာ..လို့ပြန်ပြောလိုက်တယ်။

ထိုအခါ ဖခင်ဖြစ်သူက ၁ ခေါက်ပဲလုပ်ပါသမီးရယ်..အဖေပြပါ့မယ်လို့ဆိုသတဲ့။ ၁ခေါက်လဲမလုပ်နိုင်ဘူး..တွေ့ပြီးမြင်ပြီးသားပဲဟာလို့ သမီးကပြန်ပြောသတဲ့။
ဒါဆို အလကားပဲပြမယ်သမီးရယ်..ကြည့်မလားလို့ဖခင်ကပြန်မေးတယ်။

အလကားလဲ မတွေ့ချင်ပါဘူး..တွေ့ပြီးမြင်ပြီးသွားရင်ဘာတန်ဖိုးရှိတော့တာမှတ်လို့… ဆိုပြီးသမီးဖြစ်သူကပြန်ပြောတယ်။

အဲ့ဒီတော့မှဖခင်ဖြစ်သူက.. ဒီဥပမာလေးလိုပဲသမီးရယ်.မတွေ့ခင်မမြင်ခင်က တန်ဖိုးကြီးမားပြီးလိုသလို ခိုင်းလို့ရတဲ့ ဒီမတ်စေ့လေးဟာ တွေ့မြင်သွားပြီးတဲ့နောက်မှာ တန်ဖိုးမရှိတော့ဘူးမဟုတ်လား

" ဒီလိုပဲသမီးရေ..ထိန်းသိမ်းစောင့်ရှောက်ထားသင့်တဲ့အရာတွေကိုလဲ အချိန်မတန်ခင်မှာ တန်ဖိုးမဲ့သွားအောင် သူတစ်ပါးကို ပေးမမြင် ပေးမတွေ့သင့်ဘူး.."

သမီးတို့ရဲ့ အပျိုစင်ဘ၀ကိုလဲဒီမတ်စေ့လေးလိုပဲ အချိန်မတန်ခင် တန်ဖိုးမဲ့သွားအောင် သူတစ်ပါးကိုပေးမမြင် ပေးမတွေ့သင့်ဘူး။ ကဲ.ဒါဆို..သူငယ်ချင်းတို့ရဲ့မတ်စေ့လေးကရော တန်ဖိုးရှိသေးရဲ့လား*

တန်းဖိုးသိမှ တန်ဖိုးရှိတယ်...

တန်ဖိုးရှိမှ တန်ဖိုးထားတတ်မယ်...

တန်ဖိုးရှိတဲ့ လူတော် လူကောင်း သူတော်ကောင်းတွေ ဖြစ်ကြပါစေ.

Mg Kyaw


Read More

"ခြင်းတောင်းထဲက ကြက်(သိုမဟုတ်)လောက "

9:40 PM |


http://image.shutterstock.com/display_pic_with_logo/6748/6748,1225294669,1/stock-photo-chicken-in-a-cage-19668805.jpg

ရှေးဟောင်း ရုရှားပုံပြင်တစ်ပုဒ်က စရမယ်။

      ကြက်သတ်သမား တစ်ယောက်မှာ ကြက်ခြင်းကြီးတစ်ခု အကြီးကြီးပဲ ရှိသတဲ့။ အဲ့ဒီ ကြက်ခြင်း ထဲမှာ ကြက်တွေ အမြောက်အမြား ပြွတ်ကျိတ်နေအောင် ထည့်ထားတယ်။ ကြက်တစ်ကောင်ချင်း ကြပ်ညပ်နေကြလို့ အသက်ရှူရခက်လောက်အောင် ဖြစ်ကြတယ်။ အထူးသဖြင့် အောက်မှာ ပိနေတဲ့ ကြက်တွေပဲ။ သူတို့တွေ အသက်ရှူရကျပ်တဲ့ အခါ၊ အပေါ်က ကြက်တွေကို ခေါင်းနဲ့ ထိုးဆိပ် တွန်းထုတ်ပြီး ခေါင်းဝင့်လို့ အသက်ရှူကြရတယ်။ ဒီကြားထဲ ကြက်တွေအားလုံးက မဝရေစာသာ စားထားကြရတာရယ်။ အဲ့အတွက် မွတ်သိပ်တဲ့ ဝေဒနာနဲ့ ဒေါသတွေက ကိုယ်စီရှိကြတယ်။ အဲ့လို တစ်ကောင့် ခန္ဓာကိုယ်ကို တစ်ကောင်နင်းရင်း ထိုးဆိတ်နေကြတဲ့ ကြားက ကြက်မတစ်ကောင်များ တွေ့မိရင်လည်း ဝိုင်းအုံလုနေကြပြန်ရော။

           ဒီလိုနဲ့ အဲ့ဒီ ကြက်ခြင်းကြီးထဲက ကြက်တွေဟာ အုတ်အော်သောင်းနင်း ဆူညံ ပွက်လော ရိုက်နေကြတော့တယ်။ အဲ့အချိန် ကြက်သတ်သမား ရောက်လာတယ်။ လက်နဲ့ နီးရာ တစ်ကောင်ချင်း စီကို နှိုက်၊ လည်ပင်းကနေကိုင်ပြီး ခြင်းထဲက ထုတ်သတ်တယ်။ တစ်ကောင်ချင်းစီ ထုတ်သတ်လိုက်၊ နားလိုက်၊ အေးအေးဆေးဆေး စိမ်ပြေနပြေပဲ။ ဓားနဲ့ ခုတ်ထစ်သတ်တာမို့ စင်လာတဲ့ သွေးစသွေးနတွေဟာ ကြက်ခြင်းပေါ်မှာ ပြန့်ကျဲနေကြတယ်။ ခဏနေ တစ်ကောင်ထုတ်၊ သတ်လိုက်၊ နောက်ခဏနေ၊ နောက်တစ်ကောင် ထုတ်၊ သတ်လိုက်နဲ့။

          ဒါပေမယ့် ခြင်းတောင်းထဲမှာ ကြက်တွေ အများကြီးကျန်ပါသေးတယ်။ ကျန်ခဲ့တဲ့ ကြက်တွေက တစ်ကောင်လျော့ သွားရင် လျော့သွားတဲ့ အလျောက် ဝမ်းသာကြတယ်။ "ငါတို့ ကို ထိုးနေဆွနေတဲ့ သကောင့်သားတွေတော့ သွားရှာပြီ။ ငါတို့ အသက်ရှူချောင်ပြီ။ ငါ့ ကြက်မကို လုနေတဲ့ ပြိုင်ဘက် အေပေးလေးတွေ ခုတော့ ဘာတတ်နိုင်သေးလဲ၊ သွားကုန်ပြီ" ဆိုပြီး ဝမ်းသာအယ်လှဲ ဖြစ်ကြတယ်။ ရှိတဲ့ ကြက်တွေနဲ့ ဆက်ပြီး ခိုက်ရန် ဖြစ်ကြတယ်။ ထိုးကြဆိတ်ကြ၊ လုနေကြတယ်။ ကြက်ခြင်းကြီးဟာ သွေးအလိမ်းလိမ်းနဲ့ အော်ဟစ်ဗြောင်းဆန် နေကြတယ်။

              အဲ့လိုနဲ့ နောက်ဆုံးမှာ ခြင်းကြီးထဲက ကြက်တွေ အားလုံးဟာ ကြက်သတ်သမားရဲ့ ဓားစာ ဖြစ်ကုန်ကြတယ်။ အဲ့အခါ တစ်ကောင်နဲ့ တစ်ကောင် ထိုးဆိတ်နေတဲ့ အကောင်တွေ မရှိတော့ဘူး။ ခွပ်နေ၊ သတ်နေ သံတွေ မရှိတော့ဘူး။ အသက်ရှူမဝတာတွေ မရှိတော့သလို၊ အသက်ရှူ မဝတဲ့ကောင်တွေ လည်း မရှိတော့ဘူး။ အတင်းကာရော အလိုက်ခံလုယက်နေကြတဲ့ ကြက်မတွေ လည်း မရှိတော့သလို၊ မွှန်ထူလိုက်နေကြတဲ့ ကြက်ထီး/ကြက်ဖတွေလည်း မရှိတော့ဘူး။ ကြက်ခြင်းကြီး တစ်ခုလုံးဟာ သွေးအလိမ်းလိမ်းသာ ကျန်ခဲ့တယ်။ ဘာသံမှ မကြားရတော့ဘူး။ ငြိမ်ဝပ်လို့။

   ဒီရုရှားပုံပြင်ရဲ့ အမည်က "လောက" ဖြစ်ပါတယ်။ လောက ဟာ ဘာလဲ။ ဘယ်လိုဟာမျိုးလဲ။ လောကမှာ ဘယ်အရာတွေ ရှိသလဲ။ ဒီမေးခွန်းတွေထက် ကျိန်းသေတာက- လောကအတွင်းမှာ ရှိရှိသမျှ အရာ အားလုံးဟာ ပျက်စီးမှုကိုသာ အဆုံးသတ် စောင့်မျှော်နေကြတယ်။ ခဏတိုင်း ခဏတိုင်းမှာ အရာရာတိုင်း၊ သတ္တဝါတိုင်း၊ တစ်ခုပြီး တစ်ခု၊ တစ်ကောင်ပြီး တစ်ကောင် - သေမင်းရဲ့ လက်မှာ သတ်ဖြတ်ခံ၊ လည်စင်းခံနေကြရတယ်။ ဒါကိုပဲ - လည်စင်းမခံရသေးတဲ့ ကြက်တွေ၊ အလှည့်မရောက်သေးတဲ့ ကျန်သူတွေက တစ်ဦးနဲ့ တစ်ဦး တိုက်ခိုက်နေကြ၊ သေသွားသူတွေ အတွက် ဝမ်းသာအယ်လှဲ နေရာလုကြ။ အသက်ရှူဝဖို့ ထိုးဆိတ် နေကြဆဲပဲ။ လိုချင်တဲ့ အရာတွေ တစ်ခုပြီး တစ်ခုနောက်ကို လိုက်ရင်း အပြိုင်အဆိုင် လုယက်နေဆဲပဲ။

      တစ်နေ့မှာ ကိုယ့်လည်ပင်းကို ဆွဲဆုပ်၊ ခေါ်ထုတ်သွားမယ့် လက်တံရှည်ကြီးဟာ ဘယ်သူမဆို အပေါ် ချွင်းချက်မရှိ ရောက်လာပါလိမ့်မယ်။ တစ်ဦးနဲ့ တစ်ဦး အရင်သွားမယ့်သူ၊ နောက်သွားမယ့်သူ၊ အရှေ့နဲ့ နောက် သာ ကွာခြားလိမ့်မယ်။ ခဏတိုင်း ခဏတိုင်းမှာ သေမင်းရဲ့ ဓားချက်နဲ့ အသက်ထွက် ကြရမယ်။ အဲ့မတိုင်ခင်ကြား - မိမိ အသက်ရှူဝဖို့၊ မိမိ ဂုဏ်သိက္ခာတက်ဖို့၊ မိမိ အထင်ကြီးခံရဖို့၊ မိမိ လိုရာ ရဖို့ ပြိုင်ဆိုင်နေဆဲ၊ ညှင်းဆဲနေဆဲ။ တိုက်ခိုက် ပုတ်ခတ်နေကြဆဲပဲ။ မိမိ မျက်စိရှေ့မှောက်- သွေးအလိမ်းလိမ်း မြင်နေရတဲ့တိုင် - လျော့သွားတဲ့ သူနေရာကို ဝင်ယူဖို့ ဝမ်းသာအားရ ပြင်ဆင်နေကြဆဲ။ နောက်ဆုံးမှာတော့ ဒီသူတွေ အားလုံးပဲ သေမင်းရဲ့ လက်အောက် လည်စင်းရောက်သွားကြတော့တာပဲ
....................................
ဆရာပါရဂူ၏ "ခြင်းတောင်းထဲက ကြက်" ကို ဖတ်ရှုရင်း ~


 Art: The Death of Sardanapalus, Eugene Delacroix, 1829, Oil on canvas

Zay Ya


Myawady News


Read More

"မှတ်သားသင့်သော စကားလုံးများ"

9:34 PM |



 


(၁) ပါရမီဆိုတာ မွေးရာပါစွမ်းရည် ၁ဆကို ကြိုးစားမှု ၉၉ ဆနဲ့ ပေါင်းထား တာဖြစ်တယ်။ (Edison)

(၂) အန္တရာယ်၊ အခက်အခဲကြုံမှ တကယ့်သူရဲကောင်း အစစ်အမှန်ကို သိနိုင် တယ်။ (ပြင်သစ်စကားပုံ)

(၃) ခင်မင်မှုကို အဓွန့်ရှည်ချင်ရင် နှစ်ယောက်ကြားက သေးငယ်တဲ့ အပြစ်တွေကို လျှစ်လျှူရှူတတ်ရမယ်။

(၄) အမှားကို အမှတ်မထားသူတွေက အမှားကို ထပ်သလဲလဲ လုပ်နေဦးမှာပဲ။

(၅) သစ်ပင်ခုတ်တဲ့ ပုဆိန်လေးပေမယ့် ခိုင်မာတဲ့ ဝက်သစ်ချပင်ကြီးတောင် ခုတ်လဲနိုင်တယ်။ (ရှိတ်စပီးယား)

(၆) ဘဝဆိုတာ စက်ဘီးစီးနေသလိုပဲ... ခြေနင်းကို မရပ်ခဲ့ရင် သင်မပြုတ် ကျနိုင်ပါဘူး။

(၇) ဘဝဆိုတာ မပြတ်သင်ယူခြင်းပဲ။ ဖြတ်သန်းဖူး(ရှင်သန်)မှ အဲဒီသင်ခန်း စာကို သင်နားလည်မယ်။

(၈) အနာဂတ်က ကိုယ့်အိပ်မက်ကို ယုံကြည်သူတွေအတွက်ပဲ ဖြစ်တယ်။

(၉) ရှင်ခြင်းနဲ့သေခြင်းကြားက ဆက်သွယ်ထားတဲ့ ပေါင်းကူးတံတားဟာ "အချစ်" ဖြစ်တယ်။

(၁ဝ) ကြောက်ရွံ့ခြင်း၊ ဆုံးရှုံးခြင်းကို ခံစားဖူးမှ သင်မလုပ်နိုင်တဲ့အလုပ်ကို လုပ်ဖို့ ခွန်အားရမယ်၊ အတွေ့အကြုံနဲ့ ယုံကြည်မှုတွေရမယ်။

(၁၁) ကိုယ့်မှာ ရှိတဲ့ပစ္စည်း၊ အသိဥာဏ်တွေကို တစ်ခြားသူအတွက် မျှဝေပေးပြီးမှ ပြည့်စုံခြင်းကို သင်ခံစားရလိမ့်မယ်။

(၁၂) လူတစ်ယောက်က ဥစ္စာပစ္စည်းတွေ၊ အချစ်တွေ ဆုံးရှုံးလို့ရတယ်။ ဒါပေမယ့် ရဲရင့်ခြင်း၊ သတ္တိတွေ ဆုံးရှုံးလို့ မရဘူး။ ဘဝဆိုတဲ့ တလင်းပြင်မှာ သတ္တိတွေဆုံးရှုံးခဲ့ရင် အရာအားလုံးကို ဆုံးရှုံးတာနဲ့ အတူတူပဲ။

(၁၃) ဘာလုပ်လုပ် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပါ။ တစ်ခြားလူရဲ့ စကား တစ်ခွန်းနဲ့ ခလုတ်တိုက် လဲမချလိုက်ပါနဲ့...

(၁၄) ဘာလုပ်လုပ် စဉ်းစားပြီးမှ လုပ်ပါ။ အပြေးမြန်ရင် လဲတတ်ပါတယ်။ (ရှိတ်စပီးယား)

(၁၅) တစ်ချက်လေး ချော်လဲတာပါပဲ... သေသွားလို့ ပြန်မထနိုင်တာမှ မဟုတ်တာ။ (လင်ကွန်း)

(၁၆) ဖိနပ်ချုပ်သူတွေ ဖိနပ်အချုပ်တော်ရတာက သူတို့ဟာ တစ်ခြားအလုပ် ကို မလုပ်ဘဲ ဖိနပ်ပဲ ချုပ်နေခဲ့လို့ပဲ။ (Ralph Waldo Emerson)

(၁၇) သင့်ရဲ့ အပြုံးတစ်ပွင့်၊ ပုခုံးကို အသားလေးပုတ်ပြီး သင်အားပေးရုံ နဲ့ မျှော်လင့်ချက်မဲ့သူ တစ်ယောက်ကို သင်ကယ်တင်နိုင်လိမ့်မယ်။

(၁၈) လူအချင်းချင်း တစ်ယောက်ကိုတစ်ယောက် ပေးနိုင်တဲ့ အကောင်းဆုံး လက်ဆောင်က "စစ်မှန်တဲ့ ဂရုစိုက်မှုတွေ" ဖြစ်တယ်။

(၁၉) တောင်းပန်တယ်ဆိုတာ လူတွေမှာ ရှိသင့်တဲ့ ယဉ်ကျေးမှုဖြစ်တယ်။

(၂ဝ) ကောင်းမှုလုပ်တာ လူသိခံဖို့မဟုတ်ဘူး။ ဒါပေမယ့် ဘာမှမဟုတ် တဲ့ ကောင်းမှုလေးတစ်ခုက သင့်ကိုပျော်ရွှင်ခြင်းတွေ သယ်ဆောင်ပေး လာနိုင်တယ်။

You'realways Onmymind

Myawady News

Read More

"လမ်းမတော် ဖိုးတုတ် အကြောင်း"

9:20 PM |







ကိုလိုနီခေတ် က ကုလားလူမိုက်တွေနဲ့ ပြိုင်ပီး မိုက်ခဲ့တဲ့ မြန်မာလူမိုက် လမ်းမတော် ဖိုးတုတ် ဒုတိယကမ္ဘာစစ် မဖြစ်မီက ရန်ကုန်မြို့နေသူ အများ၏ ပါးစပ်ဖျားတွင် ရေပန်းစားအပြောများခဲ့သည့် လူပုဂ္ဂိုလ်တစ်ယောက်ရှိခဲ့သည်။

သူသည် လူ့ပတ်ဝန်းကျင်ကို အကျိုးပြုသည့်လုပ်ရပ်များလုပ်ခဲ့သူတစ်ယောက် မဟုတ်စေကာမူ ခေတ်ကာလအလျောက် ထူးခြားသော သူ၏လုပ်ရပ်ဖြစ်စဉ်များကြောင့် သူ၏အမည်နာမမှာ ဟိန်းထွက် ကျော်ဇောလို့ လာသည်။

သူ၏လုပ်ရပ်ဖြစ်စဉ်များမှာ ကောင်းရိပ်ဘက်သို့ အလေးမသာသည့်အလျောက် မကောင်းသတင်းဆိုးများနှင့် ယစ်ထွေးခဲ့သည်။

နာမည်ကြီးသောလည်း နာမည်မကောင်း။

ကောင်းသောနှင့် ကျော်ကြားထင်ရှားခြင်းသည် နှစ်လိုဖွယ်ဖြစ်သော်လည်း မကောင်းရိပ်ထင်သော ကျော်ကြားခြင်းသည် နှစ်လိုဖွယ်မဟုတ်ပေ။

ကောင်းသတင်းနှင့်ကျော်ဇောထင်ရှားသူမှာ အသတ်သေသော်လည်း အမည်မသေ။ မကောင်းသတင်းနှင့် ကျော်ဇောထင်ရှားသူမှာ သူမသေခင်ကတည်းက နာမည်သေသည်။ ကောင်းသောပုံရိပ်ထင်သူများ၏ ဘ၀နိဂုံးသည် အနားသတ် မကောင်း။ အကျည်းတန်သည်။

သို့စေကာမူ ..

ခေတ်ရေစီကြောင်း အခြေအနေအရသူ့ကို အလေးထားနေရာပေး၍ ဆက်ဆံရသည်။

ကွယ်ရာမှာ ဘာတွေပဲပြောပြော ဘယ်သို့ပင် နှာခေါင်းရှုံ့ ရှုံ့၊ ဘယ်လိုပင် မဲ့ရိပ်ပြေး ရှေ့တင်ဆိုတော့ သူ့အကြောင်း မကောင်းသတင်း ဆိုဝံ့သူမရှိ။

နှာခေါင်းရှုံ့ရဲသူမရှိ။ မဲ့ရိပ် ထင်ရာသူမရှိ။

နှစ်လိုဖွယ် အရိုးရိပ်တင်ပြလျက် ကြည်ကြည်သာသာ အမူအရာဆောင်ပြီး လိုလိုလားလားဟန်ထင်၍ ဆက်ဆံကြရသည်။

သူ့အရှိန်အ၀ါက သည်လောက်ပင်ကြီးထယ်သည်။

ခေတ်ရေစီးကြောင်းအခြေအနေအရ စီးပွားရေးအချက်အချာကျသည့်နယ်မြေကြီးတစ်ခုလုံးမှာ သူ၏စိုးမိုးမှု သြဇာသက်ရောက်မှအောက်မှာ ရှိခဲ့သည်။

ရန်ကုန်မြို့၏ အုပ်ချုပ်ရေးနယ်ပယ်ကို တရားဝင်အုပ်ချုပ်နေသည့် ပုလိပ်အဖွဲ့ကြီးရှိသော်လည်း ပုလိပ်အဖွဲ့ကြီး၏ သြဇာသက်ရောက်မှုမှာ သူ၏ သြဇာသက်ရောက်မှုလောက် မထိရောက်ခဲ့။

ပုလိပ်အဖွဲ့ကြီးက ဥပဒေနှင့်အညီ အုပ်ချုပ်သည်။

သူက ဥပဒေကို မျက်နှာလွှဲခဲပစ်လုပ်ပြီး အုပ်ချုပ်သည်။

အဲဒီခေတ်က ရန်ကုန်မြို့ကို သုံးပိုင်းခွဲ၍ ဒီ-၀ိုင်-အက်(စ်) ခေါ် မျက်နှာဖြူ ရဲဝန်ထောက်သုံးယောက်က အုပ်ချုပ်သည်။

ရန်ကုန်အရှေ့ပိုင်း၊ အလယ်ပိုင်း၊ အနောက်ပိုင်း။ ရန်ကုန်အလယ်ပိုင်းကို ပုလိပ်အဖွဲ့က အုပ်ချုပ်ထားသည်။ သူက စိုးမိုးကိုင်တွယ်ထားသည်။ နယ်စားပယ်စားလုပ်နေသည်။ လူမိုက်ဘွဲ့ခံ လမ်းမတော် ဖိုးတုတ်။

အင်္ဂလိပ်များအုပ်စိုးသည့် ကာလတွင် လူမိုက်ခေတ်တစ်ခေတ် ထွန်းကားခဲ့သည်။

လူမိုက်ခေတ် ထွန်းကားလာအောင် သူတို့ကပင် လုပ်ပေးခဲ့သည်။

လူမိုက်ကို ကြားခံအဖြစ်ထား၍ လူလူချင်း ဗိုလ်ကျစိုးမိုးသည့် စနစ်ကို ဖန်တီးပေးခဲ့သည်။

ငါးကြင်းဆီနှင့် ငါးကြင်းကြော်သည့်နည်း။

ဒါ့ကြောင့်လည်း လမ်းမတော်ဖိုးတုတ်မှာ ငွေရွှင်သော နယ်မြေကို တရားဝင် အပိုင်စားရထားသူတို့နှယ် စိုးမိုးချယ်လှယ်နိုင်ခဲ့ခြင်းဖြစ်သည်။

အင်္ဂလိပ်တို့ အုပ်စိုးစဉ်ကာလတလျှောက်လုံး ဒုတိယကမ္ဘာစစ်ဖြစ်သည်အထိ လမ်းမတော်ဖိုးတုတ်၏ ကျော်ဇောသတင်းမှာ လျှမ်းလျှမ်းတောက်ခဲ့ခြင်းဖြစ်၏။

လမ်းမတော်ဖိုးတုတ်က တပည့်အသိုင်းအ၀ိုင်း အားကိုးနှင့် မိုက်သူ မဟုတ်။

သူကိုယ်တိုင်လည် လုပ်ရဲ ကိုင်ရဲ သတ္တိရှိသည်။

တပည့်တပန်းအသိုင်းအ၀ိုင်းကောင်းကိုလည်း ရွေးတတ် မွေးတတ်သည်။

သြဇာညောင်းအောင်လည်း အကိုင်အတွယ် ကျင်လည်သည်။

မလှုပ်ရဲ၊ မလှန်ရဲအောင်လည်း နည်းမျိုးစုံသုံး၍ ထိန်းထားနိုင်စွမ်း ရှိသည်။

ဒါတင်မက ပြေလည်အောင် ဆက်ဆံရမည့် အသိုင်းအ၀ိုင်းနှင့် ဆက်ဆံရာတွင် အထာကျွမ်းသည်။

အချိုကြိုက်သူ အချို၊ အချဉ် ကြိုက်သူ အချဉ်။ ချဉ်ငန်စပ်ကြိုက်သူကို ချဉ်ငန်စပ်။

ဘာကြိုက် သူဖြစ်သည်ကို အကဲဖမ်းကျွမ်းသလို အကြိုက်ကိုလည်း ပေးစွမ်းနိုင်သည်။

ငွေရေး ကြေးရေး အပေးအကမ်းလည်း ရက်ရောသည်။

အဲဒီအရည်အချင်းတွေကြောင့်လည်း လမ်းမတော်ဖိုးတုတ်မှာ လူမိုက်သတ်တမ်းရှည်ကြာခဲ့ခြင်းဖြစ်၏။

လူမိုက်ခေတ်အစ၊ မတ်စတီးခန်းမန်မဆာတို့က ဟု ဆိုစမှတ်ပြုရအောင် ရန်ကုန်မြို့၏ လူမိုက်စိုးမိုးရေးကို သူတို့က စတင်ခဲ့ကြသည်။

မြန်မာလူမိုက်ခေတ်မရောက်မီက ကုလားလူမိုက်ခေတ်။

ထိုစဉ်ကာလက ရန်ကုန်မြို့လယ်တွင် မြန်မာလူမျိုးများ အနေနည်းသည်။

ကုလားနှင့်တရုတ်များသာ အနေများသည်။

မြန်မာလူမျိုးများမှာ ရေကျော်၊ ပုဇွန်တောင်၊ စက်ဆန်း၊ အလုံ၊ ကြည့်မြင်တိုင်၊ ကမာရွတ် စသော ထိုထိုကာလ မြို့ဆင်ခြေဖုံးဟု ဆိုရမည်သော ရပ်ကွက်များတွင်သာ အနေများသည်။

အဓိကစီးပွားရေးလုပ်ငန်းများမှာလည်း ကုလားနှင့်တရုတ်တို့လက်ထဲတွင်ရှိသည်။

အထူးသဖြင့် ကုလားလူမျိုးများ စီးပွားရေးလုပ်ငန်း အတော်များများကို စိုးမိုးချုပ်ကိုင်ထားသည်။

ကုလားလူမျိုးစီးပွားရေးလုပ်ငန်းရှင်များနှင့်သူတို့လူမျိုးများကို မြန်မာလူမျိုးများ၏အနှောင့်အယှက်ပေးခြင်းမှ ကာကွယ်ရန် မြန်မာလူမျိုးများ သူတို့နယ်မြေထဲသို့ ၀င်ရောက်ဗိုလ်မကျစေရန် ရည်ရွယ်ချက်ဖြင့် ကုလားလူမိုက်ခေတ်ကို ထူထောင်ခဲ့ကြသည်။

ကျော်ဇောထင်ရှားသည့်ကုလားလူမိုက် ခေါင်းဆောင်မှာ မတ်စတီးခန်း။

လူက မောင်ထော်လေးလမ်းမှာ နေထိုင်သည်။

ချမ်းသာသော စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်၍ ထိုစဉ်ကာလ နယ်ချဲ့တို့၏အုပ်ချုပ်ရေးအသိုင်းအ၀ိုင်းတွင် ၀င်ဆန့်သူဖြစ်သည်။

ရန်ကုန်ပုလိပ်မင်းကြီးအထိ ပေါက်ရောက်သည်။

မက်စတီးခန်းက စတီးဘရားသားနှင့်ဆက်နွယ်သည့် စပါးအရောင်းအ၀ယ်လုပ်ငန်းကြီးကို လုပ်ကိုင်နေသူ။

စပါးသယ်ယူပို့ဆောင်ရေးလုပ်ငန်း၏ အဓိကကျသည့် စီ၊ ဘီ များ ပိုင်ဆိုင်သူ။

ကမာရွတ်တွင်ရှိသည့် မတ်စတီးဈေးကြီးကို ပိုင်ဆိုင်သူ။

ကြည့်မြင်တိုင် ဈေးကြီးလမ်းဟု အစွဲပြုခေါ်ဝေါ်ရသည့် စူရတီဘဇားဈေးကြီး၏အစုရှယ်ယာ ပိုင်ရှင်။

အစဦးပိုင်းက သူ၏လုပ်ငန်းများကို အကာအကွယ်ရဖို့အတွက် ကုလားလူမိုက်များကို လက်သပ်မွေးထားခဲ့သည်။

ထိုမှ တစ်စတစ်စ တပည့်တပန်းတွေများလာပြီး လူမိုက်ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုခံလာရသည်မှ နေရာတကာတွင် သြဇာသက်ရောက်မှုကို မိန့်မောလာသည်။

ကုလားသူဌေးများထံမှ လက်ဆောင်ပစ္စည်းအစ ဆက်ကြေးပါပေးပြီး သူ၏အကူအညီကို ရယူလာကြရသည်။

နေရာတကာမှာ ၀င်ဆန့်သူဖြစ်လာသည်။ ထိုအပေါ်တွင် သာယာမိန့်မောလာသည်။ တကယ်တော့ သူက ကိုယ်တိုင်လုပ်ရဲ၊ ကိုင်ရဲ သတ္တိကောင်း၍ ထင်ပေါ်လာသူဖြစ်လာသည် မဟုတ်။

တပည့်တပန်း အသိုင်းအ၀ိုင်းကောင်းခြင်းနှင့် အုပ်ချုပ်သူအပိုင်းအထိ ၀င်ဆန့်သောကြောင့် ထင်ပေါ်လာသူ ဖြစ်လာသည်ပါ။

စပတ်လမ်း(ဗိုလ်အောင်ကျော်လမ်း) မှ သိမ်ကြီးဈေးအထိ သူ့ပိုင်နက်နယ်မြေဖြစ်လာသည်

သူကြီးစိုးထားသည့် နယ်ပယ်အဖြစ် ထင်ရှားလာသည်။ မတ်စတီးခန်း၏ အရှိန်အ၀ါမှာလည်း တောက်ထင်လာသည်။ သူ၏ အမည်မှာ အကျော်ဒေးယျ ဖြစ်လာသည်။

အုပ်စိုးသည့်အင်္ဂလိပ်တို့က သူတို့၏စစ်ဗိုလ်ကြီးအမည်ကို အစွဲပြု၍ ပေးထားသည့်လမ်းအမည်သည်ပင် သူ၏အမည်နှင့်အစားထိုးအသိအမှတ်ပြုခံလာရသည်။

အင်္ဂလိပ်တို့ပေးထားသည့် လမ်းအမည် "စတင်းမောင်ထော်လေးလမ်း"

နောက်ပိုင်း လူအများ၏အသိအမှတ်ပြု ခေါ်ဝေါ်လာသည့်လမ်းအမည်မှာ "မတ်စတီးလမ်း "

သူနေထိုင်သည့်လမ်းကို သူ၏အမည်ဖြင့် အခေါ်အဝေါ်ပြုလာသည့်အထိ သူ၏အရှိန်အ၀ါ တောက်ထည်လာသည်။

သူက အနေအထိုင် အလွန်ထည်ဝါသည်။ ဂျိမ်းစဘွန်းဇာတ်ကားတွင်ပါဝင်သည့် ရွှေဦးထုပ်မျိုးကို သူက အဲ့ဒီကတည်းက ဆောင်းခံသူပါ။

တကယ် ဟုတ် မဟုတ်ဆိုသည်ကိုတော့ အတိအကျ မပြောနိုင်။

ရွှေဦးထုပ်ဆောင်းသည်ဟု ပြောစမှတ်စကား ဖြစ်တည်ခဲ့သည်။

သူညနေဘက် လေညင်းခံထွက်သည့်အခါ မြင်းလေးကောင်တပ်ဒေါက်တပ်ရထားကြီးစီး၍ လေညင်းခံထွက်သည်။

ထိုခေတ်က မော်တော်ကားစီးနိုင်သည်ထက် ဒေါက်ကပ်စီးနိုင်သည်ကပို၍ ဂုဏ်ရှိန်မြင့်ထည်သည်။ မော်တော်ကားထက် မြင်းလေးကောင်တပ်ဒေါက်တပ်က ပို၍ စရိတ်က ကြီးမြင့်သည်။

လူအများ၏ အာရုံစိုက်ခြင်းကို ပိုမိုခံရ၍ အထင်ကြီးမှုကိုလည်း ပို၍ ခံရသည်။

သူ၏ဒေါက်ကပ်မောင်းသူမှာ မဟာရာဂျာစော်ဘွားများ ၀တ်စားဆင်ယင်ပုံမျိုး ၀တ်ဆင်၍လည်းကောင်း၊ ဥရောပတိုက်သားတို့၏ ခန့်ထည်သော ၀တ်စားဆင်ယင်ပုံမျိုး ၀တ်ဆင်၍လည်းကောင်း ၀တ်စားဆင်ယင်ပြီး မောင်းရသည်။

ဒေါက်ကပ်မောင်းသူကား အဲဒီလောက် ထည်ဝါနေမှတော့ ဒေါက်ကပ်စီးသူ ဘယ်လောက် ထည်ဝါနေလိမ့်မည်ကို အထူးပြောစရာမလိုအောင် ထည်ဝါနေလိမ့်မသည်သာပါ။

တစ်ခါတရံ အမိုးဖွင့်ကားကို စီး၍လည်း ကန်တော်ကြီးကို ပတ်၍လည်း လေညှင်းခံတတ်လေ့ရှိသည်။

လူမိုက်ဘွဲ့ခံ မတ်စတီးခန်းက အဲဒီလိုမျိုး အနေအထိုင် ထည်ဝါသူဖြစ်၏။ တောင်းမှာအကွပ်၊ လူမှာ အ၀တ် ဆိုရိုးစကားရှိသည်။ သူက ငွေဖလားကို ရွှေနားကွပ်အဆင့်၊ ထိုထက်သာလွန်၍ ရွှေဖလားကို စိန်နားကွပ်သူပါ။

မတ်စတီးခန်းနှင့်ခေတ်ပြိုင်လူမိုက်ဘွဲ့ခံ ကုလားသူဌေးမှာ မန်မဆာ။

မန်မဆာက မတ်စတီးခန်းလောက် နာမည်သတင်း အရှိန်အ၀ါကြီးသော်လည်း ရန်ကုန်အရှေ့ပိုင်းမှာ သူကလည်း တစ်ဗိုလ်တစ်မင်း လုပ်နေနိုင်သူဖြစ်၏။

သော်မဆင်မှာ တိုက်တာနှင့်အကျအန နေသည်။

ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် ရထားလုံးအများအပြား ပိုင်ဆိုင်သည်။

ခေတ်အခါလိုက် ဂုဏ်ရည်လည်သူများ နေထိုင်သည့် သော်မဆင်နှင့် ဗိုလတစ်ထောင်မှာ အငှားချထားသည့် တိုက်တာအိမ်ခြေများ ပိုင်ဆိုင်သည်။

ရန်ကုန်မြို့ထဲမှာ ပြေးဆွဲနေသည့် ရထားလုံးလုပ်ငန်းအတွက် တပည့်လူမိုက်မွေးရင်းကနေ နောက်ပိုင်း ကိုယ်တိုင် လူမိုက်ခေါင်းဆောင်ဖြစ်လာသူ

မတ်စတီးခန်းလောက် မကျော်ကြားပေမယ့် မန်မဆာဆိုသည့် နာမည် အသိအမှတ်ပြုခံရလောက်အောင်တော့ ထင်ပေါ်ခဲ့သည်။ လမ်းမတော်ဖိုးတုတ်လူမိုက်ဘွဲ့ခံခဲ့သည်မှာ စတီးစကင်းခန်တို့ မန်မဆာတို့နှင့်ဆက်နွယ်သော အကြောင်းအခြေခံလည်း ပါသည်။ ကုလားလူမိုက်များ ရန်ကုန်မြို့ကို ခါးဆောင်းတင်ပြီး စိုးမိုးခြယ်လှယ် နေသည်ကို ဖိုးတုတ်က မခံချင်။ မြန်မာလူမျိုးတွေ သွေးမကောင်းလို့ သတ္တိနည်းလို့ သူတို့က ဗိုလ်ကျခွင့်ရနေတာလား။

မြန်မာလူမိုက်တွေ ရှိပါလျက်ကနဲ့ ကိုယ့်ရပ်ကွက်လောက်မှာဘဲ နယ်ကျဉ်းခံပြီး နေနေတာ သူတို့အရှိန်အ၀ါကို ကြောက်လို့လား။

မတ်စတီးခန်းတို့ နယ်မြေထဲကို ဘာလို့ မတိုးရဲတာလဲ။

လမ်းမတော်ဖိုးတုတ်က ဒါကို မကျေနပ်ခံပြင်းသည့် စိတ်ဓါတ်အခြေခံနှင့် လူမိုက်လောကထဲသို့ တိုးဝင်ခဲ့ခြင်း ဖြစ်သည်။ မတ်စတီးခန်း၏ ညာလက်ရုံးနာမည်ကြီး ကုလားလူမိုက် တစ်ယောက် ဖြစ်သူ မာမွတ်ကို စပြီးဖြိုခဲ့သည်။ ပန်းဆိုးတန်းနှင့် မဂိုလမ်းကြား နယ်မြေမှာက မာမွတ်ကို ဖိန့်ဖိန့်တုန်အောင် ကြောက်ကြရသည်။ မာမွတ်က မတ်စတီးခန်း လက်ထက်မတိုင်မီကတည်းက လူမိုက်အဖြစ် ကြီးစိုးနေသူ။

နောက်ပိုင်း မတ်စတီးခန်းက လက်ရုံးတပည့်အဖြစ် မွေးလိုက်ရာမှ ဆရာဖြစ်သူ၏အရှိန်အ၀ါနှင့် ပို၍ ဇက်ရဲ လက်ရဲ ဗိုလ်ကျစိုးမိုးလာသည်။

ကိုဖိုးတုတ်က နောင်သူ့တပည့်ဖြစ်လာသူ သောင်းတင်ဆိုသူနှင့် နှစ်ယောက်ပေါင်းပြီး မာမွတ်နယ်မြေ ပန်းဆိုးတန်းသို့ ၀င်၍ မူလီခေါင်းတပ် ကြိမ်တုတ်နှင့် မှတ်လောက် သားလောက်ဖြစ်အောင် နှက်ခဲ့သည်။

မာမွတ်က သူ့ကို ဘယ်သူဝင်နှက်သွားမှန်းပင် မသိလိုက်။ ကိုဖိုးတုတ်ကလည်း နာမည်မခံ။ ခံလို့လည်း မဖြစ်။ မတ်စတီးခန်းက ပုလိပ်အဖွဲ့အပေါ် သြဇာသက်ရောက်မှ ရှိနေသောကြောင့် နာမည်မခံရဲ။

ထို့ကြောင့် . . .

ကိုဖိုးတုတ်က ပေါ်ထင်ရေးကို ဦးမတည်ဘဲ လုပ်စရာရှိတာကို သိုသိုသိပ်သိပ် ပိပိရိရိ လုပ်ခဲ့ခြင်းဖြစ်၏။

ခံလှည့်မရှိ။

လုပ်လှည့်သာရှိခဲ့သည့် မာမွတ်မှာ မမျှော်လင့်ဘဲ ခံချက်နှင့် ကြုံတွေ့လိုက်ရသည့်အခါ ဖျားသွားသည်။

ဗိုလ်ကျသည့် ထီမထင်လုပ်ရပ်များ အရှိန်တန့်သွားသည်။

လမ်းမတော်ဖိုးတုတ်က သည်နည်းဖြင့် သူတို့အုပ်စုဝင် လူမိုက်များက တစ်ယောက်ပြီးတစ်ယောက် ဖြိုခဲ့သည်။


credit :Kyaw Mya Than


Read More

"အဝတ်သန့်ရသည့် အကြောင်းအရင်း "

9:13 PM |




ညားခါစ လင်မယား နှစ်ဦး အိမ်သစ်ကို ပြောင်းနေပါတယ်။ မနက် စာ စားတိုင်း ဘေးအိမ် (အိမ်နီးချင်း) က အဝတ်ထွက်လှမ်းတာ ကို ပြတင်းပေါက် ကနေ အမြဲလှမ်းမြင်ရပါတယ်။ သူတို့ အဝတ် လှမ်းတာကို မြင်တိုင်း မယားဖြစ်သူက သူ့အမျိုးသား ကို အောက်ပါ အတိုင်း ရေရွတ်ပြောဆိုလေ့ ရှိပါတယ်။

"သူတို့ အဝတ်လျှော်တာ တစ်ထည်မှ မသန့်ရှင်းဘူး။ ဆပ်ပြာ ကောင်းကောင်း၊ ရေကောင်းကောင်း သုံးဖို့လိုတယ်"

ယောင်္ကျားဖြစ်သူကတော့ ဘာမှ ပြန်မပြောပဲ သူစားစရာရှိတာကိုသာ စားပါတယ်။ ဒီလိုနဲ့ တစ်လလုံး ဘေးအိမ်က လှမ်းတဲ့ အဝတ်ကို မနက် တိုင်း မြင်ပြီး အဝတ်စင်အောင် မလျှော်တတ်တာကိုပဲ ကြုံရင် ကြုံ သလို စကားထဲ ထည့်ပြောနေခဲ့မိပါတယ်။

တစ်ရက်ကျနော့ ထမင်းစားရင်း ပြတင်းပေါက် ကနေ လှမ်းကြည့်တော့ အိမ်နီးချင်းက အဝတ်တွေ သန့်ရှင်း အောင်လျှော် ဖွတ်ထားတာကို မယားဖြစ်သူက မြင်တွေ့ လိုက်ရပါတယ်။ ဒီတော့ အံ့သြစွာနဲ့ပဲ သူ့အမျိုးသားကို ယခုလို ပြောပါတယ်။

"ဟိုမှာတွေ့လား၊ အဝတ်တွေ သန့်သွားပြီ။ အဝတ်သန့်အောင် လျှော် နည်းကို ဘယ်သူသင်ပေးလိုက်လဲမသိဘူး။ အရင်ကလို မညစ်ပတ်တော့ဘူးပဲ"

ဒီတော့ အမျိုးသားက အောက်ပါအတိုင်းပြန်ပြောပါတယ်။

"အေး သန့်နေမှာမှာပေါ။ တစ်လလုံး ညစ်ပတ်နေတဲ့ ပြတန်းပေါက် မှန်ကို ငါမနေ့ညနေကပဲ သန့်ရှင်းရေး လုပ်ထားတာ"

--
--
သင်ခန်းစာ - လူတွေဟာ တစ်ခါတစ်ရံမှာ ကိုယ့်အမှားထပ် သူများ အမှားကို ပိုမြင်ပြီး ထောက်ပြချင်ကြပါတယ်။ အကြောင်းကိစ္စ တစ်ခုကို ဝေဖန်ထောက်ပြဖို့ ဆုံးဖြတ်လိုက်တိုင်း မိမိဘက်က အမှားမရှိ အောင် အရင်ဆုံး၃ဆင်ခြင်ရမှာပဲ ဖြစ်ပါတယ်။
-
Ref: knowledge-facts
International news for myanmar
Read More

"ပြန်လည်ပြုပြင်အသုံးပြုခြင်း (Recycling) "

9:11 PM |



 


ကျွန်တော်တို့ကမ္ဘာမြေကြီးဟာ လူတွေအသုံးပြုပြီး စွန့်ပစ်ထားတဲ့ အမှိုက်သရိုက်တွေနဲ့ ဖုံးလွှမ်းနေပါတယ်.... ဒီအမှိုက်တွေကို မြေမြှုပ်ပြီးထားမယ်ဆိုရင် ဆွေးမြေ့ပျက်စီးဖို့အတွက်လည်း အချိန်အများကြီးပေးရပါတယ်... အမှိုက်တွေကို မီးရှို့ဖျက်ဆီးတဲ့အခါမှာလည်း လေထုညစ်ညမ်းမှုတွေဖြစ်ပေါ်စေပြီး ဖန်လုံအိမ်အကျိုးဆက်တွေအထိဖြစ်လာတဲ့အပြင် ကမ္ဘာ့ရာသီဥတုကမောက်ကမဖြစ်ရတဲ့အထိ အကျိုးသက်ရောက်မှုတွေရှိပါတယ်.... ရေထဲစွန့်ပစ်တဲ့အခါကျတော့လည်း ရေထုညစ်ညမ်းမှုဖြစ်ပြီး ရေနေသတ္တဝါတွေရဲ့ ဂေဟစနစ်တွေကိုပါ ထိခိုက်စေပါတယ်...

ဒါကြောင့် ကျွန်တော်တို့လူသားတွေရဲ့ အမှိုက်ထုတ်လုပ်မှုပမာဏကို လျှော့ချဖို့လိုအပ်လာပါတယ်... အသုံးပြုပြီး စွန့်ပစ်မယ့်ပစ္စည်းတွေကိုလည်း အလွယ်တကူဆွေးမြေ့ပျက်စီးလွယ်တဲ့ အရာဝတ္ထုတွေနဲ့ အစားထိုးသုံးစွဲလာကြရပါတယ်... အမှိုက်စွန့်ပစ်မှုကို စနစ်တကျစီမံဆောင်ရွက်လာရသလို အမှိုက်တွေထဲက ပြန်လည်အသုံးပြုနိုင်မယ့်ပစ္စည်းတွေကိုလည်း ရွေးချယ်ပြီး ပြန်လည်ပြုပြင်အသုံးပြုကြရပါတယ်... ဒါမှသာ ကျွန်တော်တို့ ကမ္ဘာ့ပတ်ဝန်းကျင်ကို ထိခိုက်ယိုယွင်းစေမယ့် အချက်တွေကို အတတ်နိုင်ဆုံးလျှော့ချနိုင်မှာဖြစ်ပါတယ်....

ပတ်ဝန်းကျင်မှာရှိတဲ့ စွန့်ပစ်ပစ္စည်းတွေကိုအသုံးပြုပြီး လူ့အသုံးအဆောင်တွေပြန်လည်ပြုလုပ်ကြတာဟာ ကမ္ဘာအနှံ့မှာ ခေတ်စားလာခဲ့ပါတယ်.... အမှိုက်ကရတဲ့ပစ္စည်းတွေနဲ့ အိမ်တွင်း အိမ်ပြင်အလှဆင်မှုတွေလုပ်ခဲ့သလို အိမ်တစ်လုံးလုံးတည်ဆောက်နိုင်ခဲ့တာမျိုးကိုလည်း သတင်းတွေမှာ မကြာခဏဖတ်ရှုရပါလိမ့်မယ်... ဒီလိုပြန်လည်ပြုပြင်အစားထိုးနိုင်ဖို့အတွက် စက်ရုံအလုပ်ရုံကြီးတွေမလိုသလို ပစ္စည်းကိရိယာတန်ဆာပလာတွေလည်း များများစားစားမလိုပါဘူး... အကြံအစည်အတွေးအခေါ် (idea) ကောင်းကောင်းတစ်ခုရှိရင်ပဲ အကောင်အထည်ဖော်လုပ်ဆောင်နိုင်ပါပြီ...

ဒီပုံလေးမှာတော့ ရေသန့်ဗူးခွံအဟောင်းတွေနဲ့ လူစီးလှေတစ်စင်းဖန်တီးထားတာကိုတွေ့မြင်နိုင်ပါတယ်... ဒီထက်ရိုးရိုးရှင်းရှင်းလုပ်ထားတဲ့ ရေသန့်ဗူးလှေတွေနဲ့ တခြားစွန့်ပစ်ပစ္စည်းထုတ်ကုန်တွေကိုလည်း facebook မှာ မကြာခဏတွေ့မြင်နိုင်ပါတယ်.... အဲ့ဒီတော့ ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိနေတဲ့ စွန့်ပစ်ပစ္စည်းတွေကိုလည်း ဘယ်လိုအကျိုးရှိတဲ့ အသုံးအဆောင်ပစ္စည်းမျိုးအဖြစ် ဖန်တီးနိုင်မလဲဆိုတာကို စဉ်းစားကြည့်ကြပါစို့... အားလပ်တဲ့အချိန်မှာ ကိုယ့်မိသားစုနဲ့အတူ စွန့်ပစ်ပစ္စည်းတွေကနေ ဒီလိုအသုံးအဆောင်ပစ္စည်းလေးတွေဖန်တီးရင်း ကိုယ့်ရဲ့စိတ်ကူးဥာဏ်ကို ကွန့်မြူးနိုင်သလို ကိုယ့်ရင်သွေးကလေးတွေရဲ့ တီထွန်ဖန်တီးနိုင်စွမ်းကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်... ဒီနည်းနဲ့ သင့်အိမ်တွင်းအိမ်ပြင်ပတ်ဝန်းကျင်ကို အလှဆင်နိုင်သလို အမှိုက်စွန့်ပစ်မှုကိုလည်း လျှော့ချနိုင်မှာဖြစ်တဲ့အတွက် ကမ္ဘာလောကကြီးရေရှည်တည်တံ့လှပဖို့ တစ်ထောင့်တစ်နေရာက ဝင်ရောက်ကူညီရာလည်းရောက်မှာဖြစ်ပါတယ်လို့ တင်ပြလိုက်ရပါတယ်....
----------------------------------------------------------------
Image Source: Amazing Facts


နှိုင်းရင့်နွေ
Read More

"ကျကျန်ခဲ့တဲ့အရာတွေ"

9:00 PM |




မိန်းကလေးတစ်ယောက်ဟာ လူစည်ကားတဲ့ဈေးတန်းတစ်ခုကို ဆိုင်ကယ်စီးပြီးဖြတ်တယ်။ အဲဒီမှာ ဈေးခြင်းတောင်းဆွဲထားတဲ့ အဒေါ်ကြီးတစ်ဦးနဲ့ မျက်နှာချင်းဆိုင်မိတယ်။ လမ်းကကျဉ်း ဈေးကလည်းစည်ကားတာမို့ ရှောင်ပေမယ့် အဒေါ်ကြီးရဲ့ဈေးခြင်းတောင်းကို ဆိုင်ကယ်လက်ကိုင်နဲ့ ချိတ်လိုက်မိတယ်။ အဒေါ်ကြီးလက်ထဲကနေ ဈေးခြင်းတောင်းလွတ်ကျသွားခဲ့တယ်။ မိန်းကလေးက ဆိုင်ကယ်ပေါ်ကနေ အဒေါ်ကြီးကို လှည့်ကြည့်လိုက်တယ်။ ဈေးခြင်းတောင်းက ကျသွားတယ်ဆိုပေမယ့် ခြင်းတောင်းထဲကအရာတွေ အပြင်ကိုထွက်မကျခဲ့ဘူး။ ဘာမှမဖြစ်ဘူးဆိုပြီး မိန်းကလေးက ဆိုက်ကယ်စီးပြီး ထွက်သွားဖို့ပြင်တယ်။

အဲဒီမှာ အဒေါ်ကြီးက လှမ်းအော်တယ်...
"မိန်းကလေး.. မိန်းကလေးရဲ့ပစ္စည်းကျခဲ့ပြီ"

မိန်းကလေးက သူ့ပစ္စည်းတစ်ခုခု ပြုတ်ကျသွားတယ်အထင်နဲ့ ဆိုင်ကယ်ချက်ချင်းရပ်ပြီး မေးတယ်။
"ကျွန်မရဲ့ ဘာပစ္စည်းများ ကျခဲ့သလဲ?"

"မိန်းကလေးရဲ့ လူတွေမှာရှိသင့်တဲ့ ရည်မွန်ခြင်းကျခဲ့ပါတယ်" လို့ အဒေါ်ကြီးက ပြန်ပြောတယ်။

အဖြစ်အပျက်ထဲက အဒေါ်ကြီးရဲ့စကားဟာ အဓိပ္ပာယ်လေးနက်လွန်းပါတယ်။ အခုခေတ်လူတွေကို တွေးတောစရာတွေပေးတယ်။ လုပ်စရာတွေနဲ့ အမြဲအလုပ်များတဲ့ နေ့စဉ်ဘဝတွေထဲမှာ ကျွန်တော်တို့ဟာ ကိုယ်ပေါ်မှာပစ္စည်းတချို့ကို ဆောင်ထားဖို့ မမေ့ခဲ့ကြဘူး။ ကျွန်တော်တို့ဆောင်ထားဖို့ မမေ့တဲ့အရာတွေက ဖုန်း၊ ကွန်ပြူတာ၊ လက်ကိုင်အိတ်၊ ...... စတာတွေဖြစ်တယ်။ ဒါပေမဲ့ ဒီထက်ပိုအရေးပါတဲ့ ဒြပ်မဲ့အရာတချို့ကိုတော့ ကိုယ်ပေါ်မှာဆောင်ထားဖို့ ကျွန်တော်တို့ မေ့နေခဲ့ကြတယ်။ တစ်ခါတလေမှာ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ဒါမှမဟုတ် သူတစ်ပါးကို သတိပေးသင့်ပါတယ်။

"သင်ရဲ့ ရည်မွန်ခြင်း ကျကျန်ခဲ့ပြီ"
"သင်ရဲ့ မေတ္တာစိတ် ကျကျန်ခဲ့ပြီ"
"သင်ရဲ့ ကိုယ့်ကိုယ်ကိုချိုးနှိမ်စိတ် ကျကျန်ခဲ့ပြီ"
"သင့်မျက်နှာပေါ်ကအပြုံး ကျကျန်ခဲ့ပြီ"
"သင်ရဲ့ မျှတစိတ် ကျကျန်ခဲ့ပြီ"
"သင်ရဲ့ ပျော်ရွှင်ခြင်း ကျကျန်ခဲ့ပြီ"
"သင်ရဲ့ ခွင့်လွှတ်စိတ် ကျကျန်ခဲ့ပြီ"
"သင်ရဲ့ အကောင်းမြင်စိတ် ကျကျန်ခဲ့ပြီ"

ကျွန်တော်တို့ သတိမထားမိချိန်မှာ ကျွန်တော်တို့ဆီက ပစ္စည်းတချို့ အမြဲကျကျန်နေခဲ့ပြီလား? အမြန်ပြန်ပြီး ကောက်ယူလှည့်ပါ...

 မူရင်း
 နိုင်းနိုင်းစနေ

Read More

"ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း -မှ"

8:46 PM |

 





ရွက်သင်္ဘောကြီးတွေနဲ့ ပင်လယ်ခရီးကို ကူးသန်းသွားလာတဲ့ ခေတ်က. . . . တနေ့မှာ. . . . . ပင်လယ်ထဲမှာသင်္ဘောတစင်းဟာ မုန်တိုင်းမိနေပါတယ်။ဒီအချိန်မှာ သင်္ဘော ကပတိန်က သင်္ဘောသား လူငယ်လေးတဦးကို ရွက်မတိုင်ကြီးပေါ်တက်ပြီး(ရွက်တိုင်ကိုခုတ်ဖြတ်မှ ဖြစ်တော့မယ်)လို့ပြောတော့ လူငယ်လေးဟာ ရွက်တိုင်ကြီးပေါ်ကို ချက်ချင်းတက်သွားပြီး
၇ွက်တိုင်ကို ဖြတ်ပါတယ်။လေက သိပ်ထန်လို့နေပေမဲ့ သင်္ဘေား လူငယ်ဟာ ရဲရဲဝံ့ဝံ့ သွက်သွက်လက်လက်ပဲ ရွက်မတိုင်ကြီး ပေါ်ကိုတက်သွား ပြီးရွက်ကြိုးတွေကိုဖြုတ်လိုက်ပါတယ်။ဖြုတ်ပြီးလို့ ပြန်ဆင်းဖို့ အောက်ကိုငုံ့ကြည့်လိုက်တော့.............

သဘောင်္တစ်စင်းလုံးဟာ ဒေါသထန်နေတဲ့ လှိုင်းလေတွေ ထဲမှာ ရပ်တည်ရာမရ လးလိမ့်နေတာမြင်ရတယ်။
ဒါကိုအပေါ်စီးကနေမြင်နေရတော့ ချက်ချင်းပဲ ဒီလူငယ်မှာ သတ္တိ ခွန်အားတွေ ဆုတ်သွားပြီး ထိတ်ထိတ်လန့်လန့် နဲ့
မူးမိုက်မေ့သလိုဖြစ်သွားတယ်။ဒါနဲ့သင်္ဘောကုန်းပတ်ပေါ်ကသူ့သူငယ်ချင်းဆီလှမ်းပြီး“ဟေ့.....ငါတော့လိမ့်ကျတော့မယ်၊လုပ်
ပါအုံး” လှို့ လှမ်းအော်ပြောလိုက်တယ်။

ဒီအခါမှာ ကုန်းပတ်ပေါ်က သူ့ သူငယ်ချင်းက “အောက်ကိုမကြည့်နဲ့ သူငယ်ချင်း၊ ငုံ့မကြည့်နဲ့၊ အပ်ါကိုဘဲ
ကြည့်”လို့ တအားကုန် လှမ်းအော်ပြီး သတိပေးလိုက်တယ်။
ဒီအခါမှာလူငယ်ဟာ သူ့ သူငယ်ချင်းသတိပေးတဲ့ အတိုင်း အပေါ်ကိုပဲကြည့်ဖို့ မျက်နှာမူထားတယ်။ဒီအခါ
မှာအောက်ကမူးဝေ ထိတ်လန့်စရာ မြင်ကွင်း တွေကို မမြင်ရတော့ စိတ်သက်သာရာ ရလာတယ်၊စိတ်ငြိမ်လာတယ်၊အားမာန်
သတ္တိလဲ ပြန်ဝင်လာတယ်။ဒီတော့မှ သင်္ဘောသား လူငယ်ဟာ ရွက်မတိုင်ကြီး ပေါ်ကနေ သတိဝီရိယထားဆင်းယင်း သင်္ဘော
ကုန်းပတ်ပေါ်ကို အော်မြင်စွာပဲ ရောက်လာတယ်။

ဒီလိုပါဘဲ ကျွန်တော်တို့ဘ၀တွေမှာ အဆင်မပြေနိုင်တာတွေ၊ကျရှုံးတာတွေ၊မျှော်လင့်သလို ဖြစ်မလာတာ
တွေကို တွေ့မြင်ဆုံဆည်းနေရတဲ့ အခါမှာ ရှေ့ဆက်ပြီး ကြိုးစားချင်စိတ် ကုန်သွားတတ်ပါတယ်၊အားမာန် သတ္တိလျှော့ကျ သွားတတ်ပါတယ်။

“ငါကတော့ ဒီအခြေအနေက ကျော်နိုင်တော့မှာ မဟုတ်ပါဘူး၊ကျပါပြီ၊ရှုံးပါပြီ၊ဒီဘ၀တော့ ဒီမျှနဲ့ပဲ ပြီးပါပြီ”
ဆိုတဲ့ အားလျှော့စရာတွေကိုပဲ အားလျှော့မှုတွေဖြစ်တတ်ပါတယ်။ဒီလို အားလျှော့မှုတွေကိုဘဲ ပြန်ကြည့်နေ.... ငုံကြည့်နေ
ယင်တော့ ပိုပိုပြီးအားလျှော့မိ၊စိတ်ပျက်မိတာကလွဲလို့ ဘာအောင်မြင်မှုမှ ရမှာမဟုတ်ပါဘူး။

ဒီိတော့ဘယ်လို အဆင်မပြေတာတွေနဲ့ပဲ ကြုံနေ ကြုံနေ ဒါတွေကို ပြန်ပြန် ငုံ့ငုံ့ကြည့်မနေပဲ ကိုယ်မျှော်
လင့်ထားတဲ့၊မြင့်မြင့်မားမားချမှတ်ထားတဲ့ ပန်းတိုင်ဆီကိုဘဲ ကြည့်ပြီး သတိဝီရိယတွေနဲ့ လုပ်သင့်တာတွေကို ဆက်လုပ်ဖို့
လိုမှာပါပဲလို့ တိုက်တွန်းလိုက်ရပါတယ်။

(ဆရာနန္ဒာသိန်းဇံ)

Read More

"ကိုယ့်ဘ၀ကိုယ် ချစ်ခင်လာဖို့ နည်းလမ်း ၁၀ ခု"

8:43 PM |



==========================

သူတို့ဘ၀ကိုသူတို့ မုန်းတယ်ဆိုတဲ့လူတွေ ရှိပါတယ်။
သူတို့ဟာ သူတို့မှာရှိနေတဲ့အရာတွေနဲ့ မပျော်ရွှင်နိုင်ကြပါဘူး။
အကယ်၍ သင်လည်း အဲလိုပဲဖြစ်ခဲ့မယ်ဆိုရင် သင်ဟာ- ချမ်းသာမှ၊ အောင်မြင်မှ၊ မိတ်ဆွေအပေါင်းအသင်းတွေ အများကြီးရမှ၊ နာမည်ကျော်ကြားမှ၊ ပြီးပြည့်စုံတဲ့ မိသားစုရှိမှ ပျော်ရွှင်မယ်ဆိုတဲ့ လူတွေထဲက တစ်ယောက် ဖြစ်နေပါလိမ့်မယ်။

စိတ်မကောင်းစရာပါပဲ။ အဲလိုဆိုရင်တော့ မှားနေပါပြီ။
နောက်တစ်ကြိမ် “ ငါ့ဘ၀ကိုငါ မုန်းတယ် ” လို့ ပြောတဲ့အခါ သင့်ကိုယ်သင် မေးကြည့်ပါဦး။
ဒါဆို ငါသေရင် ပိုကောင်းမလား-လို့။
ဒီစကားက ကြမ်းတမ်းချင် ကြမ်းတမ်းလိမ့်မယ်။ ဒါပေမဲ့ တွေးရုံလေးပဲ တွေးကြည့်လိုက်ပါ။
သင်အသက်ရှင်နေသမျှ သင်ဟာ ပျော်ရွှင်နိုင်ပါတယ်။
ပြီးတော့ ဘ၀ကို ပိုကောင်းအောင်လုပ်နိုင်တဲ့အခွင့်အရေးလည်း အမြဲတမ်း ရှိပါတယ်။

ဟောဒီမှာ နည်းလမ်း(၁၀)ခု-
၁။ ဘ၀ရဲ့ ကောင်းတဲ့အရာတွေအပေါ်မှာ အာရုံစိုက်လိုက်ပါ
ဘ၀နဲ့ပတ်သက်လို့ ကောင်းတဲ့အရာတွေကို တစ်ခုမှ မစဉ်းစားနိုင်ဘူးဆိုရင်တော့ သင့်မှာ အဆိုးမြင်အတွေးတွေ ရှိနေဆဲပဲ။ အဲဒီအတွေးတွေကို ထွက်သွားခွင့်ပေးလိုက်ပါ။ သင့်ဘ၀ရဲ့ ဘယ်အရာတွေကို သင် တကယ်မြတ်နိုးသလဲ?

၂။ မကျေမနပ်မဖြစ်ပါနဲ့
ဘ၀ကို သင်မချစ်ဘူးဆိုရင်တောင်မှ အဲဒါကို တစ်ချိန်လုံး ပြောနေဖို့မလိုပါဘူး။ သင့်ဘ၀ကိုသင် မချစ်ဘူးလို့ ပြောလေလေ၊ အဲဒီ အနှုတ်လက္ခဏာအတွေးတွေက ပိုအားကောင်းလာလေလေပါပဲ။

၃။ သင့်ရဲ့ဘ၀ကို အခြားသူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့
သင့်ရဲ့ဘ၀ဟာ တခြားတစ်ယောက်ယောက်ရဲ့ဘ၀နဲ့ ဘယ်တော့မှ တစ်သမတ်တည်း မတူနိုင်ပါဘူး။ ကိုယ် မတတ်နိုင်တဲ့ အ၀တ်အစား ၀တ်တဲ့သူတွေ၊ ကိုယ်မစီးနိုင်တဲ့ကား စီးတဲ့သူတွေ၊ ကိုယ်မနေနိုင်တဲ့အိမ်မျိုးမှာ နေသူတွေကတော့ ကိုယ့်အနားမှာ အမြဲတမ်း ရှိနေမှာပါပဲ။ ဒါကို ကျင့်သားရအောင်လုပ်ပါ။ နေသားကျသွားပြီဆိုရင်တော့ ဘာမှ ပြဿနာမရှိတော့ပါဘူး။ တခြားတစ်ယောက်ယောက်ရဲ့ အောင်မြင်မှုကို သင့်ကိုယ်ပိုင် အောင်မြင်မှုရရှိဖို့အတွက် တွန်းအားတစ်ခုအဖြစ် အသုံးချနိုင်ပါတယ်။ ဒါပေမဲ့ သင့်မှာမရှိတဲ့အရာတွေအတွက်တော့ ဘယ်တော့မှ စိတ်မကောင်းမဖြစ်ပါနဲ့။

၎။ သင်တကယ် ချစ်မြတ်နိုးတဲ့အရာတွေကို ပိုလုပ်ပါ
သင့်ကို ပျော်ရွှင်စေမယ့်အလုပ်တစ်ခုခုကို အနည်းဆုံးတစ်ခုလောက်ဖြစ်ဖြစ် နေ့တိုင်းလုပ်ပါ။

၅။ ဘ၀ဟာ အမြဲတမ်းပြောင်းလဲနေတယ်ဆိုတာ အသိအမှတ်ပြုပါ
သင့်မှာ အလုပ်ကောင်းကောင်း မရလို့၊ ဒါမှမဟုတ် ငွေရေးကြေးရေးက သင်မျှော်မှန်းထားသလေက် အဆင်မပြေလို့ စိတ်ဓာတ်ကျနေတယ်ဆိုရင် သင့်ရဲ့ လက်ရှိအခြေအနေဟာ အခြေအနေတစ်ခုမျှသာဖြစ်တယ်လို့ လက်ခံပါ။ အရာအားလုံးဟာ ပြောင်းလဲကြပါတယ်။

၆။ အကောင်းမြင်တတ်သူတွေနဲ့ ပေါင်းသင်းပါ
သင် အမြဲပေါင်းသင်းနေတဲ့သူတွေနဲ့ ပတ်သက်လို့ ဂရုစိုက်ပါ။ ပျော်ရွှင်တဲ့သူတွေ၊ အကောင်းမြင်တတ်သူတွေနဲ့ ပေါင်းသင်းမယ်ဆိုရင် သင်လည်း ပိုပြီးပျော်ရွှင်လာပါလိမ့်မယ်။ အကယ်၍ သင့်အပေါင်းအသင်းတွေဟာ အဆိုးမြင်တတ်သူတွေဖြစ်နေမယ်ဆိုရင်တော့ အဲဒီအတွေးတွေဟာ သင့်ကိုလည်း လွှမ်းမိုးလာနိုင်တယ်ဆိုတာ ဂရုပြုပါ။

၇။ အခြားသူတွေကို ကူညီပါ
အခြားသူတွေကို များများကူညီလေ၊ သင့်ရဲ့ဘ၀နဲ့ပတ်သက်လို့ ညည်းတွားနေဖို့ အချိန်မရလေပါပဲ။ ဒါတင်မကပါဘူး၊ လူတွေကို ကူညီခြင်းက သင့်ကို တကယ်ပဲ ပျော်ရွှင်စေနိုင်ပါတယ်။

၈။ TV သိပ်မကြည့်ပါနဲ့
ကြော်ငြာတွေရဲ့အလုပ်က – သင့်ဘ၀ဟာ မပြည့်စုံဘူး၊ ဒါပေမဲ့ အဲဒါကို ကောင်းမွန်အောင် ပြုလုပ်နိုင်တယ်၊ အဲလိုပြုလုပ်ဖို့ သူတို့ရဲ့ နောက်ဆုံးပေါ် အ၀တ်အစားတွေ၊ အသုံးအဆောင်တွေ၊ ကားတွေကို ၀ယ်ရမယ်လို့ သင့်ကို ပြောဖို့ပါပဲ။ အဲဒီအလိမ်အညာတွေကို လက်မခံမိပါစေနဲ့။

၉။ သေးငယ်တဲ့အရာလေးတွေအပေါ်မှာ တန်ဖိုးထားတတ်လာပါစေ
ဘဘာဝလောကကြီးကို အသေအချာ ကြည့်ဖူးပါသလား။ မိုးကောင်းကင် ၊ တိရစ္တာန်လေးတွေ၊ အပင်တွေနဲ့ မြစ်ချောင်းတွေ။ ဒါတွေဟာ တကယ်ကို လှပပါတယ်။ အဲဒါတွေကို ရှာဖွေကြည့်ပါ။ ပြီးတော့ ဘ၀ကို သူ့အရှိအတိုင်း ချစ်မြတ်နိုးတတ်အောင် သင်ယူပါ။

၁၀။ ဘ၀ရဲ့သာယာပျော်ရွှင်မှုတွေ၊ အခွင့်အရေးတွေကို ရယူပါ
အခု သင့်မှာ အခွင့်အရေးရှိပါသေးတယ်- ဘ၀ရဲ့ကောင်းတဲ့အရာတွေကို ရှာဖွေပါ၊ ပျော်ရွှင်ပါ၊ ပြီးတော့ ဘ၀ကို ချစ်မြတ်နိုးပါ။



Myawady News

Read More

"ယဉ်ကျေးပျူငှာသော နှလုံးသား "

8:23 PM |


 


စကော့တလန်ကုန်းမြင့်ဒေသရှိ အင်ဗားနက်မြို့လေးသို့အသွား ဘတ်စကားပေါ်တွင် နံဘေးကထိုင်သည့်အမျိုးသမီးနှင့်စကားလက်ဆုံကျမိသည်။
ဆောင်းတွင်းကြီးခေါင်ခေါင်မှာ အမေရိကန်မတစ်ယောက် မြောက်ဘက်ပိုင်းသို့ ဘာကိစ္စနဲ့ ခရီးသွားနေသလဲ သူစဉ်းစားမရနိုင်ဖြစ်နေသည်။ ဒီအချိန် ကုန်းမြင့်ဒေသမှာ ရာသီဥတုက သိပ်ဆိုးတာပဲဟု သူကဆိုသည်။ ကျွန်မလည်းအဲဒီလို ကြမ်းတမ်းသည့် ရာသီဥတုမျိုးကို သဘောကျသည့်အကြောင်း၊ သမိုင်းနောက်ခံဝတ္ထုတစ်ပုဒ်ရေးရန် အချက်အလက်စုဆောင်းနေခြင်းကြောင့် သူတို့ဒေသ၏ နေ့စဉ်လူနေမှုဘ၀တွေကို လေ့လာမှတ်သားရန် ရည်ရွယ်ကြောင်းများ ရှင်းလင်းပြောပြသည်။ သည်အခါ အမျိုးသမီးကြီးက သူ့အိမ်သို့ ညအိပ် အလည်လိုက်ရန် ဖိတ်ခေါ်လေသည်။

"ကျွန်မတို့က လယ်မြေသေးသေးလေးပိုင်တာပါ၊ ဒါပေမဲ့ အိမ်ကနွေးပါတယ်၊ ကျွန်မခင်ပွန်းလဲ ဈေးပွဲကို သွားတော့ ရှင်လိုက်မယ်ဆိုရင် ကျွန်မအတွက် အဖော်တောင်ရပါတယ်။"

သူ့အိမ်ကိုရောက်သည့်အချိန် မိုးကသည်းထန်စွာရွာနေသည်။ အိမ်ကတဲအိမ် ပုပုလေး။ မစ္စစ်မက္ကင်းတော့ရှ်က ကျွန်မကိုသူ့အိမ်လေးထဲ ခေါ်လာသည်။ ဧည့်ခန်းထဲမှာ ပစ္စည်းပစ္စယ မည်မည်ရရမရှိ သို့သော် သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် ဖြစ်သည်။

ရုတ်တရက်မီးက မှိတ်တုတ်မှိတ်တုတ်ဖြစ်လာပြီးနောက် လုံးဝငြိမ်းသွားသည်။
"ကဲမီးက ပျက်သွားပြန်ပြီ" သူကပြောပြီး ဖယောင်းတိုင်တွေ မီးညှိသည်။ အဲသည့်နောက် သူမီးမွှေးနေတုန်း အိမ်ရှေ့က တံခါးခေါက်သံကြားရသည်။ သူတံခါးသွားဖွင့်ပေးတော့ ကောင်လေးတစ်ယောက်ဝင်လာသည်။ ကောင်လေးဆီက မိုးရေရွှဲနေသော ဦးထုပ်နှင့် ကုတ်ကိုသူလှမ်းယူသည်။ မီးဖိုအလင်းရောင်နား ရောက်သွားတော့မှ ကောင်လေးရုပ်သွင်ကို ပီပီပြင်ပြင်မြင်ရသည်။ အသက် ၁၂ နှစ်လောက်ပဲရှိသေးသည်။ သို့သော်ခြေထောက်က သနားစရာကောင်းလောက်အောင် ဆာ၍နေသည်။
ကောင်လေးကမောနေသဖြင့် ရုတ်တရက်စကားမပြောနီုင်။ နောက်တော့မှ

"ဖေဖေက ဒေါ်ဒေါ့်ဆီ ဖုန်းလှမ်းဆက်သေးတယ်၊ ဒေါ်ဒေါ်တို့ ဖုန်းက လုံးဝဆက်လို့ မရဘူး၊ အဲဒါကြောင့် ဒီမှာ ဘယ်လိုအခြေအနေရှိလဲ ကျွန်တော်လာကြည့်တာ"

"ကျေးဇူးတင်တယ်ကွယ် ဂျွန်" မစ္စစ်မက္ကင်းတော့ရှ်က ပြောပြီး ကျွန်မနှင့် မိတ်ဆက်ပေးသည်။ အပြင်ဘက်တွင် လေကအရှိန်ပြင်းလာသည်။ ပြတင်းပေါက်တွေ တဖြောင်းဖြောင်းမြည်လာသည်။ ကျွန်မကသည်လိုလေပြင်းတာမျိုးကို နှစ်သက်ကြောင်းပြောပြတော့

"ဒေါ်ဒေါ်မကြောက်ဘူးလားတဲ့" ဂျွန်က မေးသည်။

မကြောက်ပါဘူးဟု ကျွန်မဖြေတော့မည် အပြုတွင် တကယ်တမ်း ဘာကိုမှ ကြောက်တတ်ပုံ မရသည့် မစ္စစ်မက္ကင်းတော့ရှ်က ဘယ်ကောင်လေးမဆို သဘောကျမည့် စကားမျိုး အလျင်အမြန် ၀င်ပြောလိုက်သည်။

" သူကြောက်တာပေါ့ကွဲ့ ၊ ဒေါ်ဒေါ်လည်း ကြောက်တယ် ၊ ဒါပေမယ့် အခုတော့ ဒီမှာ ယောက်ျား တစ်ယောက်ရှိနေပြီပဲ။"

ခဏအဖို့ တိတ်ဆိတ်သွားသည်။ ထို့နောက် သူထလာသည်။

"အားလုံး နေသားတကျရှိလား ကျွန်တော် လိုက်စစ်ကြည့်လိုက်ဦးမယ်" ဟု ဆိုပြီး လက်မောင်းလေး ဘေးကားကာ ခြေထော့နဲ့ နှင့် လျှောက်သွားလေသည်။

ရက်သတ္တပတ် အတော်ကြာသည်အထိ သည်အဖြစ်အပျက်ကလေးက ကျွန်မခေါင်းထဲ မှ မထွက်နိုင်ဖြစ်နေခဲ့သည်။ ကောင်လေးအမေးကို ကျွန်မ မစ္စစ်မက္ကင်းတော့ရှ်လို နားလည်မှုရှိရှိ ကြင်နာမှုအပြည့်နှင့် ဘာကြောင့်မဖြေနိုင်ခဲ့သနည်း။ ဒါတင်မက ကျွန်မဘ၀တစ်လျှောက်လုံးမှာ ဘေးဘီကိုမကြည့် ကိုယ့်ကိစ္စတွေချည်း အာရုံဝင်ခဲ့မိသဖြင့် တစ်ဖက်သား၏ လိုအပ်ချက်တွေကို လျစ်လျူရှုခဲ့မိတာတွေ မည်မျှများပြားပါလေမည်နည်း။ သို့သော် ယခင်ကပျက်ကွက်မှုတွေအစား အခွင့်အရေးအသစ်တွေ လိုက်ကြည့်ဖို့ စိတ်အားထက်သန်နေပြီ။
ကျွန်မသိပ်သိချင်နေသည်။ မွေးရာပါကြင်နာတတ်သည့် စိတ်လား၊ ဒါမှမဟုတ် တမင်မွေးယူထားတဲ့ အလေ့အကျင့်လား။ ဒီလိုစဉ်းစားရင်း ကျွန်မခေါင်းထဲသို့ ' ဒေါက်တာ နော်မင်ဗင်းဆင့်ပီးလ်' သုံးစွဲလေ့ရှိသော စကားတစ်လုံးဝင်ရောက်လာသည်။

"ယဉ်ကျေးပျူငှာသော နှလုံးသား" ဟူသော စကား။

တစ်နေ့တွင် သူငယ်ချင်းတစ်ယောက်နှင့်အတူ ကျွန်မဈေးဝယ်သွားသည်။ အဲသည်မှာ အသက် ၈ နှစ်လောက်သာရှိသေးသော ကောင်လေးက သူ့အဖေကို ကူညီ၍ဟင်းသီးဟင်းရွက်တွေ ရောင်းပေးနေတာတွေ့ရသည်။ ကောင်လေးက အမျိုးသမီးတစ်ယောက်အား ဂေါ်ဖီထုပ်တစ်ထုပ်ကို ကိုယ်တိုင်ရောင်းချပြီးနောက် ၀ယ်သူထံမှ ပိုက်ဆံကို ဂုဏ်ယူစွာဖြင့် ငံ့လင့်နေသည်။ သို့သော် အမျိုးသမီးက သူကို ဂရုမစိုက်ပဲ ဖခင်ဖြစ်သူကို ငွေလှမ်းပေးလိုက်သည်။ ကောင်လေးမျက်နှာ အပြုံးပျက်သွားကာ ကိုယ်လေးလည်းညှိုးကျသွားသည်။ ကျွန်မနှင့် အတူပါလာသော သူငယ်ချင်းက ဒါကိုမြင်တော့ ကောင်လေးကို လှမ်းခေါ်ကာ ခရမ်းချဉ်သီးတွေ အားလူးတွေ ကောက်ရွေးသည်။ ကောင်လေးက ဒါတွေကို အိတ်တစ်လုံးထဲ ထည့်ပေးသည်။ ပိုက်ဆံပေးမည့်အခါသူကအကြွေပေးမည်ဆိုလည်းပေးရန်ရှိသော်လည်း တမင်ပင် တစ်ဒေါ်လာတန်တစ်ရွက်ပေးလိုက်သည်။ ခဏလေးတော့ ကောင်လေးမျက်မှောင်ကြုတ်သွားသည်။ သူခေါင်းထဲ အတော်တွက်နေရပုံပေါ်သည်။ သို့သော် နောက်တော့ မျက်နှာက လင်းခနဲဖြစ်သွားပြီး သွက်လက်ရွှင်ပျစွာပင် အကြွေတွေကို အတိအကျပြန်အမ်းပေးသည်။

"ကျေးဇူးပဲကွာ၊ အန်တီဆိုရင် အဲဒီလောက်မြန်မြန်တွက်လို့ရမှာ မဟုတ်ဘူး " သူငယ်ချင်းက ပြောလိုက်သည်။

"ဟာ မခက်ပါဘူး" ဆိုပြီးကောင်လေးက သူအဖေကို မော့ကြည့်သည်။ ကျွန်မသူငယ်ချင်း၏အမြော်အမြင်ရှိစွာ ဆောင်ရွက်တတ်မှုကြောင့် ကောင်လေး သားအဖရော ကျွန်မတို့ နှစ်ယောက်ပါ နွေးထွေးမှုတွေ ကူးစက်ကာ ပြုံးပျော် ရွှင်လန်းသွားခဲ့ရသည်။

တစ်ခါ၌ အာသီးရောင်သောကလေးတစ်ယောက်ခွဲစိတ်ရန်အတွက် ဆေးရုံတက်ရသည်။
ကောင်လေးက တက်ဒီ့ဘဲယားအရုပ်ကို အလွန်ချစ်သည်။ သူ့ဝက်ဝံရုပ်လေးက ဟောင်းနွမ်းစုတ်ပြတ်နေပြီး မျက်လုံးတစ်လုံးက မရှိတော့။ သူ့ကို ခွဲစိတ်ခါနီး ဆရာဝန်ကြည့်ရန်လာသည့်အခါ အနီးရှိသူနာပြုဆရာမတစ်ယောက်က သူဖက်ထားသည့် ၀က်ဝံရုပ်လေးကို ဖယ်မည်ပြုသည်။ သို့သော် ခွဲစိတ်ဆရာဝန်ကြီးက ခပ်တည်တည်ဟန့်တားသည်။

"တက်ဒီ့ကို မယူပါနဲ့၊ သူ့ကိုလဲဂရုစိုက်ရမှာပေါ့ "

ခွဲစိတ်ပြီး၍ ကောင်လေးသတိပြန်ရလာတဲ့အခါ တက်ဒီ့ဘဲယားက သူ့ဘေးမှာ၊ မရှိတော့သော မျက်လုံးနေရာတွင်လည်း ကျွမ်းကျင်သော ဆရာဝန်ကိုယ်တိုင် အသပ်ရပ်ဆုံးစည်းနှောင်ပေးထားသည့် ပတ်တီးစနှင့်။

ယဉ်ကျေးပျူငှာသော နှလုံးသားကို ထိရောက်ကောင်းမွန်စွာ အသုံးချနိုင်မည့် အခွင့်အလမ်းများက ပတ်ဝန်းကျင်တွင် အမြဲရှိနေပါသည်။

ယဉ်ကျေးပျူငှာသော နှလုံးသား၏ အဓိကအကျဆုံးအရာကား သူတစ်ပါး၏ ခံစားမှုများကို နားလည်တတ်ခြင်းဖြစ်သည်။

နောက်တစ်ခု ပြောချင်သည်က ယဉ်ကျေးပျူငှာသော နှလုံးသားပိုင်ရှင်များမှာ သိပ်အလုပ်များနေ၍ သူတစ်ပါးကို ဂရုမစိုက်နိုင်ဟူသောစိတ်သဘောမျိုး ကင်းမဲ့ခြင်းဖြင်သည်။

ဆရာဖေမြင့် ၏ ဘ၀ဒဿန ရသစာများ
..........................................................................................
ညီအကို မောင်နှမအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းများနဲ့ ပြည်စုံပြီး အေးချမ်းသော ဘ၀လေးများကို ပိုင်ဆိုင်ကြပါစေ................

Ref:::Ye Yint Htike
Read More

"ကံ ၊ ညဏ် ၊ ၀ိရိယ "

8:20 PM |


 


ဟိုးရှေးရှေးတုန်းကပေါ့ ..........

" ကံ " ကို အားကိုတဲ့ ငါး ရယ် ၊ " ညဏ် " ကို အားကိုးတဲ့ ငါးရယ် ၊ " ၀ီရိယ " ကို အားကိုးတဲ့ ငါးလေး သုံးကောင်ရှိခဲ့တယ် ....

တစ်နေ့ သူတို့ သုံးကောင် ပင်လယ်ထဲမှာ ပျော်မြူးရင်းနဲ့  တံငါသည်ရဲ့  ပိုက်ကွန်ထဲကို တိုးဝင်မိပြီး တံငါရဲ့ လေ ပေါ်ထဲကိုရောက်သွားခဲ့ပါတယ်

ကံ ကို အားကိုးတဲ့ ငါးလေးက ......
" တကယ်လိုကွာ ငါသာ သေဖို့ ကံမပါလာခဲ့ဘူးဆိုရင် ဒီတံငါသည် လက်ထဲက လွတ်မှာဘဲကွ " ဟုဆိုကာ အေးအေးဆေးဆေး အိပ်စက်နေခဲ့တယ် ..

ဝီရိယ ကို အားကိုးတဲ့ ငါးလေးကတော့ ......
" ဟ ကိုယ်တိုင်ကကြိုးစား အားထုတ်မူ့ မရှိရင် ကိုယ်လိုချင်တဲ့ပန်းတိုင်းကို ဘယ်တော့မှ မရောက်ဘူးကွ ... ငါတော့ ဒီကလွတ်အောင်ကြိုးစားမယ် "

ဟုဆိုကာ တံငါသည် လှေထဲကနေ '" ဖလပ် " ဖလပ် " နဲ့  ခုန ခုနခုန်ထွက်ဖို့  ကြိုးစားနေပါတယ် ...

အကြိမ်ဖန်များစွာ ကြိုးစားတာကို တံငါသည် သတိပြူမိသွားတော့ ချက်ချင်းဘဲ လှော်တက်နဲ့  ရိုက်သတ်ခြင်းခံလိုက်ရပါတယ် ..

ညဏ်ကို အားကိုးတဲ့ ငါးလေးကတော့ အခွင့်ခါသင့်အချိန်ကို စောင့်နေခဲ့ပါတယ် ..
ခနုကြာတော့ လေပြင်းတစ်ချက်တိုက်ခတ်တာကြောင့် လှေဟာ အနည်းငယ် စောင်းသွားခဲ့ပါတယ် ...

အဲဒီချိန် ညဏ် ကို အားကိုးတဲ့ ငါးက ဟာ အခွင်ရေးဘဲဆိုပြီး တစ်ချက်ဘဲ ခုန်လိုက်ရပြီး အသက်သေဘေးမှ လွတ် မြောက်သွားခဲ့ရပါတယ်....

တံငါသည် က ငါးတစ်ကောင်လွတ်သွားတာကို သတိပြူမိပြီး ကျန်နေတဲ့ ငါးတစ်ကောင်လဲ လွတ်မှာ စိုးရိမ်တာမို့  ချက်ခြင်းဘဲ ကံကို အားကိုတဲ့ ငါးကို ရိုက်သတ်လိုက်ပါတယ် ...

အလုပ်တစ်ခု အောင်မြင်ဖို့  " ကံ နဲ့  ၀ိရိယ " ရှိနေခဲ့ရူံနဲ့  မရဘဲ .....
" ကံ ၊ ညဏ် ၊ ၀ိရိယ " သုံးခုလုံးကို သေချာပိုင်နိုင်စွာ အသုံးချနိုင်ခဲ့မှသာ လိုချင်တဲ့ ပန်းတိုင်းကို ရောက်နိုင်လိမ့်လို့  ရည်ညွန်းထားခဲ့ခြင်းဖြစ်ပါတယ် ....

( ငယ်စဉ်က နာကြားခဲ့ဘူးသော တရားတော်များအား ပြန်လည်ရေးသားခြင်းသာ .......

Written by ကောင်လေး
Read More

"မိဘများ စဉ်းစားကြဖို့ပါ"

8:16 PM |




===============

မိတ်ဆွေ တစ်ယောက် ပိုင်တဲ့ အင်တာနက်ဆိုင်ကို ရောက်တော့ ထူးဆန်းတဲ့ မြင်ကွင်းတစ်ခုကို တွေ့လိုက်ရတယ်။ အဲ့ဒါကတော့ နက်ဝက် ဂိမ်းကစားနေတဲ့ ကလေးတွေအားလုံးကို မောင်းထုတ် နေတာပါပဲ။ ( မင်းဘာလုပ်နေတာလဲ ) ဆိုတော့ ( ဒီကောင်တွေ ဂိမ်းကစားတာ တစ်နာရီ ပြည့်သွားလို့ ပြန်ခိုင်းနေတာ .. မောင်းမထုတ်ရင် တစ်နေကုန်ကစားနေမှာကွ ) တဲ့။ ( တစ်နေကုန် ကစားတော့ မင်းပိုက်ဆံရတာပေါ့ ) ဆိုတော့ ...

" ဟေ့ကောင် .. မင်းသူ့မိဘနေရာက စဉ်းစား၊ ဒီကောင်တွေ တနေကုန် ကစားနေလို့ ဘာအကျိုးကျေးဇူးမှ မရဘူး။
၁။ ခန္ဓာကိုယ်ချည့်နဲ့လာမယ်။
၂။ ရိုင်းစိုင်းကြမ်းတမ်းတတ်လာမယ်။
ဟိုကောင်ပြေးလာပြီ ဓားနဲ့ထိုး၊ နောက်ကကောင်ကို ဝင်ရိုက်လိုက်၊ ယီးတဲ့မှပဲ . မအေရိုး .. ဆိုတာတွေ မင်းမှ မကြားဖူးပဲ ..." တဲ့။ ( တခါတလေ ဖေ့ဘုတ် အကောင့်ဖွင့်ပြီး သုံးနေတာ၊ ပွန်းဆိုက်တွေ လိုက်ကြည့်နေတာလည်း တွေ့ရတတ် ပါတယ်။ )

ဒါဆိုဘာလို့ သူတို့ကို မင်းဆိုင်မှာ ကစားခွင့် ပေးနေသေးလည်း ဆိုတော့ တစ်နာရီလောက် စိတ်ထွက်ပေါက် ပေါ့ကွာတဲ့။ မင်းဆီမကစားရလည်း တခြားသွားဆော့မှာပဲ ဆိုတော့ ဒါတော့ ဘယ်တတ်နိုင်မလဲတဲ့။

ချတ်တင်ထိုင်ရင်း အသက် ၄၀ လောက် လူတစ်ယောက်နဲ့ ငြိစွန်းသွားတဲ့ ဆယ်ကျော်သက် မိန်းကလေးတစ်ယောက် အကြောင်း trust ရုပ်ရှင်ကလည်း သင်ခန်းစာပါ။ facebook ကနေ လူကုန်ကူးမှု ဖြစ်သွားတာတွေ၊ လိင်ဖျော်ဖြေမှု လုပ်ငန်းဘက် ရောက်သွားတာတွေလည်း ကျနော်တို့ဆီမှာ မြင်တွေ့နေရပြီ။

အခု ပိုဆိုးလာတော့မယ့် ပြသနာက ၁၅၀၀ ဖုန်းတွေ။ အရင်က ကျနော့ ကျူရှင်ကို ဖုန်းယူလာ တတ်တာဟာ ၁၀ တန်းသမားတွေပဲ ရှိပေမယ့် အခုဆို ၈ တန်း၊ ၉တန်း ကလေးတွေပါ ဖုန်းကိုင်လာကြပါပြီ။ ဆရာအလစ် ဂိမ်းခိုးနှိပ် တယ်။ မက်ဆေ့နဲ့ ချတ်တယ်။ ဒါနဲ့ ကျူရှင်ကို ဖုန်းမယူလာဖို့ ဖုန်းမြည်သံ ကြားရင် အပြီးသိမ်းမယ်လို့ စည်းကမ်း ထုတ်လိုက်ရပါတယ်။ ဒါလည်း ခိုးယူလာ ကြတာပါပဲ။

တစ်ရက်တော့ နဝမတန်း စာသင်ခန်းထဲမှာ ဖုန်းမြည်သံ ကြားတာနဲ့ အကုန် လိုက်စစ်လိုက်တော့ ဖုန်းငါးလုံးရတယ်။ မိန်းကလေးက သုံးလုံး၊ စိတ်ပေါက်ပေါက်နဲ့ မက်ဆေ့တွေ အကုန်ဖွင့် ဖတ်လိုက်တော့ မက်ဆေ့ အားလုံးရဲ့ တူညီတဲ့အချက်က ....

" အရမ်း သတိရတာပဲ " .... ... "ဘယ်နေ့ တွေ့ခွင့် ရဦးမှာလဲ " .. .. "အရင်နေရာကို လာခဲ့ရဦးမှာလား "

ဒါမျိုးတွေချည်းပါ။ မိဘများကိုယ်စား အလွန်ရင်ပူ မိပါတယ်။ မိဘတွေကရော မိမိတို့ ကလေးတွေရဲ့ လွယ်အိတ်တွေ ဖုန်းတွေ ဘယ်နှစ်ခါများ စစ်ဆေးဖူးကြ ပါသလဲ။ မဝယ်ပေးနဲ့ မဟုတ်ပါဘူး၊ ဝယ်ပေးကြပါ။ စစ်လည်း စစ်ဆေးကြပါ။ ကလေးတွေရဲ့ အသိဥာဏ် ရင့်သန်အောင်လည်း လေ့ကျင့်တည့်မတ် ပေးကြပါဦး။ ကျနော်တို့ မရှိတော့ရင် ဒီကလေးတွေရဲ့ လက်ထဲမှာ အရာရာ အားလုံး ချန်ထားခဲ့ရမှာပါ။ ကျနော်ကတော့ သူတို့အားလုံးကို အရွယ်မတိုင်မှီ လမ်းမလွဲကြဘဲ ရင့်ကျက်တည်ငြိမ်စွာနဲ့ လျှောက်လှမ်းနိုင်သူတွေ ဖြစ်စေချင်တာ ပါပဲ။

" သိပ်ချစ်လွန်းလို့ ၈ တန်း ကျောင်းသားလေးကို ဆိုင်ကယ် ဝယ်ပေးတာဟာ သင်္ချိုင်းကုန်းမှာ မြေဝယ်ပေးလိုက် သလိုပါပဲ။ သိပ်ချစ်လွန်းလို့ ၈ တန်း၊ ၉ တန်း ကျောင်းသူလေးကို ဖုန်းဝယ်ပေး လိုက်တာဟာ အနာဂါတ်ကို တွင်းတူး မြှပ်နှံ လိုက်သလိုပါပဲ ... .. "

မိဘများလည်း စဉ်းစားကြဖို့ပါ။

သည်းထန် - The Yangon Times Daily

ကိုယ့် ကလေးတွေကို ခေတ်နဲ့ လျော်ညီအောင်လည်း နေပါစေ။ မျက်ခြေလည်း မပြတ်ပါစေနဲ့လို့ အကြံပြု လိုက်ပါတယ် ခင်ဗျာ .
Read More

" ဂဠုန် ဦးစော "

8:09 PM |

ဂဠုန် ဦးစော

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzekAaEs0V6UbZYKRDZp8W_68hVQ2th5dbrjEELPr73iK0pmdmCkO2CadDz2cdLDId6g0Pcas6DggHMcvitRb_jug2DPJB4Puc9s9slr2eTk372CL3i2Xs_zdRhoW73YPnUpJs29aedJwG/s640/Min+KoKo.jpg
 
ဗိုလ်ချုပ်အကြောင်းစာအုပ်တွေဖတ်ဖြစ်ရင်းနဲ့ တဆက်တည်းဖတ်ဖြစ်တာကတော့ ဂဠုန်ဦးစောရဲ့အကြောင်းတွေပါပဲ။ဒီလူကြီးဘယ်လိုစိတ်နဲ့ များ နိုင်ငံတော်လုပ်ကြံမှုကြီးကို လုပ်ခဲ့သလဲသိချင်တာပေါ့လေ။

တကယ်တော့ ဦးစောဟာလည်း လူတော်တစ်ယောက်ပါ။
ရှေ့ နေတစ်ယောက်ဖြစ်ပြီး ဒိုင်အာခီရွေးကောက်ပွဲမှာ အမတ်ဖြစ်ဖူးတယ်။
ဆရာစံတို့ ဂဠုန်တပ်သားတွေ အတွက်လည်း ရှေ့ နေလိုက်ပေးဖူးတယ်။
အဲ့ဒီမှာ ပြည်ထဲရေး အတွင်းဝန် မစ္စတာ ဘုသ်ဂရေ့ဗလီ (Mr. Booth Gravely) က ဦးစောကို "မောင်စော ဂဠုန် ဖြစ်လာပြီ" လို့ ပြောရာကနေ 'ဂဠုန်ဦးစော' ဆိုပြီး အမည်တွင်လာခဲ့တယ်။နောက်ပိုင်းမှာ မျိုးချစ်ပါတီထောင်၊ နန်းရင်းဝန်လုပ် ၊ တစ်ဆင့်ပြီးတစ်ဆင့် အာဏာမက်လာရာကနေ နိုင်ငံတော်လုပ်ကြံမှုကြီးဖြစ်လာတယ်။

ကြိုးအပေးမခံရမီ အင်းစိန်ထောင်ထဲမှာ တရားစာအုပ်တွေဖတ်တယ်။ ကိုယ်တိုင်ရေးအတ္ထုပတ္တိရေးတယ်။ သူ့ သမီး ဘေဘီစောကို နောက်ဆုံးရေးပေးတဲ့စာထဲမှာ ဦးစောဟာ တရားတော်တော်ပေါက်နေမှန်းသိသာတယ်။ သူ့ ဇနီးနဲ့ သမီးခမျာမှာတော့ အယူခံဝင်ဖို့ ရှေ့ နေငှားတာ ဘယ်သူကမှ ရှေ့ နေမလိုက်ပေးရှာဘူး။

ကြိုးဒဏ်မခံရမီ တစ်ရက် က ကြိုးတိုက်နံရံ မှာ ခဲနဲ့ စာရေးသွားတယ်။ "အတိတ်ဘဝမကောင်းမှုက အရင်းခံကြောင့် ဒုက္ခဖြစ်ရသည်။ ဥယိဋ္ဌကကံကကပ်၍ နှိပ်စက်သောကြောင့် စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်ရသည်။ အထည်ခံရုပ်ကြမ်းထုကား သေသည်နောက်တိုင်အောင် ကျန်ရှိလေ၏"တဲ့ ။

၁၉၄၈မေလ ၈ ရက်နေ့ လင်းအားကြီး အချိန်မှာ ဦးစောနှင့် အပေါင်းအပါ တရားခံတွေကို ကြိုးဒဏ်ပေးတယ်။ ရန်ကုန်ထောင်ကြီးထဲမှာရန် ကြီးအောင်နဲ့ စိန်ကြီး၊အင်းစိန်ထောင်မှာ ဦးစော၊ မောင်စိုး၊ သက်နှင်းနဲ့  မှုံကြီးတို့ ကို နှစ်ယောက်တစ်တွဲစီ တစ် နာရီခြား ကြိုးပေးတယ်။ ကြိုးဒဏ်ပေးမယ့် နံနက်ငါနာရီခွဲမှာ ဦးစောဟာ နောက်ဆုံးအချိန်အထိ ဣနြေ္ဒမပျက်ဘဲ ပြုံးပြုံးရယ်ရယ်နဲ့ ထောင်ပိုင်ကြီးကို(ဂွတ်ဘိုင်)လို့  နှုတ် ဆက်သွားသေးသတဲ့။ ကြိုးစင်ပေါ်သို့ မတက်ခင် ဘုရားလည်းဝတ်ပြုသွားသေးတယ်။
အလောင်းကိုတော့ အပြင်သယ်ခွင့်မရှိလို့ ထောင်ထဲမှာပဲ သင်္ဂြိုလ်ရရှာတယ်။

အင်းစိန်ထောင်ကနေပြီး သူ့ ဇနီးကိုရေးတဲ့စာမှာ

" မာမီခင် ကျွန်တော်၏ အလောင်းကို အိမ်သို့ မယူပါနှင့်။
ဘယ်ကိုမှလည်း မယူပါနှင့်။ သေပြီးသောအပုပ်ကောင်ကြီးဟူ၍ တရား နှင့်ဖြေပါ။ သတိသံဝေဂဖြစ်ပါ။
အနိစ္စ တရားနှင့် အနတ္တတို့ကို ပွားများပါ။ သေပြီဖြစ်၍ မထူးပါ။ ထို့ကြောင့် မာမီတို့ ဒုက္ခမရှာကြပါနှင့်တော့။ သေသူအား ရည်ရွယ်၍ ပဉ္ဇင်းခံခြင်း၊ ရှင်ပြုခြင်း၊ ဆွမ်းကျွေးခြင်း စသော ကုသိုလ်ကောင်းမှုများကို လုပ်ပါက မာမီ တို့မှာကုသိုလ်ရနိုင်ပါသည်။ အမျှအတန်း ဝေပါက ကုသိုလ်ရနိုင်ပါသည်။ ဤသို့ သော ကုသိုလ်ရေးများကိုသာ ဂရုစိုက်ပါ။"တဲ့။

သူ့ သမီး မေသန်းစော(ခ)ဘေဘီစောကိုရေးတဲ့စာမှာလည်း

"ချစ်သမီးသို့

ချစ်သမီးအတွက် အနည်းငယ် ရေးရဦးမည်။ သမီးသည် ငယ်စဉ်ကစ၍ သူတပါးအသတ်ကို မသတ်ဘဲ အမြဲရှောင်ကြဉ်လာခဲ့သလို၊ မိမိ၏ အသက်ထက်ဆုံး မည်သည့်အခါမှ သူတပါးအသက်ကို မသတ်ပါဟူ၍ မြတ်စွာဘုရားရှေ့တော်၌ နေ့စဉ်နေ့တိုင်း အဓိဌာန်ပြုပါ။
နောက် အရေးကြီးတာတခုက သမီးအား မှာခဲ့ဦးမည်။ ဒယ်ဒီတို့အမျိုးသည် အဖေမျိုး၊ အမေ မျိုးတို့သည် စိတ်အလွန်ထက်ကြသည်၊ စိတ်ကောင်းရှိကြသည်။ သို့သော် သူတပါးစော်ကားလာလျှင် မခံချင်သောစိတ်ထားက အလွန်အားကြီးကြ၏၊ စိတ်ပြင်းထန်၏။ သူများတကာက တချက်ရိုက်လျှင် ကိုယ်က အချက် ၂၀ ပြန်ရိုက်ချင်သည်။ လက်စားပြန်မချေရလျှင် တသက်လုံး မမေ့နိုင်၊ မစားနိုင်၊ မနေနိုင်သလို ရှိကြသည်။ ငါ့သမီး ဤသို့သဘော မရှိလေနှင့်။ အကယ်၍ တစုံတယောက်က ရန်မူလာလျှင် သည်းခံပါ။ သည်းခံခြင်းသည်ပင်လျှင် ကုသိုလ်ရေး ဖြစ်တော့၏။


အရေးအကြီးဆုံး၊ အဖိုးတန်ဆုံး၊ နောက်ဆုံးအမွေတခု ပေးရဦးမည်။ ထိုအမွေကား အခြားမဟုတ်။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို အမြဲဆည်းကပ်ရမည်။

လူ့ဘဝကိုရဖို့ အလွန်ခဲယဉ်း၏။ ဘုရားသာသနာနှင့် ကြုံကြိုက်ဖို့ရာ အလွန်ခဲယဉ်း၏။ ယခု သမီးတို့မှာ လူ့ဘဝကို ကံအားလျော်စွာ ရောက်လာ၏။ အလွန်အဖိုးတန်သည့် မြတ်စွာဘုရား သာသနာတော်ကြီးနှင့် ကြုံကြိုက်လျက်ရှိ၏။

မသေမနေရသမျှ အချိန်ကလေးအတွင်းမှာ ရတနာ သုံးပါးကို နေ့ရောညဥ့်ပါ ဆည်းကပ်ကိုးကွယ်ပါ။ ဝိပဿနာတရား အားထုတ်ပါ။
မြန်မာပြည်၌ ဘုန်းတော်ကြီးတွေ များနိုင်သလောက်များအောင် ပဉ္စင်းခံ၊ ရှင်ပြုတို့ကို ငါ့သမီး တတ်နိုင်သလောက် လုပ်ပါ။

သူတော်ကောင်းများသော နိုင်ငံအဖြစ်နှင့် မြန်မာပြည်သည် ကမ္ဘာတွင် ထင်ရှားပါစေ။ ဤသို့ဖြစ်ရန် ငါ့သမီးသည် တတ်နိုင်သမျှ ပါဝင်ကူညီပါ။ ဆောင်ရွက်ပါ။ ဘုရား သာသနာတော် အကျိုး၊ သတ္တဝါများ၏ အကျိုး၊ မိမိကိုယ်ကျိုးအတွက်ဖြစ်ပေမည်ဟူ၍ တသက်လုံး မှတ်ထားပါ။ သမီးသည် ဆရာတော်၊ သံဃာတော်အရှင်မြတ်များကို အမြဲကိုးကွယ်ပါ။ ဆည်းကပ်ပါ။ လှူဒါန်းပါ။ ဒါန၊ သီလ၊ ဘာဝနာ၊ ကုသိုလ်ကောင်းမှုများကို အမြဲအားထုတ်ပါ။ ဤကား- ငါ၏ ချစ်သမီး အား ပေးအပ်ခဲ့သော အမွေပင်တည်း"

လိမ္မာစွာနေရစ်ပေတော့ ချစ်သမီး

မောင်စော"

သေသူကတော့ သေရှာပေမယ့် ကျန်ရစ်သူမိသားစုမှာတော့ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့မှုကမလွတ်ဘူး။ ဗိုလ်ချုပ်ဇနီးဒေါ်ခင်ကြည်ကတော့ မုဆိုးမချင်းတူပေမယ့် ဦးစောဇနီး ဒေါ်သန်းခင်ခမျာမှာတော့ ပတ်ဝန်းကျင်က ကဲ့ရဲ့ရှာတယ်ဆိုပြီး အားမငယ်ဖို့ အားပေးခဲ့တယ်။ ဒေါ်ခင်ကြည်ရဲ့ သဘောထားကြီးမြတ်မှုပေါ့လေ။

နောက်ဆက်တွဲသိရတာတွေက ဦးစောရဲ့ မြေးတွေဟာ ဒဂုံ(၁)မှာကျောင်းတက်တော့ အတန်းထဲမှာ ဆရာမက ဗိုလ်ချုပ်အကြောင်းပြောမိရင် သူတို့ အဘိုးဦးစောကိုစိတ်နာလို့ မျက်ရည်ကျတတ်သတဲ့။ သူတို့ ကိုလည်း အပေါင်းအသင်းသိပ်မလုပ်ကြဘူးတဲ့။ အဘိုးရဲ့ အမည်းစက်တွေက အပြစ်မရှိတဲ့ သူ့ မြေးတွေမှာ လာအရိပ်ထိုးနေတာစိတ်မကောင်းစရာပဲ။

တလောတုန်းက ဗိုလ်ချုပ်အတ္ထုပတ္တိရုပ်ရှင်ရိုက်မယ်ဆိုတော့လည်း ဦးစောနဲ့ ရုပ်တူတဲ့ မြေးတစ်ယောက်က သူကိုယ်တိုင် ဦးစောနေရာမှာ ဝင်သရုပ်ဆောင်ပေးပါရစေဆိုပြီးကမ်းလှမ်းတယ်။ သူ့ အဘိုးရဲ့မိုက်ပြစ်တွေရှိခဲ့ပေမယ့် ဗိုလ်ချုပ်ဇာတ်ကားမှာ သူပါဝင်ချင်ပါတယ်ဆိုတဲ့သတင်းတက်လာတော့ အောက်ကနေ ကွန်မန့် တွေနဲ့ ဝိုင်းဆဲကြတာတွေတွေ့ ရတယ်။ တကယ်စိတ်မကောင်းဘူး။

ဦးစောအကြောင်းဖတ်ဖြစ်ရင်းနဲ့ သင်ခန်းစာတစ်ခုရခဲ့တယ်။
ကိုယ့်ရဲ့ မိုက်ပြစ်တွေဟာ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် အရှက်ရမယ့်ကိစ္စဖြစ်ခဲ့ရင် ကိုယ့်သားမြေးတွေမှာ ကိုယ့်နာမည်ကြားတိုင်းအကြိမ်ကြိမ်သေနေရတယ်။
ကိုယ့်အမျိုးကတောင် ကိုယ့်နာမည်ထုတ်မပြောရဲလောက်အောင် ရာဇဝင်ရိုင်းခဲ့သူတစ်ယောက်ဟာ ဘဝမှာ ဘာများအောက်မေ့စရာရှိပါတော့မလဲ။


ကိုးကား ...
ဂဠုန်ဦးစော၏ နောက်ဆုံးနေ့ရက်များ - တက္ကသိုလ် စိန်တင်

လူဖြစ်ရခြင်း၏ အဓိကရည်ရွယ်ချက်

သမိုင်းတကွေ့ မှ ဂဠုန်ဦးစော



- ယဉ် ယဉ်နှောင်း မှကူးယူဖော်ပြပေးပါသည်။
Read More

" သင့်ရဲ့ တစ်နေ့ တာကို ခွန်အားရှိရှိစတင်နိုင်ဖို့ ..နည်းလမ်း(၉)ခု "

8:00 PM |


 





ဒီ ရိုးရှင်းတဲ့ နည်းလမ်း ၉ ခုကို ပြုလုပ်ခြင်းဖြင့် သင့်ရဲ့ တစ်နေ့တာလုံးမှာ ခွန်အားရှိနေအောင် ပြုလုပ်နိုင်ပါတယ်။

စောစောထပါ။ ကြားရတာ တစ်မျိုးကြီး ဖြစ်နေနိုင်တယ်ဆိုတာ ကျနော် သိပါတယ်။ ဒါပေမယ့် မနက်စောစောပိုင်းမှာ အချိန်ပို မိနစ်အနည်းငယ်လောက် ရခြင်းဟာ တစ်နေ့တာလုံးမှာ သင့်ကို ခွန်အားရှိနေစေဖို့ အထောက်အကူဖြစ်စေပါတယ်။ ကျနော်ဟာ မနက်တိုင်း ၅ နာရီမှာ အိပ်ရာထပါတယ်။ နံနက်ခင်းဟာ လှပ တိတ်ဆိတ်နေပြီး ကျနော်ဟာ အလုပ်မစခင်မှာ ကိုယ့်ကိုယ်ကိုယ် ခွန်အားဖြည့်နိုင်ပါတယ်။

အိပ်ရေး၀၀ အိပ်ပါ။ အိပ်ရာစောစောထတာနဲ့အတူ သင်ဟာ လုံလောက်တဲ့ အိပ်ရေးကို ရရှိဖို့လည်း သေချာပါစေ။ လုံလောက်တဲ့ အိပ်ချိန်ပမာဏဟာ တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ ဒီတော့ ဘယ်နာရီ အိပ်ရမယ်ဆိုတာ ကျနော် အတိအကျမပြောနိုင်ပါဘူး။ ဒါပေမယ့် အနည်းဆုံး ၆ နာရီလောက် အိပ်ကြည့်ပါ။

ရေသောက်ပါ။ ဟုတ်ပါတယ်။ သင် အိပ်ရာထတာနဲ့ ရေအေးအေးတစ်ခွက်လောက် သောက်လိုက်ပါ။ ဒါက နာရီအတန်ကြာ အိပ်ပျော်နေတဲ့ သင့်ရဲ့ ကိုယ်န္ဓာကို စတင် လည်ပတ်စေပါတယ်။ ဒီနေရာမှာလည်း လူတိုင်းဟာ သူတို့နဲ့ သင့်တော်တဲ့ ရေပမာဏ အသီးသီး ရှိကြပါတယ်။ လူအများစုကတော့ တစ်ရက်ကို ရေ ၂ လီတာ (ရေသန့်ဘူး နှစ်ဘူးစာ) လောက် သောက်သင့်တယ်လို့ ဆိုကြပါတယ်။

လှုပ်ရှားပါ။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ တစ်နေ့တာကို မီးထွန်းညှိပေးလိုက်သလိုပါပဲ။ သင့်ရဲ့ ပထမဆုံး အစားအစာကို မစားမီ နံနက်ခင်းမှာ လေ့ကျင့်ခန်း လုပ်ခြင်းဟာ အများကြီး တန်ဖိုးရှိပါတယ်။ တစ်နေ့တာအတွက် သင့်ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကို အရှိန်ရစေပါတယ်။

စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် အရာများ။ နံနက်ခင်းမှာ သင့်အတွက် စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် စာတွေ၊ Blog တွေကို ဖတ်ပါ။ ဒါက တစ်နေ့တာလုံးအတွက် သင့်ကို စိတ်ဓာတ်ခွန်အား ဖြစ်စေပါတယ်။ ဒါမှမဟုတ် သင်လေ့ကျင့်ခန်း လုပ်နေချိန်မှာလည်း စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် ဟောပြောမှု အသံဖိုင်တွေ၊ audio-books တွေကို နားထောင်နိုင်ပါတယ်။

နံနက်စာ စားပါ။ နံနက်စာကို လုံးဝ မစားဘဲ မနေပါနဲ့။ နံနက်စာဟာ သင့်ရဲ့ အင်ဂျင်ကို အားဖြည့်ဖို့ အခွင့်အရေးပါပဲ။

တစ်နေ့တာအတွက် အစီအစဉ်ဆွဲပါ။ သင်ဟာ အိမ်မှာပဲနေမှာဖြစ်ဖြစ်၊ အလုပ်ကို သွားမှာပဲဖြစ်ဖြစ် အရင်ဆုံး သင့်ရဲ့ တစ်နေ့တာကို အစီအစဉ်ဆွဲပါ။ သင့်ရဲ့ ရည်မှန်းချက်တွေကို ရှင်းရှင်းလင်းလင်း သိမြင်ခြင်းဟာ သင့်အတွက် စိတ်ဓာတ်ခွန်အားကို ဖြစ်စေပါတယ်။

အရေးကြီးတာအရင်လုပ်။ အခုဆိုရင် သင့်မှာ ဒီနေ့အတွက် ရည်မှန်းချက်တွေ ရေးပြီးပြီ။ ဒီအချိန်ဟာ သင့်အတွက် အရေးအကြီးဆုံးအရာကို စလုပ်ရမယ့်အချိန်ပါပဲ။ ဒါက သင့်ရဲ့ စိတ်ကို တက်ကြွစေပါလိမ့်မယ်။

အသက်ရှူပါ။ နက်နက်ရှိုင်းရှိုင်း ရှူပါ။ ဒီဟာက အင်မတန် အံ့သြစရာကောင်းပါတယ်။ ထိုင်ခုံတစ်လုံးမှာ သက်သောင့်သက်သာ ထိုင်ပါ။ ဒါမှမဟုတ် လဲလျောင်းပါ။ စိတ်ထဲမှာ တစ်ကနေ ငါးအထိ ရေတွက်ရင်း အသက်ကို ရှူသွင်းပါ။ အဲဒီနောက် ငါးအထိ ရေတွက်ရင်း အသက်အောင့်ထားပါ။ ပြီးတော့ ငါးအထိ ရေတွက်ရင်း အသက်ကို ရှူထုတ်လိုက်ပါ။ ဒါကို ငါးကြိမ်တိုင်တိုင်လုပ်ပါ။

အဲဒီအချက်တွေက တစ်ခု နှစ်ခုလောက်ကို ရွေးလိုက်ပါ။ အခုချက်ချင်းပဲ စလုပ်ပါ။ အဲဒီနည်းလမ်းတွေထဲက တစ်ချို့ကို စမ်းလုပ်ကြည့်ပါ။ သင် ဘယ်လို ခံစားရသလဲဆိုတာ ကြည့်ပါ။ သင် နှစ်သက်သလား? ဒါဆိုရင်တော့ သင့်ရဲ့ နေ့စဉ် အချိန်ဇယားမှာ အဲဒီအရာတွေကို ထည့်ထားလိုက်ပါ။

သင့်ရဲ့ ခွန်အားကို တိုးမြှင့်တာဟာ သင့်ရဲ့ အလုပ်များလှတဲ့တစ်နေ့တာမှာ သင့်ကို အများကြီး စွမ်းဆောင်နိုင်စေပါလိမ့်မယ်။ ဒါ့အပြင် သင်ဟာ သင့်ရဲ့ဘ၀ကို အမှန်တကယ်

 ကျေနပ်ပျော်ရွှင်နိုင်ပါလိမ့်မယ်။

 သော်တာမောင်

Read More

" အရောင်တွေနဲ့ ဘဝလမ်း "

7:55 PM |



 


ရှည်လျားလှတဲ့ လူ့ဘဝခရီးလမ်းကို လမ်းသုံးလမ်းနဲ့ ဆက်သွယ်တိုးချဲ့ထားတယ်။ အဲဒီလမ်းတွေက သူငယ်ချင်းလမ်း၊ အချစ်လမ်း၊ မိသားစုလမ်းဆိုတဲ့ လမ်းတွေဖြစ်တယ်။ လမ်းတိုင်းမှာ ရောင်စုံအမှတ်အသားတွေ ကိုယ်စီရှိကြတယ်။ စည်းမျဉ်းတွေ ကိုယ်စီရှိကြတယ်။ ရောင်စုံအမှတ်အသားတွေရဲ့ အဓိပ္ပာယ်နဲ့ ရင်းနှီးကျွမ်းဝင်ပြီး စည်းမျဉ်းတွေရဲ့ အရေးပါတဲ့အချက်တွေကို လက်ကိုင်ထားနိုင်ရင် ခရီးလမ်းမှာ အန္တရာယ်မရှိ၊ အခက်အခဲမရှိ အဆုံးထိ လျှောက်လှမ်းနိုင်မှာဖြစ်တယ်။

အဝါရောင် သူငယ်ချင်းလမ်း

သူငယ်ချင်းလမ်းမှာ လျှောက်လှမ်းနေသူတွေကို အဝါရောင်က နွေးထွေးစေတယ်။ ငြိမ်သက်အေးချမ်းစေတယ်။ များသောအားဖြင့် ပါးလျလျစောင့်မျှော်ခြင်းတစ်မျိုးကို ဖြစ်စေတယ်။ လမ်းခရီးမှာ ရှေ့ကကား၊ နောက်ကကား၊ ဘယ်ဖက်ညာဖက်က ကားတွေ သင့်ကိုပွတ်တိုက်သွားတာပဲ ဖြစ်ဖြစ်၊ ကျော်တက်ပြီး နောက်ပြန်လှည့်ကြည့်တာပဲဖြစ်ဖြစ် သင့်ရင်ကို ခုန်လှုပ်စေတယ်။ ဒါပေမယ့် အဲဒီကားတွေကို သင်ဂမူးရှုးထိုး လက်ပြလို့မရဘူး၊ မချည်းကပ်ရဘူး။ စေတနာ မပိုရဘူး။ နို့မဟုတ်ရင် သင့်ဟာ ရာဂထန်သူလို့ သတ်မှတ်ခံရလိမ့်မယ်။

သင့်စိတ်ကို ပိုလှုပ်ရှားစေတဲ့ကား ဒါမှမဟုတ် သင်နဲ့လမ်းဆုံးထိ အတူရှိနေမယ့်ကား ဒါမှမဟုတ် သင့်ကိုရှေ့ကနေ တိတ်တဆိတ် ဦးဆောင်လမ်းပြနေတဲ့ကား ဒါမှမဟုတ် သင့်နောက်ကနေပြီး တိတ်တဆိတ် ငြိမ်ငြိမ်သက်သက် အားပေးဖေးမနေတဲ့ကားကိုပဲ သင်ဖြေးဖြေးချင်း ချဉ်းကပ်ရမှာဖြစ်တယ်။ ဒီအဝါရောင် သူငယ်ချင်းမိတ်ဆွေလမ်းပေါ်က အဝါရောင်ကားလေးဟာ တခြားကားနဲ့ တဖြေးဖြေး ရင်းနှီးကျွမ်းဝင်မှုတွေရပြီး အနီရောင်ချစ်သူလမ်းဆီ ကူးရင်လည်း ကူးသွားနိုင်ပါတယ်။

အနီရောင် ချစ်သူလမ်း

မီးလျှံလို အနီရောင်ကား၊ မီးရောင်လို လမ်းမ၊ မီးတောင်လို ပေါက်ကွဲပန်းထွက်မယ့် အချစ်လမ်းမှာ ကားတွေဟာ တစ်စီးပြီးတစ်စီး သင့်ဘေးကနေ လေအလျင်လို တဟူးဟူးဖြတ်သွားကြလိမ့်မယ်။ အဲဒီကားတွေရဲ့ ခံစားချက်တွေဟာ ချော်ရည်လိုပူပြင်းမယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။

အနီရောင်ဟာ သတိပေးတဲ့ အမှတ်အသားဖြစ်သလို သင့်ကို ကယောက်ချောက်ချားဖြစ်စေတဲ့ အမှတ်အသားလည်းဖြစ်တယ်။ ဒီလမ်းပေါ်မှာ သင်ရူးရူးမူးမူး မောင်းနှင်လို့ရတယ်။ နက်နက်နဲနဲ ချစ်ကြိုက်လို့ရတယ်။ ဒါပေမယ့် တစိုက်မတ်မတ်ပဲ မောင်းနှင်ရမယ်။ "ဟိုတစ်ခုက ကောင်းသလိုလို၊ ဒီတောင်ကပဲ ပိုမြင့်သလိုလို"နဲ့ ဟိုယောင်ဒီယောင် မဖြစ်ရဘူး။ တည်တည်သန့်သန့် တစ်ခုဆိုတစ်ခု ပြင်းအားကောင်းကောင်းနဲ့ မောင်းနှင်ရပါမယ်။ တခြားအနီရောင်ကားတွေကို အနီရောင်မီးပွိုင့်အဖြစ် မှတ်ယူပြီး ဝေးဝေးရှောင်ရမယ်။ ဒါမှမဟုတ် ရပ်စောင့်ရပါမယ်။ အနီရောင်မီးပွိုင့်ကို အတင်းကျော်ဖြတ်တဲ့ကားတချို့က သူတစ်ပါးကို ထိခိုက်နာကျင်အောင်၊ သူတစ်ပါးရဲ့အချစ်ကိုပျက်စီးအောင်လုပ်သလို ကိုယ့်အချစ်၊ ကိုယ့်ပျော်ရွှင်ခြင်းကိုလည်း ထိခိုက်ပျက်စီးစေပါတယ်။

လူ့ဘဝလမ်းတစ်လျှောက်မှာ ဒီလမ်းလေးက လူကို စိတ်အလှုပ်ရှားဆုံး၊ ရင်ကိုအနူးညံ့ဆုံး၊ မျက်ရည်တွေ အဝဲသီဆုံးလမ်းဖြစ်သလို ထိခိုက်၊ နာကျင်မှုလည်း အများစေဆုံးလမ်းဖြစ်တယ်။ အနီရောင် အချစ်လမ်းလေးအတိုင်း ဆက်လက်မောင်းနှင်ပြီး၊ ကွေ့ကောက်တဲ့ လမ်းတံတားတွေကိုဖြတ်ပြီး၊ ထာဝရ တောအုပ်လေးကိုဖြတ်ပြီး၊ ညုတုမြူတု တောင်ကမူလေးကို ဖြတ်ပြီးတဲ့နောက် ရှေ့မှာမြင်ရမယ့်အရာက အစိမ်းရောင် မိသားစုလမ်းလေးပဲဖြစ်ပါတယ်။

အစိမ်းရောင် မိသားစုလမ်း

သဘာဝ အစိမ်းရောင်၊ လွတ်လပ်ပေါ့ပါးတဲ့ အစိမ်းရောင်၊ မျှဝေတဲ့ အစိမ်းရောင်... သူငယ်ချင်းလမ်းမှာ ရှိခဲ့ဖူးတဲ့ အထီးကျန်ခြင်းမျိုးတွေ၊ စောင့်မျှော်ခြင်းမျိုးတွေ၊ အချစ်လမ်းမှာရှိခဲ့ဖူးတဲ့ စိတ်လှုပ်ရှားခြင်းမျိုးတွေ၊ ခံစားချက်တွေဟာ အချိန်ကြာလာတာနဲ့အမျှ အစိမ်းရောင်အဖြစ် တည်ငြိမ်အနယ်ထိုင်လာခဲ့တယ်။ ခိုင်မြဲတဲ့လက်၊ ဖေးမအားပေးမှုတွေနဲ့ မိသားစုဆိုတဲ့အစိမ်းရောင်ဟာ သင့်နှလုံးသားကို ချစ်ခင်ခြင်း၊ ကြင်နာခြင်း၊ တစ်ဦးကိုတစ်ဦးနားလည်ခြင်းစတဲ့ ဆေးတွေဆိုးပေးနေခဲ့တယ်။ အစိမ်းရောင်ပြည့်နေတဲ့ ကားလေးကို ဖြေးညင်းသာသာမောင်းနှင်ခဲ့ရင် ဖြတ်မောင်းခဲ့တဲ့ လမ်းခရီးတွေမှာ ကျန်ရစ်ခဲ့မှာက ပျော်ရွှင်ခြင်း၊ လှပခြင်းဆိုတဲ့ ကားဘီးရာတွေပဲဖြစ်တယ်။

လွယ်ကူတဲ့ ဒီစည်းမျဉ်းတွေကို သတိလေးနဲ့ သင်လိုက်နာမောင်းနှင်ခဲ့ရင် ခရီးလမ်းဆုံးတဲ့အခါ သင်သိသွားမှာက အချစ်ဆိုတာ သူငယ်ချင်းလမ်းနဲ့ မိသားစုလမ်းရဲ့ ကြားအကူးနေရာလေး ဖြစ်တယ်ဆိုတာကိုပဲဖြစ်တယ်။


နိုင်းနိုင်းစနေ
Read More

" တန်ဖိုးကို မိမိ ကိုယ်တိုင်ဆန်းစစ်ခြင်း "

7:52 PM |

 
 

ဆယ်ကျော်သက်အရွယ် ကောင်လေး တစ်ယောက်ဟာ စတိုးဆိုင်တစ်ဆိုင်ရဲ့ ငွေရှင်းကောင်တာနားက တယ်လီဖုန်းရုံကိုသွားပြီး ဖုန်းဆက်ဖို့ ဖုန်းနံပါတ်နှိပ်လိုက်တယ် ...။

စတိုးဆိုင်ပိုင်ရှင်က သတိထားမိပြီး ဘာပြောသလဲဆိုတာ နားထောင်နေသတဲ့ ...

ကောင်လေး : "အန်တီ .. အန်တီ့အိမ်ရှေ့ကမြက်ခင်းကိုရိတ်ပေးဖို့ လူများလိုအပ်သလား သိချင်လို့ပါ"

အမျိုးသမီးကြီး : (တစ်ဘက်မှပြော) "အန်တီ့မှာ မြက်ခင်းရိပ်ပေးနေကျသူရှိပါတယ်ကွယ်"

ကောင်လေး : "ကျွန်တော် အန်တီ့ဆီမှာ လုပ်နေကျသူကို ပေးရတဲ့ အခကြေးငွေရဲ့ တစ်ဝက်ပဲယူပါ့မယ်ခင်ဗျာ .."

အမျိုးသမီးကြီး : "အန်တီ့ဆီမှာ အမြဲလုပ်ပေးနေကျသူရဲ့ လုပ်ကိုင်ပုံကို အန်တီအရမ်းစိတ်တိုင်းကျလို့ပါ သားရယ်"

ကောင်လေး : (ဇွဲမလျှော့သေးပဲ) "အန်တီရယ်၊ ကျွန်တော် အန်တီ့အိမ်မှာ မြက်ရိတ်ပေးမယ့်အပြင် အခကြေးငွေမယူပဲ လှည်းကျင်းပေးမယ် ဆိုရင်ရော ခင်ဗျာ"

အမျိုးသမီးကြီး : " ကျေးဇူးတင်ပါတယ်ကွယ် ... အန်တီတကယ်မလိုအပ်လို့ပါ"

ကောင်လေးဟာအပြုံးနဲ့ ဖုန်းပြန်ချလိုက်တယ် ..။ အကုန်လုံးကို နားထောင်နေတဲ့ စတိုးဆိုင်ပိုင်ရှင်ဟာ ကောင်လေးနားကို လျှောက်သွားသတဲ့ ..။

စတိုးဆိုင်ပိုင်ရှင် : "သားကိုလက်ခံတယ်တဲ့လား"

ကောင်လေး : "မလိုသေးဘူးပြောပါတယ် ဦးလေး"

စတိုးဆိုင်ပိုင်ရှင် : "အင်း ... သားရဲ့ စိတ်ဓာတ်လေးကိုတော့ ဦးလေးသဘောကျတယ် ..။ သားလိုချင်ရင် အဲလိုအလုပ်မျိုး တခြားဆီမှာရအောင် ဦးလေး ကူညီပေးပါ့မယ်"

ကောင်လေး : "ကျေးဇူးတင်ပါတယ် ဦးလေး .. ဒါပေမယ့် မလိုပါဘူးခင်ဗျာ"

စတိုးဆိုင်ပိုင်ရှင် : "ဟေ ... မင်း အခုပဲ အလုပ်လိုချင်နေတာ မဟုတ်ဘူးလား"

ကောင်လေး : "မဟုတ်ပါဘူး ခင်ဗျာ ..။ ကျွန်တော်ရပြီးသားအလုပ်တစ်ခုမှာ ကျွန်တော့ရဲ့ လုပ်ဆောင်ခဲ့နိုင်မှုကို ပြန်ပြီး စစ်ဆေးနေတာပါ ..။ အခု ကျွန်တော်ဖုန်းဆက်ခဲ့တဲ့ အန်တီ့အိမ်မှာ ကျွန်တော် အလုပ်လုပ်နေတာပါ ..."

Credit To Original Writer

(ဒါဟာ မိမိရဲ့တန်ဖိုးကို မိမိကိုယ်တိုင် ဆန်းစစ်ခြင်းလို့ ခေါ်ပါတယ်)
Read More

" အတ္တကန့် လန့် ကာကိုဖွင့်ကြည့်ပါ "

7:46 PM |


 

မိုးတွေအုံ့ဆိုင်းနေတဲ့မနက်ခင်းတစ်ခုပေမယ့် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားရှေ့က ကမ္ဘာအေးဘုရားလမ်းမှာတော့ ထုံးစံအတိုင်းပဲ သွားလာလှုပ်ရှားသူတွေနဲ့ စည်ကားလို့နေပါတယ်။ ဘုရားပရ၀ုဏ်ရဲ့ ၀င်ပေါက်နားဘေးဘက်ကျကျနေရာလေးမှာတော့ ယောဂီရောင်ထမိန်နဲ့ ရင်ဖုံးအင်္ကျီအဖြူရောင်ဝတ်ဆင်ထားတဲ့အမယ်အိုကြီးတစ်ယောက် ပုဆစ်တုပ်လေးထိုင်နေတယ်။ ဖွေးဖွေးဖြူနေတဲ့ဆံပင်တွေနဲ့ အရေးအကြောင်းတွေများလွန်းတဲ့အရေပြားတွေကတော့ အမယ်အိုရဲ့အသက်ဟာ ခုနှစ်ဆယ်အောက်ရှိမနေနိုင်ဘူးဆိုတာကို ပြဆိုနေပါတယ်။

အခါခါလျှော်ဖွပ်ထားလို့ ဖျော့တော့ပြီး ရိနေပုံပေါက်တဲ့အဖြူရောင်ရင်ဖုံးအင်္ကျီနဲ့ အဖာအတေးတွေနဲ့ ပြည့်နေတဲ့ယောဂီထမိန်ကိုဝတ်ဆင်ထားတဲ့အဖွားရဲ့ အလုပ်အကိုင်ဟာ သူ့ရှေ့ကချထားတဲ့ အကြွေအနည်းငယ်ရှိနေတဲ့ ခွက်ကလေးတစ်ခွက်ကြောင့် သိသာနေရတယ်။

အမယ်အိုရဲ့ရှေ့ကသွားလာလှုပ်ရှားနေတဲ့သူတွေကို မှုန်ရီတဲ့မျက်လုံးတွေနဲ့ တိတ်တိတ်ဆိတ်ဆိတ်ပဲကြည့်နေပေမယ့် သူ့ရဲ့ရှေ့ကခွက်ကလေးထဲကို ငွေကြေးစလေးတွေထည့်ပေးသွားတဲ့သူတွေကိုတော့ ဆုတွေအများကြီးတောင်းပေးနေလေရဲ့။

ကမ္ဘာအရပ်အရပ်မှာ သက်ကြီးရွယ်အိုတွေများပြားလာမှုနဲ့ ကြုံတွေ့လာရတဲ့နည်းတူ မြန်မာနိုင်ငံမှာလည်း လက်ရှိအချိန်ထိ အသက် ခြောက်ဆယ်ကျော်သက်ကြီးရွယ်အိုအရေအတွက်ဟာ နိုင်ငံ့လူဦးရေစုစုပေါင်းရဲ့ဆယ်ရာခိုင်နှုန်း ခြောက်သန်းကျော်ထိရှိလာနေပြီဖြစ်ပါတယ်။ ဒီကမ္ဘာအရပ်ရပ်ကသက်ကြီးရွယ်အိုတွေ အများဆုံးတွေ့ကြုံရတတ်တဲ့ပြဿနာတစ်ရပ်ကတော့ မလုပ်နိုင်မကိုင်နိုင်ဖြစ်လာတဲ့အရွယ်မှာ စောင့်ရှောက်မှုမခံရဘဲ စွန့်ပစ်ခံရခြင်းပဲဖြစ်ပါတယ်။

ဒီပြဿနာဟာ ချမ်းသာတဲ့နိုင်ငံတွေမှာတောင် တွေ့ကြုံရတတ်တဲ့ပြဿနာတစ်ရပ်ဖြစ်ပြီး ဖွံ့ဖြိုးမှုနည်းပါးပြီး နိုင်ငံသားအများစုဆင်းရဲမွဲတေနေတဲ့ မြန်မာနိုင်ငံလိုနိုင်ငံမျိုးမှာတော့ အကြီးမားဆုံးပြဿနာတစ်ရပ်ဖြစ်နေပါတယ်။ စားဝတ်နေရေးကြပ်တည်းမှုကြောင့် အိမ်မှာရှိတဲ့လူကုန်အပြင်ထွက်အလုပ်လုပ်နေရတဲ့အခြေအနေမှာ အလုပ်လုပ်နိုင်စွမ်းမရှိတော့တဲ့ သက်ကြီးရွယ်အိုတွေဟာ မိသားစုအတွက် ၀န်ထုပ်ဝန်ပိုးတစ်ခုအဖြစ်အမြင်ခံလာရတယ်။ 


ဒီအခါမှာ သက်ကြီးရွယ်အိုတွေအနေနဲ့ စွန့်ပစ်ခံရခြင်းမျိုးတွေကြုံတွေ့လာရတဲ့အပြင် အချို့သက်ကြီးရွယ်အိုတွေကတော့ စွန့်ပစ်ခံရတာမဟုတ်ဘဲ အိမ်ရှေ့ပူအိမ်နောက်မချမ်းသာသဘောမျိုးကြောင့် အပြင်ထွက်ပြီး လူစည်ကားရာနေရာတွေဖြစ်တဲ့ ဘုရားပုထိုးတွေ၊ ဈေးတွေ၊ လူသွားလမ်းအစရှိတဲ့နေရာတွေမှာ တောင်းရမ်းစားသောက်၍သော်လည်းကောင်း ဒါမှမဟုတ် အသေးအဖွဲပစ္စည်းလေးတွေရောင်းချပြီးသော်လည်းကောင်း စားဝတ်နေရေးကြပ်တည်းတဲ့မိသားစုအရေးအတွက် တတ်နိုင်တဲ့တစ်ဖက်တစ်လမ်းက ဖြေရှင်းလာကြရတယ်။

ဒါဟာမြန်မာနိုင်ငံက သက်ကြီးရွယ်အိုအတော်များများကြုံတွေ့ရတတ်တဲ့ ၀မ်းနည်းဖွယ်ပြဿနာတစ်ရပ်ပါ။ သက်ကြီးရွယ်အိုပေါင်းများစွာဟာ လူစည်ကားတဲ့နေရာတွေမှာ တောင်းရမ်းစားသောက်ရင်း ဒါမှမဟုတ် ပင်ပန်းကြီးစွာလုပ်ကိုင်စားသောက်ရင်း တရားဓမ္မနဲ့မွေ့လျော်နေရတော့မယ့် သူတို့ရဲ့တတိယအရွယ်ကို ပင်ပန်းဆင်းရဲကြီးစွာ ဖြတ်သန်းနေကြရတယ်။ ဒါပေမယ့် နိုင်ငံသားအများစုဆင်းရဲနေတဲ့ မြန်မာနိုင်ငံမှာတော့ ဒီလိုဘ၀မျိုးတွေအတွက် ကူကယ်ရာမဲ့နေဆဲပါပဲ။ သက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ပေးနေတဲ့ ဘိုးဘွားရိပ်သာလိုနေရာမျိုးတွေရှိနေပေမယ့်လည်း ၀န်နဲ့အားမမျှတဲ့အခါမှာတော့ သက်ကြီးရွယ်အိုအများအပြားအပြင်ရောက်နေကြရတယ်။ ဒါပေမယ့်လည်း အလုပ်လုပ်ကိုင်နိုင်လောက်အောင် ကျန်းမာသန်စွမ်းတဲ့အရွယ်မဟုတ်တော့တဲ့အတွက်ကြောင့် ရှက်ရွံ့သိမ်ငယ်စွာနဲ့ပဲ မျက်နှာအောက်ချရင်း တောင်းရမ်းစားသောက်တဲ့အလုပ်ကို လုပ်ကိုင်နေကြရတယ်။

ဒီလိုကံမကောင်းရှာတဲ့သက်ကြီးရွယ်အိုတွေ ကိုယ့်အနီးနားပတ်ဝန်းကျင်မှာ နေ့စဉ်နဲ့အမျှ ကြုံတွေ့နေကြရမှာပါ။ ဒါပေမယ့် သူတို့ရဲ့ဘ၀အခြေအနေနဲ့ပတ်သက်လို့တော့ အချိန်ပေးတွေးတောမိတဲ့သူ အတော်နည်းပါမယ်။ အချိန်ပေးတွေးတောမိရာကနေ အကူအညီပေးလာဖို့ဆိုတာက ပိုလို့တောင် နည်းပါးပါသေးတယ်။ အမှန်တော့ ကျွန်တော်တို့တွေဟာ ကိုယ်လိုချင်တာလေးတစ်ခုအတွက်နဲ့ ပိုက်ဆံတွေအများကြီးအကုန်ခံခဲ့ဖူးပါတယ်။ ကားအကောင်းစားကြီးတွေမှစီးချင်လို့၊ မျက်နှာအလှပြင်ချင်လို့၊ ရွှေတွေငွေတွေစိန်တွေ ညွတ်နေအောင်ဝတ်ချင်လို့၊ ကြွားချင်ဝါချင်လို့၊ သူများထက်သာချင်လို့စတဲ့ အတ္တဆန်လွန်းတဲ့အကြောင်းပြချက်တွေနဲ့ ပိုက်ဆံတွေမနည်းမနောကုန်ခဲ့ပြီ။ 


ဒါပေမယ့်လည်း ကိုယ်အသုံးပြုလိုက်တဲ့ပိုက်ဆံရဲ့ ဆယ်ပုံတစ်ပုံတောင်မတတ်နိုင်ရှာလို့ သေဆုံးခဲ့ရသူတွေ၊ ကိုယ်စားခဲ့တဲ့အစားအသောက်ရဲ့ ထက်ဝက်လောက်ကိုမှမစားနိုင်လို့ ပင်ပန်းဆင်းရဲကြီးစွာ ဆာလောင်စွာအိပ်စက်နေရသူတွေကိုတော့ မေ့ထားတတ်ကြတယ်။ ကျွန်တော်တို့တွေပာာ ကိုယ့်ထက်မြင့်တဲ့သူတွေကိုသာကြည့်ရင်း သူတို့လိုနေချင်၊ သူတို့လိုစားချင်နဲ့ အားကျနေခဲ့ကြပြီး ကျွန်တော်တို့ထက်နိမ့်ပါးတဲ့ အခြေအနေတွေမှာ လူတွေဘယ်လိုရှင်သန်နေထိုင်နေလဲဆိုတာကိုမေ့ထားခဲ့မိကြတယ်။ 

ကိုယ်လိုချင်တာဆိုရင် သောင်းသိန်းချီနေပါစေ ဈေးမဆစ်တတ်ခဲ့ပေမယ့် ခိုကိုးရာမဲ့နေတဲ့ကံမကောင်းရှာသူတွေအတွက်တော့ ပိုက်ဆံအိတ်ရဲ့အောက်ဆုံးထဲက အကြွေလေးတွေကို မွှေနှောက်ရှာဖွေနေခဲ့တဲ့အထိ ကျွန်တော်တို့ရဲ့အမြင်တွေ အတ္တနဲ့ မှုန်ဝါးနေခဲ့ကြတယ်။ ဒါတွေကို လုံးဝပျောက်ကင်းသွားအောင် လုပ်ဆောင်ဖို့အတွက်ထိ ကျွန်တော်လောဘတကြီး မမျှော်လင့်ပါဘူး။ ဒါပေမယ့် ကိုယ်တတ်နိုင်တဲ့ပမာဏနဲ့ ကိုယ့်ပတ်ဝန်းကျင်တစ်ဝိုက်က ခိုကိုးရာမဲ့ရှာသူတွေရဲ့ဘ၀ကို မြင်တတ်လာပြီး သူတို့ရဲ့ဘ၀တွေအနည်းငယ်ဖြစ်ဖြစ်အဆင်ပြေလာဖို့ ကြည့်တတ်လာမယ်လို့တော့ မရဲတရဲမျှော်လင့်မိပါတယ်။ မာနနဲ့ အတ္တရဲ့ကန့်လန့်ကာကို ဖွင့်ကြည့်လိုက်မယ်ဆိုရင် အပြင်လောကမှာ လှုပ်ရှားရုန်းကန်နေရသူတွေရဲ့ တကယ့်ဘ၀ကို မြင်တွေ့လာနိုင်ပါလိမ့်မယ်။

သိပ်မကြာခင်မိုးတွေရွာချလိုက်တော့ ထီးတစ်ချောင်းကို ဖွင့်ဆောင်းလိုက်ပေမယ့် ထီးရွက်တွေကျိုးပဲ့နေတဲ့ခနော်နီခနော်နဲ့ထီးလေးက အမယ်အိုကို မိုးရေမစိုအောင် ကာကွယ်မပေးနိုင်ခဲ့ဘူး။ မိုးရေတွေစိုရွှဲသွားပေမယ့်လည်း အမယ်အိုအိမ်မပြန်နိုင်ရှာဘူးလေ။ ကိုယ့်ဝမ်းကိုယ်ရှာကျောင်းနေရတဲ့ဘ၀မှာ ဒီအချိန်အိမ်ပြန်သွားရင်လည်း ရေသောက်ပြီးအိပ်နေရတော့မှာဆိုတော့ မိုးရေတွေရွှဲရွှဲစိုပြီး ခိုက်ခိုက်တုန်လာနေပေမယ့်လည်း ၀မ်းစာရေးအတွက် ဒီနေရာလေးမှာပဲ ပုဆစ်တုပ်ထိုင်ရင်း ဆက်တောင်းနေရဦးမှာပါ။

Thurein Hlaing Win

Classic Burma News
Read More

Related Posts Plugin for WordPress, Blogger...